မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်းသံလမ်းပြင်လုပ်သားများကြုံတွေ့နေရတဲ့အခက်အခဲ
မန္တလေး.မြစ်ကြီးနားမီးရထားလမ်းပိုင်းဟာနှစ်ပေါင်း140သက်တမ်းကိုဖြတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
နှစ်ပေါင်းတစ်ရာကျော်ဖြတ်သန်းလာရတဲ့သက်တမ်းကိုတွက်ကြည့်မယ်ဆိုရင် ဒီလမ်းပိုင်းက. သိပ်ကိုအိုမင်းရင့်ရော်နေပြီလို့ဆိုရမယ်ထင်ပါတယ်။
လမ်းချည်းပဲအိုတာလားလို့မေးမယ်ဆိုရင်လဲ
လမ်းကိုပဲထောက်ပြောလို့မပြည့်စုံပါဘူး။
တွဲကလဲမကောင်း. စက်ခေါင်းကလဲအဟောင်းတွေနဲ့
မောင်းနေကြပါ
သေးကြောင်းပြောရမှာပဲပြည့်စုံနိုင်ပါမယ်...။
တွဲကောင်းကောင်း စက်ခေါင်းအကောင်းစားတွေပေးမယ်လို့
ဆိုပြန်တော့ လဲ လမ်းကမှ မကောင်းတာလို့ ဆိုကြပြန်ပါသေးတယ်။
ဒီလမ်းကောင်းရခြင်း မကောင်းရခြင်းမှာကလည်းအကြောင်းရှိပါတယ်။ ဒီလမ်းမကောင်းဘူး
ခြုံတွေသစ်ကိုင်းတွေရိုက်လိုရိုက်နဲ
ဲ့သံလမ်းဘေးဝဲယာ
တစ်လျှောက်ခေါင်းပြူပြီး ရှုခင်းထွက်
်မကြည့်ရဲလောက်အောင်. ကိုဆိုးရွားနေပါတယ်ဆိုတာ. ဒီလမ်းသွားဖူးသူတိုင်းသိပါတယ်။
လမ်းမကောင်းတာကိုသာ
ဝေဖန်နေပြောနေကြပေမဲ့. သံလမ်းပြင်လုပ်သားတွေရဲ့အခြေအနေတွေကို
ရောသိအောင်လုပ်ကြည့်ပါရဲ့လား.လို့မေးလိုက်ချင်ပါတယ်..။
မိုးတွင်းမှာ. နမ်းခမ်းနဲ့ဘုံချောင်းကြားကျောက်တောင်မှာ
မြေပြိုတော့မှ. ခရီးသည်တွေ
လမ်းပိတ်မိကြပါရော
တစ်ချို့သောခရီးသည်တွေဆို စရိတ်ပြတ်လို့. ထမင်းငတ်တဲ့အခါငတ်....
စိတ်ပျက်ကြလွန်းလို့ လမ်းအမြန်ကောင်းချင်ကြတယ်။
လမ်းမြန်မြန်ပွင့်စေချင်ကြတယ်။
သံလမ်းပြင်တဲ့ ဝန်းထမ်းနည်းတာကျမသိကြဘူး။
နှစ်စဉ်. အမြဲ. မိုးတွင်းတိုင်းလမ်းဆိုးတဲ့အနေအထားအတွက်
သံလမ်းပြင်တဲ့ဝန်ထမ်းအင်အားလုံလောက်ရဲ့လား
အခွင့်အရေးတွေအပြည့်အဝရရဲ့လား
တစ်ချက်လောက်တွေးကြည့်တော့ စီစစ်ပေးကြည့်သင့်ပါတယ်။
လမ်းကြိုး မိ ရာကပွင့်သွားတော့မှ.
သံလမ်းပြင်လုပ်သားတွေကို ကျေးဇူးတင်ပြီး ဆေးလိပ်ကွမ်းမုန့်လေးတွေချချပေးလို့ မေတ္တာဝေမျှမိတဲ့အခါတိုင်.း သူတို့ရဲ့အခက်အခဲတွေသိထားတဲ့ကျမ. နှလုံးသားတွေနာကျင်ခဲ့ရပါတယ်...။
အင်္ဂလိပ်လက်ထက်ကရေးဆွဲခဲ့တဲ့
သတ်မှတ်ရာထားမှုနှုံန်းထဲက
သံလမ်းပြင်လုပ်သား
ဝန်ထမ်းအရေအတွက်အကြောင်းလေးပြောပြချင်ပါတယ်။
မီးရထားသံလမ်း အင်ဂျင်နီယာအလုပ်တွေမှာ
5M
ဆိုတာရှိပါတယ်။
အဲဒီထဲက
တစ်ခုအနေနဲ့၊ Menဆိုရာမှာ
သံလမ်းတွေကိုလူနဲ့ပြင်တဲ့
တိုင်းပြည်တွေမှာရှိရမယ့်လူစံ
နှုန်း. 2.5Men/mile
( တစ်မိုင်မှာနှစ်ယောက်ခွဲနှုံး
မြန်မာပြည်မှာ၎မိုင်တစ်အုပ်စု၊
၎မိုင် ၄မိုင်တိုင်းမှာသံလမ်းပြင်လုပ်သား ၁၀ယောက်၊ ၁၀ယောက်စီရှိနေရမှာပါ။)
လက်ရှိအခြေအနေမှာတော့
၎မိုင်မှာသံလမ်းပြင်လုပ်သား တစ်ယောက်မှမရှိတာတွေ တွေ့
နေရပါတယ်။
ဒါကMတစ်လုံးတည်းရဲ့အကြောင်းလေးပါ
နောက်ထပ် M လေးလုံးကျန်ပါသေးတယ်။
အခုလက်ရှိအနေအထားမှာတော့
နဘား-အင်းတော် ၄မိုင်
အင်းတော်-ဆည်ရွာ၎မိုင်
ဆည်ရွာ -မဲဇာ၆မိုင်
မဲဇာ- ဘုံချောင်း၉မိုင်. စုစုပေါင်း၂၃မိုင်မှာမှ
သံလမ်းပြင်လုပ်သား၆ဦးထဲရှိပါတယ်။
နဘားရဲ့အထက်ဘက်
နဘား-ပင်ဝယ်၇မိုင်
ပင်ဝယ်- မော်လူး. ၁၀မိုင်
မော်လူး-နန့်စီးအောင်၆မိုင်
မိုင်ပေါင်း၂၃မိုင်အတွက်သံလမ်းပြင်လုပ်သား၆ဦးထဲရှိပါတယ်။
ကသာ-နဘား ၁၄မိုင်ခရီးအတွက်သံလမ်းပြင်လုပ်သား
၎ဦးရှိပါတယ်.။
အဲ့ဒီ၎ဦးကလဲ. မန္တလေးမြစ်ကြီးနားမီးရထားလမ်းမကြီး
လမ်းပိုင်းနှောင့်နှေးကျန့်ကြာမှုမရှိစေရေးအတွက်. နဘား မဲဇာလမ်းပိုင်းမှာဝင်လုပ်နေရပါတယ်။
ဒါ့အပြင်. ကွန်ဖားချတာ
ကျောက်ချတာတွေကိုပါကြားညှပ်ပြီး
လုပ်ပေး. နေရပါသေးတယ်။
ဌာနကလစာပေးထားတယ်ဆိုပေမဲ့. အခြေခံအပင်ပန်းဆုံးအနေအထားန
ဲ့ဆောင်ရွက်နေကြရတာပါ။
လက်ရှိရှိနေတဲ့ဝန်ထမ်းတွေကလည်းပင်စင်နီးနေတဲ့သက်ကြီးရွယ်အိုတွေပါ။
ကွန်ကရစ်ဇလီဖားတုံးတစ်တုံးချမယ်ဆိုရင်
လူလေးယောက်လောက်ဝိုင်းသယ်ကြရပါတယ်။
သံလမ်းပြင်လုပ်သားအင်အားနည်းတဲ့အတွက်
အပြင်ကနေနေ့စားလုပ်သားငှားရမ်းအသုံးပြု
ရပါတယ်။
နောက်ထပ်လဲဝန်ထမ်းတိုးမခန့်တဲ့
အပြင်.အစမ်းခန့်ထားတဲ့သူတွေကလဲအခုထိ
ိမခန့်တော့အလုပ်ပြောင်းရှာကုန်ကြပါပြီ။
ဒီ အတွက်ကြောင့် ရှိတဲ့လုပ်သားတွေဟာ မဲပြာနေအောင်နေပူစပ်ခါး
အလုပ်လုပ်နေကြရပါတယ်။
အရေးကြုံလာပြီဆိုရင်
အပြင်အရပ်သားနေ့စားလုပ်သားတွေကို
မဲဇလီလို့ခေါ်တဲ့လုပ်သားခေါင်းတွေက
စည်းရုံးရှာဖွေပြီး ခေါ်
ခိုင်းကြရပါတယ်။
နဘားနဲ့မဲဇာဘုံချောင်းအထိကို
လုပ်သားခေါင်းအဖြစ်ဦးသောင်းထွန်းက
တာဝန်ယူရပြီး
နဘားမှနန့်စီးအောင်အထိကိုပင်ဝယ်မှဦးတင်ဝင်းကတာဝန်ယူရပါတယ်။
8.5.2016ရက်နေ့မှာတော့. သံလမ်းပြင်လုပ်သားတွေဟာ. ကျမရဲ့သတင်းစာဆရာအသင်းရုံးခန်း
ရှေ့မှာလာပြီး. ကျမကိုရင်ဖွင့်ပါတယ်။
လွန်ခဲ့တဲ့2013-14-15-ကနေအခု16အထိရောက်လာပါပြီ။
ကျွန်တော်တို့တာဝန်ယူပြီးအပြင်ကခေါ်ထားတဲ့
နေ့စားလုပ်သားတွေရဲ့လုပ်အားခကိုမရှင်းပေးသေးပါဘူး။
ဒီးလမ်းပိုင်းကြံခိုင်မှုရှိအောင်ကျောက်ချရဖို့ ကွန်ဖားတွေချရဖို့လဲရှိနေပါတယ်။
ငွေမရှင်းပေးတော့ကျွန်တော်တို့အပြင်လူကိုဘယ်လိုငှားမလဲခင်ဗျာ...ကျွန်တော်တို့ချည်းထဲလုပ်ဖို့ကလည်းဝန်ထမ်းကမလောက်ဘူး။
တကယ်ဆိုသံလမ်းပိုင်းဆိုင်ရာတွေကိုစစ်ဆေးရမဲ့အလုပ်တွေကိုစေ့စေ့စပ်စပ်လုပ်ရတယ်မရှိပဲ
အပြင်ကိုငှားရမဲ့အလုပ်တွေမှာကြီးကြတ်ပေးနေရပါတယ်။
သံလမ်းကျောက်ချရတဲ့အခါ. ကျောက်ချခအနေနဲ့ ၄ပေါက်တွဲသေးတစ်တွဲကို၂၅၀၀ကျပ်နှုံးနဲ့ချရပြီး
၈ပေါက်တွဲတစ်တွဲချခ၅၀၀၀ကျပ်နှုံးရှိပါတယ်။
ကွန်ကရစ်ဖားတုံးကလည်းတစ်တုံးချခ ၇၀ကျပ်နှုံးရှိပေမဲ့
ဒီနေ့အထိတစ်ပြားမှမရှင်းပေးသေးပါဘူး။
ကျွန်တော်တို့ကတာဝန်ယူပြီးခေါ်ထားတဲ့
အပြင်ကအရပ်သားနေစားလုပ်သားတွေကလဲ
သူတို့လုပ်အားခတွေတောင်းလွန်းလို့နားပူလှပှါပြီ။
အထက်ကလည်းမရှင်းပေးဘူး။ ကျွန်တော်တို့ကလည်းအခြေခံလစာလေး120000ကျပ် မဲဇလီ လုပ်သားခေါင်းဆို150000ကျပ် ထဲရတာဆိုတော့ဘယ်လိုစိုက်ရှင်းပေးနိုင်မလဲဗျာ။
ဒါတောင်အလုပ်တွင်အောင်လို့လက်ဖက်ရည်တိုက်မုန့်ကျွေးပြီးခေါ်ထားရတာဗျ။
ဒီလိုသာငွေမရှင်ပေးရင်. နေ့စားလုပ်သား(ယာယီ)
တွေကိုဘယ်လိုခေါ်လို့ရမှာလဲ.....။
တိုင်းအင်ဂျင်နီယာမှုးကလည်းပြောင်းသွားပြီဆိုတော့
ကျွန်တော်တို့မှာဘယ်သူ့ဆီလိုက်တောင်းရမလဲခင်ဗျာ...ကျွန်တော်တို့လဲမတတ်သာတဲ့အဆုံးဆရာမဆီအကူအညီတောင်းးရတာပါလို့
ဆိုလာကြတဲ့. သံလမ်းပြင်လုပ်သားကြီးများရဲ့
အခက်အခဲလေးတင်ပြလိုက်ရပါတယ်ရှင်....။
အစိုးရသစ်လက်ထက်. အထက်အရာရှိကြီူများရဲ့
တာဝန်ယူမှုတာဝန်ခံမှု. ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ဖြေရှင်းပေးလေမလဲဆိုတာ
ကို
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
စစ်ကိုင်းတိုင်းအနေနဲ့
မျော်လင့်စောင့်စားစွာစောင့်ကြည့်နေပါရစေရှင့်.......
ယဉ်ယဉ်သိန်းနဘား
အတွင်းရေးမှုး
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
စစ်ကိုင်းတိုင်းဒေသကြီး
10.5.2016
00း21
(တိုင်းအင်ဂျင်နီယာ(မြို့ပြ) ၊
တိုင်း( 2 ) ရွာထောင် လုပ်ငန်းတာဝန်များကို
ဦးမင်းသိန်းစိုး အမ (မပ)၊တ- ၂၊
ရာထ နှင့် ဦးစံချိန် ထထမ(မပ)၊
တ- ၂၊ ရာထ တို့သည် EMC-24
ဖြင့်7-5-2016 နေ့ နန့်စီအောင်-
အင်းတော် 8-5-2016 နေ့ အင်းတော်- ရွာထောင် Handed
Over , Taken Over လွှဲပြောင်း၊
လက်ခံကြကြောင်းသတင်းရရှိ။)
(U Mar ga. Facebook)မှ
credit- Yin Yin Thein Naba
No comments:
Post a Comment