မဘသ နဲ့ ပတ်သက်လို့  ...
မနေ့ က သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ...
မဘသဟာ အာဏာရှင် စနစ်ကို သွားလိုတဲ့ သူတစ်စုရဲ့  ...
လက်ကိုင်ဒုတ် မဟုတ်ရင် ...
အခြေခံဥပဒေနဲ့  အညီ ...
ရပ်တည်လို့ ရတယ် လို့ ထုတ်ပြောပါတယ် ...
ဆရာတော် ဦးဝီရသူဘက်ကလဲ ...
အမျိုးသမီး အာဏာရှင် အစိုးရ ဘာညာပေါ့လေ ...
ဒါမျိုး ကြေငြာချက်တစ်ခု ထုတ်တယ်လို့  ဆိုတယ် ...
ဘယ်လိုပဲ ဖြစ်ဖြစ် ...
အခြေအနေတွေကတော့ ....
ပြန်ပြီးတည်ငြိမ်စ ပြုလာတဲ့  သဘောရှိတယ် ...
နှစ်ဘက်လုံးက ...
ကိုယ်ရှိန်ပြန်သပ်သွားတာပေါ့လေ ...
တိုင်းပြည်အတွက် ...
အများကြီးကောင်းသွားတာပေါ့ ...
ဒီဖြစ်စဉ်မှာ ...
မဘသ အဖွဲ့ အပေါ် စွပ်စွဲချက်တွေ ...
အများကြီးပေါ်ထွက်လာသလို ...
အစိုးရ အပေါ်လဲ စွပ်စွဲချက်တွေ ...
အများကြီးပေါ်လာတယ် ...
မဘသ အပေါ် စွပ်စွဲချက်တွေက ချုပ်လိုက်ရင် ...
၁။ မဘသ နောက်မှာ ကြိုးကိုင်တဲ့  အဖွဲ့ ရှိတယ် ...
၂။ မဘသဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့  ဖွဲ့ ထားတယ် ...
၃။ မဘသဟာ ပြည်ခိုင်ဖြိုး ရဲ့  သြဇာခံ ..
၎။ မဘသဟာ ဘာသာရေး လူမျိုးရေး အစွန်းရောက်အဖွဲ့  ...
အမုန်းစကားတွေ အရမ်းပြောတယ် ....
ဒီ အချက်လေးချက် က အဓိကပါပဲ ...
အစိုးရ အပေါ် စွပ်စွဲချက်တွေက ချုပ်လိုက်ရင် ...
၁။ အစိုးရဟာ ဘာသာခြားတွေကို အားပေးတယ် ...
ဗုဒ္ဒဘာသာကို မျက်နှာသာ မပေး ...
၂။ အစိုးရဟာ အမျိုး ဘာသာကို အထောက်အပံ့  ဖြစ်စေတဲ့  ....
ဥပဒေတွေကို ဖျက်ဖို့ လုပ်နေတယ် ...
ဥပမာ - မျိုးစောင့် ဥပဒေလို ကိစ္စမျိုး ...
၃။ အစိုးရဟာ ပြည်ပဖိအား နဲ့  လူ့ အခွင့်အရေးစံတွေကြောင့် ....
အမျိုးဘာသာ သာသနာနဲ့  ဆိုင်တဲ့ ကိစ္စတွေမှာ ...
ရဲရဲတင်းတင်း မပြောရဲ မဆိုရဲ ဖြစ်နေတယ် ...
ဥပမာ ဘင်္ဂါလီဆိုတဲ့  အသုံးအနူန်း ကိစ္စ ...
၎။ အစိုးရဟာ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် ....
သူ့ အတွက် အတားအဆီးဖြစ်နေတဲ့  မဘသ အဖွဲ့ ကို ...
အရင် ရှင်းထုတ်ပြစ်ဖို့ လုပ်နေတယ် ....
ဒီလို စွပ်စွဲချက်တွေ တွေ့ ရတယ် ....
မဘသ အပေါ် စွပ်စွဲချက်တွေကို ...
ကျွန်တော့် အမြင်အရ ပြန်သုံးသပ်ရရင် ....
မဘသဟာ အရင်အစိုးရအဖွဲ့ ရဲ့  မျက်နှာသာပေးမှုကို ...
အထောက်အလျောက် ရခဲ့တာကတော့ မှန်တယ် ...
ဘာလို့ လဲဆိုတော့ ...
ဒီလောက်ကြီးမားတဲ့  အဖွဲ့ ကြီးတစ်ခုကို ...
နှစ်အနည်းငယ်အတွင်း ...
ချောချောချုချု ထူထောင်နိုင်တဲ့ ကိစ္စရယ် ...
အရင် အစိုးရက ...
မဘသ အပေါ် သိပ်မချုပ်ချယ်ခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ ...
အဲဒီတော့ ခြုံငုံသုံးသပ်ရရင် ...
အရင် အစိုးရ နဲ့ မဘသဟာ ပြသနာ သိပ်မရှိဘူး ...
ဒီ သဘောလောက် ပြောလို့ ရတယ် ...
လက်မည်းကြီးတို့ ... ကြိုးကိုင်တာတို့  ....
နိုင်ငံရေး ရည်ရွယ်ချက်တို့  ...
ဒါတွေကတော့ ထင်ကြေးတွေ ပေးကြတာပေါ့ ...
ဘယ်သူက ထင်ကြေးပေးလဲဆို ...
လက်ရှိ အစိုးရသစ်ကို ထောက်ခံသူ ...
မဘသကို မလိုလားသူတွေက ပေးတာပေါ့ ...
အထောက်အထား ရှိလားမေးရင် မရှိဘူး ...
အများအားဖြင့် ဖေ့စ်ဘုတ်ပေါ်မှာ အကောင့်အတုနဲ့  ...
သုံးသပ်ချက်တွေ ရေးပြနေတဲ့  စဆရက တစ်စုကို ...
ပြန်ကိုးကား ရည်ညွှန်းတယ် ...
အဲဒီ စဆရက တစ်စုကလဲ ...
အစိုးရသစ်တက်တာ သုံးလရှိနေပြီ ...
အခုအထိကို လူလုံးမပြရဲဘဲ ...
အမှောင်ထဲက သုံးသပ်ချက်ရေးနေရတဲ့ သူတွေ ....
နောင်လဲ ပြရဲမယ် မထင်ပေါင် :P
ဆိုလိုတာက ကိုယ့်ကိုယ်ကိုတောင် ...
ဘယ်သူဘယ်ဝါလို့ ထုတ်မပြောရဲဘဲ ...
သုံးသပ်ချက် ဆုံးဖြတ်ချက်တွေ ရေးနေတာ ...
ဘာတာဝန်ခံမှု ဘာတာဝန်ယူမှု ရှိလဲ ...
အဖြေက ရှင်းပါတယ် ...
ဘာမှ မရှိဘူး .... ဒီလောက်ပါပဲ ...
( အထောက်အထားရှိရင်လဲ ...
အစိုးရသစ်က ကစ်တာ ကြာလှပေါ့ :P )
ဒါဆို မဘသဟာ ...
ပြည်ခိုင်ဖြိုး သြဇာခံ ...
အရင်အစိုးရ သြဇာခံလားဆို ...
အဲဒီလိုတော့လဲ မဟုတ်နိုင်ဘူးရယ် ....
ဘာကြောင့် မဟုတ်နိုင်လဲဆို ...
အချက်သုံးချက် ထောက်ပြလိုတယ် ...
ပထမကိစ္စက ၀ှိုက်ကဒ်တွေ မဲပေးခွင့် မဖျက်မီ ...
လွှတ်တော် မှာ ဥပဒေကြောင်းအရ ညီညွတ်အောင် ....
အရင် ပြင်ဆင်နေတဲ့  အချိန် ...
အဲဒီအချိန်မှာ မဘသ အုပ်စုတွေက ...
အရင်အစိုးရကို အကြီးအကျယ် ထချဲခဲ့ ...
ဆန္ဒပြမယ် လုပ်ခဲ့ကြတာ ...
အဲဒီတုန်းက ကျွန်တော်က ....
ခဏလေး စောင့်ကြည့်ပါအုန်းဆိုတဲ့ သဘောရေးခဲ့လို့  ...
ကိုနေမျိုးဝေ နဲ့  မဘသ အဖွဲ့ တွေဟာ ...
