Sunday, September 18, 2016

ရေနံချောင်းမြို့ အထက(၁)ကျောင်း၌ ကျောင်းသားချင်းဓားထိုးမှုဖြစ်ပွား

ရေနံချောင်းမြို့၊ အထက(၁)ကျောင်း၌
စက်တင်ဘာ ၁၇ ရက်ကကျောင်းသားချင်း

ဓါးထိုးမှုဖြစ်ပွားခဲ့မှု နှင့်ပက်သက်၍ ကျောင်းသားမိဘမှတိုင်ကြားအမှုဖွင့်ထားကြောင်း ရေနံချောင်းမြို့မရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာဦးကျော်မြင့်ဦး၊အသက်(၄၇)နှစ်၊သစ်တပွေရပ်ကွက်၊ရေနံချောင်းမြို့နေသူသည်စက်တင်ဘာ ၁၇ ရက် နံနက်  ၉ နာရီခွဲအချိန် နေအိမ်၌ရှိနေစဉ် ရေနံချောင်းမြို့၊
အထက(၁)ကျောင်း၊ဒဿမတန်း၊အခန်(၄)တွင်ပညာသင်ကြားနေသောသားဖြစ်သူမောင်အာကာဖြိုး၊အသက် ၁၆ နှစ်မှာ ကျောင်းသားချင်းရန်ဖြစ်ရာမှ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မောင်အာကာဖြိုးတွင်နဖူးဝဲဘက် တစ် လက်မခန့်ပြတ်ရှဒဏ်ရာ တစ် ချက်၊ ဝဲပါး သုံး လက်မခန့်ပြတ်ရှ
ဒဏ်ရာ တစ် ချက်(မစိုးရိမ်ရ)တို့ ရရှိထားသည်ကိုတွေ့ရှိရသဖြင့် မေးမြန်းခဲ့ရာမောင်အာကာဖြိုးမှာ ကျောင်းဝန်းအတွင်းရှိ အိမ်သာသို့သွားရာမှ အပြန်ဒဿမတန်း၊ အခန်း(၁) တွင်တက်ရောက်နေသော မောင်ကျော်ထက်အောင်၊ အသက်(၁၆)နှစ်၊ စံပြဘော်ဒါဆောင်၊သစ်တပွေရွှေဘုံသာရပ်၊ရေနံချောင်းမြို့နေသူ နှင့်တွေ့ဆုံစဉ် ၎င်းမှယခင်က စကားများရန်ဖြစ်ခဲ့ဘူးသူဟု ထင်မှတ်ကာ ရန်စပြီး အသင့်ပါလာသော
အရိုးအသွား(၆)လက်မခန့်ရှိ ခလုတ်နှိပ် မောင်းချဓါးဖြင့် ခုတ်၍ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်းတရားလို၏တိုင်ကြားချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ မောင်ကျော်ထက်အောင်အားအရေးယူပေးရန် ဦးကျော်မြင့်ဦးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့်
ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၄၀၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄
ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

No comments: