Friday, May 20, 2016

လူပျိုရည်ပျက်ချင်တဲ့ ကောင်လေးတစ်ယောက်ရှာတွေ့ခဲ့သော မင်္ဂလာဈေးနားက ညမွှေးပန်းလေးတစ်ပွင့်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော့်နာမည် အောင်သော် ပါ။

အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJ အောက်မှာ ... ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်..

ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်..

အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်... ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..

ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင် ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..

မီးမလင်းတလင်းမှာ ..မပီဝိုးတ၀ါး ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင် မျက်ရည်တွေများ ၀ိုင်းနေသလား မသိပါဘူး.. မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..၀ိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်....ခေါင်းဆိုတဲ့ လူ ရောက်လာပြီး ညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ ... ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ် ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ ... အလုပ်ပေါ်ပြီ ...နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .. ခေါင်းရဲ့ စကားအဆုံးမှာ ..

ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ ...၀ိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် .. ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ .. တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်..

ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ၀ိုင်း... နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေ....အဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ၀ိုင်းကို သိလို့လားတဲ့ .... ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ကျွန်တော်မှ မသိတာ ... သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ ..

ဟိုတယ်ရောက်တော့ ... ကျွန်တော့်ကို သူငယ်ချင်းတွေက ၀ိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်..... တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ .... လုပ်စရာရှိတာလုပ်...ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ၀ိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့..

အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် ..တစ်ညနေလုံး ရေမချိုးရသေးလို့ နံစော်နေပြီ ....ခွင့်ပြုပါနော်တဲ့ ... ရပါတယ် ....... ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေးတစ်ခုလိုအပ်နေသေးတယ် မဟုတ်လား.. ကျွန်တော် အမှန်အတိုင်း ၀န်ခံပါရစေ ... မကောင်းဘူးဆိုတာ သိပေမယ့် .. အရာရာကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်...

နားနဲ့မနာ ဖ၀ါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်းဆိုနေကြတာ ..တရုန်းရုန်းနဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ ... တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက ၀ရုန်းသုန်းကား ..ကျွန်တော် ထိုင်မရ ထမရနဲ့ .. ကျွန်တော့်စိတ်တွေကလဲ ဟိုးးးး အဝေးကြီးကနေ နီးလာသလို ...နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ် ကောင်မလေးထွက်လာပါပြီ ...

ဗြုန်းဆို ...ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ ... ရင်စည်းက ... ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး .... အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ၀တ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက .. အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ်

ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျသွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ ..သူလုပ်လိုက်တဲ့အရာက ...ပြတ်နေတဲ့ ကြိုးနှစ်ကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ.... တစ်ကယ်ကို ချိတ်လေးတစ်ခုပါ... စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ ...တွယ်ချိတ်နဲ့ တွယ်ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ ... တ၀ုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်..

ကျွန်တော် လှမ်းပြောလိုက်တယ်...၀ိုင်း ... မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ ... အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်.. ဘာဖြစ်လို့လဲ အကိုတဲ့ .. ဘာမှ မဖြစ်ပါဘူးကွယ်.... အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်.. အကို ညီမကို မကြည်ဖြူလို့လားဟင်...ညီမက တော်တော် စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်...

သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို သဘောပေါက်သွားတယ်ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ ... အကို အဆင်ပြေအောင်ပါ တဲ့

သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ဟင် ... ဘာကြီးလဲ ... ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို ...တစ်ကယ်ပါ ... ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ .... ကျွန်တော် ပြန်စမ်းကြည့်တယ်... ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ်.... ဓါးဒဏ်ရာကြီးပါလား ... ရှပ်ထိတာ ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး ... ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်.. ၀ိုင်း ... မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်...နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ်...... သူ့ကြည့်တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး ... ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်..

ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက ဓါ်းဒဏ်ရာဆိုတာက တော်တော်လေးကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ''ညီမ ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာတာတဲ့ ... ညီမ ယောကျာ်းရဲ့ မိန်းမကြီးက ညီမကို ဓါးနဲ့ လိုက်ခုတ်လို့ ထွက်ပြေးခဲ့ရတယ်...ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ'' တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်...

သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး ... ၁၄ နှစ်သမီးမှာ ယောကျာ်းရတယ် ရတဲ့ ယောကျာ်းက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲေ၇ာက်လာခဲ့တယ်.. သူမရဲ့ ဘ၀အစမှာတုန်းကတော့ ... ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ ..

ပြောရင်းနဲ့ ... သူမ လက်ဆွဲအိတ်လေးကို လှမ်းယူလိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီအစုတ်တွေကြားထဲကနေ ... တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတ၀ါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ .... အခန်းမီးကို ဖွင့်လိုက်တယ်.. အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်းထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ ..

အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ .....ဘေးနားမှာက လောကဓံကြောင့် ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် ... သေချာပါတယ်... အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေးနဲ့ အမေ ဆုလေးနဲ့ ဓါတ်ပုံတွဲရိုက် .... နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ ... ဒီကလေးမလေးက ၀ိုင်းမှ ဟုတ်ပါလေစ ..ဘေးက သူ့အမေပေါ့ .. ၀ိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ ... ရင်ထဲမှာ ဆို့နင့်သွားတယ်

ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ''အဲဒါ ၀ိုင်းမေမေလေ...၀ိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ၀ိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ .... အဲဒီနောက်ပိုင်းကတော့ ...ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်... အဖေကဆုံး ..အမေက နောက်ယောကျာ်းယူ ...ပထွေးက နှိပ်စက် ... သမီးပါကျောင်းထွက် ဈေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး .. ပထွေးက ခြေတော်တင်....နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့'' ပြီးတော့ ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ်

ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ၀ထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့ ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး ... ကျွန်တော် တွေးထင်ပလိုက်ချင်တယ်.. ဒါပေမယ့် ..မျက်စိရှေ့မှာ မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြုံးတွေနဲ့ ခနဲ့တဲ့တဲ့ ... မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ.. ကျွန်တော် ယုံတယ်လဲ မပြောပါဘူး ...မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး ... သူမကလဲ ဘာမှ ဆက်မပြောပါဘူး ...ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..တစ်ရှိုက်ရှိုက်နဲ့ ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က ဘာလို့များ.... ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ ....

ကျွန်တော်ကရော ... ဘာလို့ အဓိပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း.. အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား ... ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ ...ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်...တစ်ကယ့် ဘ၀ဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေးတစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရော

တစ်ကယ်တော့ အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံတစ်ခုက ကျကွဲသွားတယ် အဲဒီ ကျကွဲသွားတဲ့ အရာက ... ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ.. ဒေါက် ဒေါက် ဒေါက် ''ဟေ့ရောင် အောင်သော် ... မပြီးသေးဘူးလား ...မြန်မြန်ထွက်တော့ နောက်လူတွေစောင့်နေတယ်.'' ကျွန်တော် ... သူမကို ပြုံးပြလိုက်တယ်.... သူမကလဲ ပြန်ပြုံးပြတယ်

ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်.. နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်းထွက်လာတယ် တံခါးဝနားရောက်မှ ..ကျွန်တော် လှည့်ပြောမိတယ် ''အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် '' သူမ ပြုံးသွားတယ် ...ကျေးဇူးတင်ပါတယ် အကို တဲ့ .. ..........

ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်..

အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်

''ငါ ခံစားချက်အကြီးကြီးရခဲ့ပါတယ်'' လို့ ပြန်ဖြေလိုက်တယ်

ဟဟဟဟဟ ...သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက်

မှာ အခန်းတစ်ခုရှိတယ် မင်း သွားနားနေလိုက်..ငါ ၀င်လိုက်အုန်းမယ် ..တဲ့

ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ၀င်သွားပါတယ်


ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး

ရှင်းပြစရာလဲ လိုမှ မလိုတာ ... ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကို

ထမ်းပိုး.... သူမနဲ့အတူ ပျော်ပါးဖို့ ၀င်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့

ကျွန်တော် မွန်းကျပ်လာတယ်


တစ်ဖက်အခန်းက ... မပီဝိုးတ၀ါး ကြားနေရတဲ့ အသံတစ်ချို့မှာ ...

ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ ..

ကျွန်တော် ...........၂တန်းကျောင်းသူအရွယ်

ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်...

ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး...

သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်.....

နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..

ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို

ဝါးမြိုချင်တဲ့ လူတစ်ချို့ .... ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ်

ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်..

သူမ ဘ၀လေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် ...တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်... ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး

အားကိုးရာလဲ မရှိဘူး ..

နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ ... ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ

သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့

မျက်နှာသစ်တတ်သွားပြီ ...

ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..

သက်တံရောင် တိမ်တွေကြား .... ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့

သူ့မေမေလဲ မျက်ရည်တွေနဲ့ ...ဆုတံဆိပ်လေးကလဲ ကြေမွလို့ ....

နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ ... ပစ်ဆင်းသွားတယ် ...
ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး .......

အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း

သူမ နာမည်ကို အော်ဟစ်နေမိတယ်


''၀ိုင်းးးးးးးးး '' ..

.............

''ဟေ့ရောင် ...၀ိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ .. ဟိုကောင်မလေးတွေလဲ

ပြန်သွားကြပြီ''

ကျွန်တော် လန့်နိုးလာတယ်....အော် မိုးတောင်လင်းသွားပြီ

အော် ဒါနဲ့ ...၀ိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့ ...ရော့

............

ဘာလေးလဲ ... သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လိုက်တော့

တွယ်ချိတ်လေးတစ်ခု ..

သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ

သူမအတွက် မလိုအပ်တော့ဘူးလား .....

ဒီတွယ်ချိတ်လေးမရှိပဲ ..သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ..

ဘာကြောင့်လဲ ...

''အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား ...ကောင်မလေးရေ''

ဒါမှမဟုတ်

''တွယ်ချိတ်လေးကို ချွတ်ပြီး ... အရှက်တရားကို ရောင်းစားရတဲ့ ဘ၀ကို ကျောခိုင်းတော့မှာမို့လို့

ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ''

ဒုတိယ အဓိပါယ်နဲ့အတူ အကို့ကို ဒီတွယ်ချိတ်လေး ပေးခဲ့တာ ဖြစ်ပါစေလို့

အကို ဆုတောင်းပါတယ်....
....................................................

'' ဟေ့ရောင် ... ငါတို့ ရပ်ကွက်ထဲကို ၀ိုင်းရောက်နေတယ်ကွ''

ဟုတ်ပါတယ်...ရပ်ကွက်ထဲဆိုတာထက် ...ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ..

ဝိုင်းက ၀ိုင်းမဟုတ်တော့သလို ... ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး

ဝိုင်းမှာ ကာမပိုင် လင်ယောကျာ်း ရှိနေပြီ

သူမရဲ့ အမျိုးးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ

လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့

လက်သမား ဆရာလေးနဲ့အတူ ... ယောင်နောက် ဆံထုံးပါ

သူမရောက်လာခဲ့တာ ဖြစ်ပါတယ်..

တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ..

ဝိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်..

လောကဓံကြောင့် ဆိုရမလား ..ကျွန်တော့်ထက် ငယ်ပေမယ့် ..

ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး ..

အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး ..

ဒါပေမယ့် ...

သူမဘ၀လေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီ

သူမ အကြော်ဆိုင်လေး ဖွင့်တယ် ...

အကြော်ဆိုင်လေး နာမည်က ၀ိုင်း တဲ့ ..

ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် ... စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး

ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ်

ကျွန်တော် ကျေနပ်တယ် .. ၀ိုင်းကို ဒီလို ဘ၀နဲ့ မြင်ရတာ ..

တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့

ဝမ်းသာ မဆုံးပါဘူး ..

ဒါပေမယ့် ကံကြမာက ... အငြိုးကြီးတယ်..

သိပ်ပြီး ဇတ်လမ်းဆန်နေမလား ....

တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ်

မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ

တစ်နေ့ .. ၀ိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး

ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မ၇ှိဘူး

ဝိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်..

သိပ်မကြာပါဘူး .... ၀ိုင်းတစ်ယောက် ဆုံးပြီတဲ့ ..
............

''အောင်သော် ... ၀ိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ

..A လားမသိဘူး..

ငါတို့တော့ ဒုတ်ခပါပဲကွာ ''

ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြုံးလေးပဲ ပြုံးပြလိုက်တယ်..

ဝိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး

သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်...

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာ

ကျွန်တော် ကွမ်းယာဝယ်ပြီး စောင့်နေတုန်း..

နောက်ကနေ ...ကြားဖူးနေကျ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ်

''အကို ... ညီမ သွားရတော့မယ် .. ညီမ ဆေးစစ်တာ positive လို့ အဖြေထွက်တယ် အကို

ညီမ ဒီလောကကြီးက ထွက်မသွားခင်.. အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ

ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ...

ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ

အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘ၀ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်

ပြောင်းလဲနိုင်ခဲ့တယ်....

ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့်

လောကဓံကို ညီမအနိုင်ယူခဲ့တယ်..ညီမ ရိုးရိုးသားသားနဲ့ ဘ၀ကို ရင်ဆိုင်သွားပါတယ် အကို''

ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ်

ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ ...ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ မြင်ရတော့တယ်

........

ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ်

ဒီနေ့ နေ့လည်က ၀ိုင်း အသုဘကို သွားပို့ဖြစ်တယ်....

ဘာရယ် မဟုတ်ဘူး ..တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ၀ယ်..

ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး ...မြေမှာ မြုပ်ပေးခဲ့တယ်

သူမ လွတ်လပ်ပါစေ...ဖြစ်လေရာ ဘ၀တိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘ၀မျိုးနဲ့ဝေးကွာပါစေ ...

...

အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်..

ကြယ်ကလေးတွေနဲ့ လမင်းကြီး ကြားထဲမှာ ..

ဝိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်...ဆုလေးကိုင်လို့

သူ့မေမေကလဲ ပြုံးလို့ ... ပြီးတော့ ကျွန်တော့်ကို ရီပြပြီး .....

သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ်

သွားတော့ ၀ိုင်းရေ

နောက်ထပ် ဘ၀တွေ ဘ၀တွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့်ပါနောင် ဘ၀ဆက်တိုင်း ဖြစ်လေရာမှာ ဒီဘ၀လို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ်

ညီမလေးက ဘ၀ပေးအခြေအနေ ကံကြမာဆိုးကြောင့်ဘ၀ပျက်ခဲ့ပေမယ့် ...
စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာ

ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမပေးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ ....

''၀ိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ''

No comments: