Monday, May 2, 2016

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်းငါးထောင်ကျော် သုံးစွဲခွင့်ရရှိထားဟုဆို

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်းငါးထောင်ကျော် သုံးစွဲခွင့်ရရှိထားဟုဆို
Monday, May 2, 2016

၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးအပါအဝင် လမ်းတံတား နှင့် မီးလင်းရေးလုပ်ငန်းများအတွက် ကျပ် ၅၅၈၅ ဒသမ ၁၈၆ သန်းသုံးဆွဲ ခွင့် ရရှိထားကြောင်း ရှမ်းပြည်နယ်ရုံးခွဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

ကျိုင်းတုံမြို့ ရှမ်းပြည်နယ်ရုံးခွဲ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးတွင် ယနေ့(မေလ ၂ ရက်) နံနက် ၉ နာရီခန့်က ပြုလုပ်သည့် သတင်း မီဒီယာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ် ၁၀ ခုရှိ ကျေးရွာပေါင်း ၂၂၉၀ အနက် ကျေးရွာ ၁၆၄ ရွာ၌ သောက်သုံးရေ ပြတ်လပ်မည်ဟု ခန့်မှန်းပြီး ကြိုတင် ပြင်ဆင်မှု ပြုလုပ်ထားသော်လည်း တစ်ရွာမျှ သောက်သုံးရေ ပြတ်လပ်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

The Voice Weekly

ဓာတ်ပုံ - ရန်နိုင်


No comments: