#THE_KACHIN_TIMES_NEWS
"ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ကားများအား
သင့်တင့်သော အခွန်နှူန်းထား ပေးဆောင်စေကာ ပြည်နယ်အတွင်း အသုံးပြုနိုင်သည့် ယာဉ်လိုင်စင် များချပေးနိုင်ရေးအတွက်"
် ပြည်နယ်အစိုးရသို့တိုက်တွန်းကြောင်းအဆိုကို
ဝိုင်းမော်မြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ (ခ)ဇခေါင်ခမ်းရယ် မှယမန်နေ့(၁၂.၅.၂၀၁၆)ကတင်သွင်းသောအဆိုကို ယနေ့ ကချင်ပြည်နယ်လွှတ်တော် (ဒုတိယနေ့)အစီအစဉ်တွင်
ဗန်းမော်မဲဆန္ဒနယ် (၁)မှ ဦးဇော်မိုးနော် ၊ မိုးညှင်းမဲဆန္ဒနယ် (၂)မှ ဦးကျော်ကျော်ဝင်း ၊ ဖားကန့်မဲဆန္ဒနယ် (၂)မှ ဦးလဆိုင်း တို့ကလွှတ်တော်တွင်လက်ခံဆွေးနွေးရန် ၎င်းအဆိုကိုထောက်ခံခဲ့သည်။
ထို့နောက် ၎င်းအဆိုကို လွှတ်တော်လျို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးကြရာ
မဲပေးခွင့်ရှိသူစုစုပေါင်း ၄၅ ဦးမှ
ထောက်ခံမဲ ၃၀ မဲ
ကန့်ကွက်မဲ ၁၃ မဲ
ကြားနေမဲ ၂ မဲ
ရရှိခဲ့ရာ ထောက်ခံမဲ ၃၀ မဲဖြင့် ထောက်ခံမဲ အများဆုံးရရှိသော ၎င်းအဆိုအား လွှတ်တော်ကအတည်ပြုကြောင်းပြောကြား
လိုက်သည်။
်credit- The Kachin Times
No comments:
Post a Comment