ကျွန်တော့် ကို မိုးမွန်အောင်ဆဲ ခဲ့တာ ....
နောက်ပိုင်း အစိုးရက ပြင်လိုက်တော့မှ ...
အဲဒီကိစ္စ တစ်စခန်းရပ်သွားတယ် ....
အရင် အစိုးရ နဲ့ မဘသ ပုလင်းတူဗူးဆို့ ဆိုရင် ...
ဒီလို ဖြစ်စရာ အကြောင်း လုံးဝ မရှိ ...
ဒုတိယ ကိစ္စက ဒဂုံစီးတီး ကိစ္စ ...
မဘသက စီကနဲ ပွဲဆူလာတာ ...
ထိန်းလို့ ရသလား မရသလားဆိုတာ ...
အဲဒီတုန်းက ထုတ်ခဲ့တဲ့ ကြေငြာချက်တွေ ပြန်ရှာကြည့် ...
လမ်းပေါ်ထွက်မယ် ... လုံးဝ လက်မခံဘူး ....
နောက်ဆုံး ရန်ကုန် နယ်လုံ ၀န်ကြီးတို့ ကိုယ်တိုင် ...
လာလျှောက်ထားတာတောင် ...
ဘယ်နေ့ နောက်ဆုံးထား ရပ်မပေးရင် ...
ဘာဖြစ်မယ် ညာဖြစ်မယ် ဖြစ်ခဲ့ကြတာ ...
နောက်ဆုံး အဲဒီ ပရောဂျက် ရပ်ကြောင်း ကြေငြာလိုက်မှပဲ ...
ကိစ္စက ပြတ်သွားတော့တယ် ...
ဒါလဲ ခုနက ပြောသလို ...
အစိုးရ လက်ကိုင်ဒုတ်ဆို ...
ဒီလို အဖြစ်အပျက်တွေ ဘယ်ဖြစ်လာမလဲ ....
တတိယက ကိစ္စက လူသိနည်းတယ် ...
အရေးလဲ သိပ်မကြီးပါဘူး ...
သို့ သော် ကြုံကြိုက်လို့  ဖော်ပြတာ ...
မျိုးစောင့် ဥပဒေ အောင်ပွဲတုန်းက ...
မဘသက သုဝဏ္ဏကွင်း အပေါ်က ဒရုန်းနဲ့ ရိုက်တယ် ....
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက ...
အဲဒီ ဒရုန်းကြီး ထပြီး ဖမ်းသိမ်းထားခိုင်းရော ....
:D :D :D :D
ကျွန်တော်တို့ စုံစမ်းလို့ ရသလောက် ...
အားလုံး ၀ိုင်းသတင်းပို့ ကြတယ် ...
ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါပေါ့ ...
အမျိုးစောင့် ဥပဒေအောင်ပွဲလဲ ဖြစ်နေတယ် ...
ဆရာတော်တွေလဲ ပျော်နေကြတဲ့  အချိန် ဘာညာပေါ့ ...
ဦးမြင့်ဆွေက လုံးဝကို လက်မခံ ...
ရဲစခန်းကနေ ပြန်ကို ထုတ်မပေးခိုင်းတာ ...
မဘသတွေ ရဲစခန်းမှာ ဘယ်လို ပြောပြော လုံးဝ မရဘူး ...
ရဲကလဲ ၀န်ကြီးချုပ် ကိုယ်တိုင်က ....
ပြန်မပေးနဲ့ ဆိုတော့ လုံးဝ ကို ပြန်မပေးရဲ ....
နောက်ဆုံး ဘယ်လို ကိစ္စပြတ်လဲဆိုတော့ ...
သမ္မတအထိပါ ရောက်သွားတယ် ...
ဦးသိန်းစိန်က ...
ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ ဆိုမှ ...
အဲဒီ ဒရုန်း ပြန်ထွက်လာတယ် ....
ဒါက တတိယ ကိစ္စ ...
ဆိုလိုတာက မဘသ နဲ့  အရင်အစိုးရ ....
အရာအားလုံး အလွမ်းသင့် မနေဘူးဆိုတာ ...
သိသာ ပေါ်လွင်ပါတယ် ...
အဲဒီတော့ ဒီအချက်သုံးချက်ကို ထောက်ရူရင် ...
မဘသ ဟာ အရင်အစိုးရ နဲ့ အဆင်ပြေသော်ငြားလည်း ...
အရင်အစိုးရ ပြည်ခိုင်ဖြိုး ရဲ့  လက်ကိုင်ဒုတ် ...
မဟုတ်ကြောင်းတော့ ထင်ရှားတယ် ...
ဒါဆို မဘသဟာ ...
လူမျိုးရေး ဘာသာရေး အစွန်းရောက် အဖွဲ့ လား ...
ဒါကတော့ အနည်းငယ် ကျယ်ကျယ်ပြန့် ပြန့် ရှင်းရမယ် ...
မဘသ ဗဟိုဦးဆောင်မှာ ...
ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၇၃ပါး ပါတယ် ...
ဒီဆရာတော်ကြီးတွေက လူမျိုးရေးဘာသာရေး ...
အစွန်းရောက် အဖွဲ့ ဖွဲ့ မလား ...
နည်းနည်းတော့ ခေါင်းသုံး စဉ်းစားကြည့်ဖို့ လိုတယ် ... ....
ဒါဆို ဘာလို့ ဒီလို စွပ်စွဲခံရလဲ ....
ဒါကတော့ ဘက်မလိုက်ဘဲ ဆိုရရင် ...
အဖွဲ့ ထဲက တစ်ချို့ သော သူတွေ ...
တစ်ချို့ သော ဆရာတော်တွေဟာ ...
စိတ်ဓာတ် အရမ်းပြင်းထန်တယ် ...
အောက်ခြေက တစ်ချို့ သူတွေရဲ့ ....
အပြောအဆို အပြုအမူတွေဟာ ...
အနည်းငယ် အစွန်းရောက်နေတယ် ဆိုရမယ် ...
ဒါကို ဗဟိုဦးဆောင်အဖွဲ့ အနေနဲ့  ...
အသေအချာ ကြပ်မတ်ဖို့ လိုတယ် ...
မဟုတ်ရင် မဘသ မလိုလားသူတစ်စုက ...
ဒါကို လိုက်ထောက်ပြပြီး ...
တစ်ချိန်လုံး တိုက်ခိုက်နေမှာ အသေအချာပဲ ...
ဒါကို မဖြစ်မနေ ပြင်ကို ပြင်ရမယ် ...
ကောင်းမွန်တဲ့  ကိုယ့်လုပ်ရပ်တွေ ...
ဓမ္မစကူးလို ယဉ်ကျေးလိမ္မာ သင်တန်းလို ...
လူမှုကူညီ ကယ်ဆယ်ရေး လုပ်ငန်းလို ကိစ္စမျိုးတွေကို ...
မီးမောင်းထိုးပြဖို့ လိုတယ် ...
အခုဟာက ဟိုကွက်ကွက်လေးကိုသာ ဖိပြီး ...
တစ်ဘက်က မီးမောင်းထိုးပြတာ ခံနေရတယ် ...
ကိုယ့် ရဲ့  အမျိုးဘာသာ သာသနာ ....
ဖွံ့ ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်မှုတွေကို ...
အသေအချာ ပြန် မီးမောင်းထိုးပြဖို့ လိုတယ် ....
ခြုံပြီး သုံးသပ်ရင်တော့ ...
တစ်ချို့ ကိစ္စရပ်လေးတွေ ပြင်ပြီး...
မဘသဟာ .....
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေ ...
ဆက်လက် လုပ်ဆောင်သွားဖို့ လိုတယ် ...
-----------------------------
တစ်ခါ အစိုးရဘက်ကို ပြန်ကြည့်ရအောင် ...
အစိုးရသစ်ဟာ ....
ဘာသာခြားတွေ အားပေးတယ် ...
ဗုဒ္ဓဘာသာကို အားမပေးဘူး ဘာညာပေါ့လေ ...
ဒီလို စွပ်စွဲချက်တွေ ထွက်နေတယ် ...
ဘာလို့ ဒီလို ထွက်သလဲ စဉ်းစားကြည့်ရအောင် ...
ကျွန်တော်ကတော့ ...
အစိုးရသစ်က ဘာသာခြားကို အားပေးတာ မဟုတ် ...
သူက ဘယ်ဘာသာဖြစ်ဖြစ် ညီတူညီမျှ လုပ်တာ ...
ကျွန်တော် အရင်တစ်ခါ တင်ပြဖူးတဲ့  ...
လစ်ဗျဲ အယူကြောင့် ...
ဒီလိုတွေ ဖြစ်လာတာလို့ ပဲ ထင်မိတယ် ...
ဥပမာပေးရရင် ...
အစ္စရေးနိုင်ငံ ထူထောင်ခါနီးအချိန် ...
အာရပ် အစ္စရေး အခြေအနေ တင်းမာနေချိန် ...
အဲဒီဒေသကို ဗြိတိသျှတွေက ...
လက်နက်တင်သွင်းခွင့် ပိတ်လိုက်တယ် ...
ကုန်းလမ်း ရေလမ်း ...
နှစ်ဘက်လုံးကို ညီတူညီမျှ ပိတ်တာ ...
အဲဒီမှာ ပြသနာက ဘာလဲဆိုတော့ ...
အဲဒီ ညီတူမျှတူက ...
အာရပ်တွေကို မထိခိုက်ဘူး ...
ဘာလို့ တုန်းဆိုတော့ ...
သူက ဆီးရီးယား ၊ အီဂျစ် ၊ ဂျော်ဒန် ၊အီရတ် စတဲ့  ...
ဘေးချင်းကပ် နိုင်ငံတွေက ...
လက်နက်က လိုသလောက် ရနေတာကိုး ...
ဒီ ပိတ်ပင်မှုဟာ ...
လက်နက်ကို ပြင်ပမှာ လှည့်ပတ်ဝယ်ပြီး ...
ကုန်းတစ်တန် ရေတစ်တန် သွင်းယူနေရတဲ့  ...
အစ္စရေးကိုသာ အဓိက ထိခိုက်စေခဲ့တယ် ...
ဆိုလိုတာက ညီတူမျှတူဆိုတာ ...
တစ်ဖက်က ကျစ်လစ် စည်းလုံးတဲ့ အဖွဲ့ တွေ ...
ထိရောက်တဲ့ အစီအမံတွေနဲ့  ...
ပြည်ပ အကူအညီတွေ ...
အထောက်အပံ့ တွေနဲ့  လုပ်ဆောင်နိုင်ချိန် ...
ကိုယ်တွေက ဘတ်ဂျက်က မတောင့် ...
လူက မစည်းလုံး ...
မြင်သမျှ လိုက်ဆိတ်နေတဲ့  ငှက်တစ်ချို့ က တစ်မှောက် ...
ဒီလို အနေအထားမှာ ....
အရာအားလုံး နှစ်ဘက် ညီတူမျှတူဆိုရင် ...
ရလာဒ်ဟာ ...
တကယ်ရော ညီတူမျှတူ ဖြစ်လာပါ့မလား ...
အစိုးရသစ် အနေနဲ့  ...
ဒီအချက်လေးကို တစ်ချက် ပြန်သုံးသပ်စေချင်တယ် ...
အမျိုးစောင့် ဥပဒေလဲ ထိုနည်းလည်းကောင်းပါပဲ ...
လူ့ အခွင့်အရေး စံနူန်းတွေနဲ့  အရမ်းညီလား ...
မညီပါဘူး ...
ကိုယ့် လူမျိုး ဘာသာဘက် ...
အနည်းငယ် မျက်နှာသာပေးထားတယ် ...
ဘာဖြစ်လဲ ပေးတော့ ...
ကမ္ဘာပေါ်မှာ လူ့ အခွင့်အရေး စံနဲ့  ...
တစ်ရာ ရာခိုင်နူန်း ကိုက်တဲ့ တိုင်းပြည်ရှိရင် ပြောစမ်းပါ ...
အမျိုးစောင့် ဥပဒေလေးခုက ...
ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ...
မျက်နှာသာ ပိုပေးထားတာ ဘာဖြစ်လဲ ....
ကျန်တဲ့ လူမျိုးခြား ကျန်ဘာသာတွေကို ...
မဟုတ်တမ်းတရား ...
အတင်း အဓမ္မ ဖိနှိပ်မထားရင် ပြီးတာပဲ ....
