မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, May 19, 2016
လေပြင်းတိုက်သည့်ဒေသ အပျက်အစီး စာရင်းကောက်ရန်သွားသည့် ရဲတပ်သားနှင့် သူငယ်ချင်းတစ်ဦး အစာအဆိပ်သင့်သည့် လက္ခဏာဖြင့် အိပ်ရင်းသေဆုံး
ကန့်ဘလူ မေ ၁၈
ကန့်ဘလူမြို့နယ် မြေဒူးရဲကင်းအပိုင်နယ်မြေအတွင်းမှ ဝါးရုံကုန်း၊ မှော်တော၊ ဆားကုန်း နှင့် ဆားကိုင်းကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော စာရင်းများကို ကောက်ယူရန် တာဝန်ထမ်းဆောင်နေသော မြေဒူးရဲကင်းမှ ရဲတပ်သား တစ်ဦးနှင့် ၄င်း၏သူငယ်ချင်းတို့မှာ အစာအဆိပ်သင့်သည့် လက္ခဏာများဖြင့် မေ ၁၆ ရက်က အိပ်ရင်းသေဆုံးနေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် နေ့လယ်ပိုင်းက မြေဒူးရဲကင်းမှ ဒုရဲအုပ်ဇော်ဇော်အောင် က ရဲတပ်သားမျိုးမြင့်အောင်ကို ရဲကင်းအပိုင်နယ်မြေအတွင်းရှိ ဝါးရုံကုန်း၊ မှော်တော၊ ဆားကုန်းနှင့်ဆားကိုင်းကျေးရွာများသို့ လေပြင်းကြောင့်ပျက်စီးသည့်အခြေအနေများ စာရင်းကောက်ယူရန် တာဝန်ပေးစေလွှတ်ခဲ့ကြောင်း၊ ရဲတပ်သားမျိုးမြင့်အောင်နှင့် သူငယ်ချင်းဖြစ်သူ မှော်တောရွာနေ ဘဲဥ(ခ)ထွန်းလင်းတို့မှာ ရဲကင်းမှထွက်သွားကြ ပြီး မှော်တောကျေးရွာနေ ဦးကိုရဲနေအိမ်သို့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရောက်ရှိ ကာ ခေတ္တအိပ်နေကြရာမှ ည ၁ဝ နာရီမထိုးမီတွင် အိမ်ရှင်ဖြစ်သူ ဦးကိုရဲက ၄င်းတို့ နှစ်ဦးကိုနှိုးရာ မရသည့်အတွက် ရဲကင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ဒုရဲအုပ်ဇော်ဇော်အောင်နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်သားမျိုးမြင့်အောင်နှင့် ဘဲဥ(ခ)ထွန်းလင်းတို့၏ ခန္ဓာ ကိုယ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ အစာအဆိပ်သင့်သည့် လက္ခဏာ များဖြင့် သေဆုံးကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနိုင်ရန်အတွက် မေ ၁၇ ရက်တွင် ဒုရဲအုပ်ဇော်ဇော်အောင်က တရားလို ပြုလုပ်၍ ကန့်ဘလူမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)
Myanmaalinn
Subscribe to:
Post Comments (Atom)
No comments:
Post a Comment