မြစ်ကြီးများစိုးရိမ်ရေ မှတ်အထက်သို့ မြင့်တက်နေ သောကြောင့် မြို့ ၁၂
မြို့ကို ရေဘေးအန္တရာယ် အထူးသတိပြုရန် မိုးဇလဌာနက သတိပေးချက်
ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၆ ရက် တိုင်းတာ ချက်များအရ ဧရာဝတီမြစ်ရေ သည် ရွှေကူ၊ ညောင်ဦးနှင့် ဟင်္သာတမြို့တို့တွင် စိုးရိမ်ရေမှတ်အ ထက်သို့ ကျော်နေပြီး နောက်ထပ် နှစ်ရက်ခန့်အထိ စိုးရိမ်ရေမှတ်အ ထက်တွင် ဆက်လက် မြင့်တက် နေနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်နှင့်ဆက်စပ်နေ သော ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် စိုးရိမ်ရေမှတ်အ ထက်သို့ တစ်ပေခန့် ကျော်လွန်နေပြီး နောင်ငါးရက်အတွင်း ယင်း မြို့၏စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ကြောင်း သတိ ပေးသည်။
ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခန္တီးမြို့တွင် အမြင့်ဆုံး မြင့်တက်နေ ကာ စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခန့်အထိ ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း သုံးပေခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်ပင် ရှိနိုင် ကြောင်း သတင်းထုတ်ပြန်ထား ခြင်းကြောင့် ဒေသခံများစိုးရိမ် နေကြသည်။ လတ်တလောအခြေ အနေတွင် ခန္တီးမြို့သည် ကျန်ဒေ သများထက် ရေလွှမ်းမိုးမှုပိုမိုရင် ဆိုင်နေရပြီး အိမ်ခြေ ၇၀၀ ခန့်မှ လူဦးရေ ၃၅၀၀ ကျော် ရေဘေး သင့်နေကာ ကယ်ဆယ်ရေးစခန်း ၁၄ ခုဖွင့်ထားရကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ သတင်းရရှိ သည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့တို့တွင်လည်း ချင်း တွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေပြီး ရေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ လုပ်ဆောင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ဧရာဝတီမြစ်ရေသည် ကချင် ပြည်နယ်တွင် ကျဆင်းနေပြီး အောက်ပိုင်းဒေသများ၌ ရုတ်တ ရက်တိုးလာနေကြောင်း လတ်တ
လောရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်နေရသော ဗန်းမော်နှင့် ကသာဒေသ ခံများက ပြောသည်။
ကသာမြို့တွင် ဇူလိုင် ၂၆ ရက် နံနက်မှ ညနေပိုင်းအတွင်း ဧရာဝတီမြစ်ရေ နှစ်ပေခန့် မြင့်တက်လာကာ ဗန်းမော်မြို့တွင် လည်း ရုတ်တရက် ရေတိုးလာကြောင်းသတင်းရရှိသည်။ ရေနစ်
မြုပ်ရာ ရပ်ကွက်နှင့် ကျေးရွာများ သို့ ကယ်ဆယ်ရေးပစ္စည်း သွား ရောက်ပို့ဆောင်ခဲ့သော ဗန်းမော် ဒေသခံ ကိုမင်းချစ်သူက ရေဘေး
သင့်ဒေသများ၌ သောက်သုံးရေ အခက်အခဲများစွာ လိုအပ်နေ ကြောင်း ပြောသည်။

No comments:
Post a Comment