အစိုးရသစ်က ဒီဥပဒေလေးခုကို ဖျက်ဖို့  ပြင်ဖို့ လုပ်ရင် ...
မဘသ နဲ့  ထိပ်တိုက်တွေ့ မယ် ...
ဒါကြောင့် မဘသကို ကြိုဖျက်ဖို့ လုပ်တာ ဆိုတဲ့  ...
စွပ်စွဲချက်တွေ ထွက်နေတာဟာ ...
ဒီလို တစ်ဘက်နဲ့ တစ်ဘက် ...
အမြင်မတူညီမှု တွေကြောင့် ဖြစ်တယ် ...
အခြေအနေကလဲ ဟုတ်သလို ဖြစ်နေတာကိုး ....
အစိုးရသစ်ဟာ ....
ပြည်ပ ဖိအား နဲ့  လူ့ အခွင့်အရေးစံတွေကြောင့် ...
ဘင်္ဂါလီ ကိစ္စ ကို ...
တင်းတင်းမာမာ မကိုင်တွယ်ရဲတာတော့ အမှန်ပဲ ...
အစိုးရသစ်ရဲ့  ဘင်္ဂါလီလို့ မခေါ်ဘဲ ....
ရခိုင်ပြည်မှ ---- ဘာသာဝင်ဆိုတဲ့  အသုံးအနူန်းကို ...
ရခိုင်ပြည်ကရော ...
တစ်ခြား လူတွေအတော်များများရော ...
မကြိုက်ကြတာလဲ အမှန်ပဲ ...
တကယ်တန်းပြောရရင် ...
လူထု မကြိုက်ရင် ...
ဘာဖြစ်ပါမယ် ညာဖြစ်ပါမယ် ပြောခဲ့တာ ...
တိုင်းသိ ပြည်သိ ပဲ မဟုတ်လား ...
ဒီ အသုံးအနူန်းကို လက်မခံကြောင်း ...
ပြည်သူတွေ ဒီလောက် ဆန္ဒပြနေကြတာ ...
အစိုးရသစ်က ဘာလို့ မျက်ကွယ် ပြုနေရတာလဲ ...
ဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ ...
ဒါ အရေးတကြီး မေးရမယ့် မေးခွန်းပဲ ...
ဒါအချက်လေးတွေ ပြင်လိုက်ရင် ...
အစိုးရသစ် နဲ့  မဘသ အဖွဲ့ ကြီး အကြား ...
အရမ်း ဆက်ဆံရေးကောင်းသွားမယ် ...
အစိုးရသစ်အပေါ် စွပ်စွဲနေတဲ့  စွပ်စွဲချက်တစ်ချို့ ကိုလဲ ...
အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားမယ် ...
လုပ်တာ မလုပ်တာကတော့ တစ်ကိစ္စပေါ့လေ ..
ကျွန်တော်ကတော့ ...
ကျွန်တော့် အမြင်ကို ပြောပြတာရယ် ...
ဦးဝီရသူက ရန်ဟီးလီကို ဆဲတာ ...
ကိုယ်တွေလဲ သဘောမကျ ...
မထောက်ခံပါဘူးလေ ...
သို့ သော် အခု မြင်သလောက် ပြောရရင် ...
အစိုးရသစ် အနေနဲ့ လဲ ...
ရန်ဟီးလီပြောသမျှ တစ်ခွန်းမှ ပြန်မပြောရဲ ...
ကန့် ကွက်ချက်လေးတောင် ...
မထုတ်ရဲ ငြိမ်ကုပ်နေတာလဲ အမှန်ပဲရယ် ...
မခန့် ချက်များ ဟိုက ဒဲ့ပဲ ပြောတာ ...
ရိုဟင်ဂျာလို့ ပဲ ဆက်ခေါ်မှာတဲ့  ...
အစိုးရ ဘာပြန်ပြောလဲ ဆိုတော့ ...
ရဲရဲတောက် မသိချင်ဟန်ဆောင်နေတယ် ...
:D :D :D :D
အမှန်ပြောရရင် ...
ဆဲလေ့မရှိတဲ့  ကိုယ်တွေတောင် ဆဲချင်မိသား ...
ဖမ်းခံရမှာ ကြောက်လို့ ရယ် ...
:P :P :P :P :P
No comments:
Post a Comment