မေ ၁၈ ရက် ၂၀၁၆
ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက် တလွှားရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများ အား မြန်မာ့တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် သီပေါမြို့ နယ်အတွင်း မှ ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်နေရ သည်ဟုသိရသည်။
၂၀၁၆ မေ ၁၈ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနောက် မြောက်ဘက်တလွှား၊ သီပေါမြို့ အရှေ့တောင် ဘက် နမ့်မ၊ နားနျု ကျေးရွာအုပ်စုဝင် ဝမ်လုံ၊ ပိန်းဆိုင်း၊ ပါတက်ပ်၊ ဟိုလွယ်- နားဆိုင်း၊ နောင်နွေး၊ နားနန်း စသည့်ကျေးရွာများမှ ဒေသခံများ နေရပ်မှ ထွက်ပြေးတိမ်း ရှောင်နေသည်ဟုသိရသည်။
“ အခု လားရှိုးမြို့ မန်ဆူ(သျှမ်း)ကျောင်းတိုက်မှာ ကျမတို့ ၉၇ ဦးရောက်တယ် ။ သျှမ်းတွေချည်းဘဲ။ အဲဒီ ၉၇ ယောက်က ဝမ့်လုံရွာ နဲ့ နောင်နွေးရွာဘဲ။ များေ သာ အားဖြင့် ပုခက်သွင်းခလေးတွေနဲ့ အဖိုးအဖွားတွေများတယ်။ နီးစပ်တဲ့ အသိမိတ်ဆွေတွေ အိမ်နီးနားချင်းတွေရဲ့ ထော်လာဂျီတွေ၊ ၆ လုံးထိုးကားတွေ ရှိတဲ့ သူတွေနဲ့ လိုက်လာတာ။ ဝမ်လုံရွာ တရွာတည်းဘဲ အိမ်ခြေ ၈၀ ကျော် တယ်။ လူဦးရေက ၃၀၀ ကျော် တယ်။ အများအားဖြင့်တော့ သံလွင်ရွာနဲ့၊ နမ့်ပေါင်ရွာ စတဲ့ နီးစပ်ရာ အမျိုးတွေဆီ ထွက်ပြေးကြတယ်။ တိုက်လေ ယာဉ် နဲ့ ဘဲ သုံးလေး ကြိမ်လာတိုက်တယ် ဒီနေ့” - ဟု လားရှိုးမြို့ရောက် စစ်ဘေးေ ရှာင် သားသည်မိခင် တဦးက ပြောသည်။
နမ့်မ နှင့် နားနျု ကျေးရွာအုပ်စု အတွင်းရှိ ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာန ချုပ် လက်အောက်ခံ လားရှိုးအခြေစိုက် ခလရ ၄၁၊ ၆၈ စသည့် တပ်ရင်း များ စုပေါင်းအင်အား ၃၀၀ ကျော် က တိုက်ပွဲဝင် စစ်ရဟတ်ယာဉ် ၂ စီး နှင့် အတူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“နှစ်ကြိမ်တိုင်တိုင် တိုက်လေယာဉ်နဲ့ လာတိုက်တယ်။ မွန်းတည့်ချိန်က တခါ၊ မွန်းလွဲ ပိုင်းတုန်းကတော့ နာရီဝက်လောက် လှည့်ပတ်တိုက်ခိုက်တယ် အဲဒီ စစ်လေယာဉ်က” - ဟု ဌာနချုပ်အရာရှိ တပ်မှူး က ပြောသည်။
ထို့အတူ တပ်မတော်သည် ကျောက်မဲမြို့နယ်အတွင်း SSPP/SSA နှင့် ၎င်း၏မဟာမိတ် TNLA တအာင်းပလောင် တပ်ဖွဲ့တို့ အပေါ် ထိုးစစ်ဆင် မှုကြောင့် ဒေသခံ နှစ်ထောင်ခန့် စစ်ဘေး ရှောင်ခဲ့ရသည်။
ဓါတ်ပုံ- လားရှိုးမြို့လယ် မန်ဆူကျောင်းရောက် ဒုက္ခသည်များ
သျှမ်းသံတော်ဆင့်
Panglong(Burmese)
No comments:
Post a Comment