ရမည်းသင်းလေပြင်းကြောင့် လူ ၃ ဦးသေဆုံးကာ နေအိမ်ရာနှင့်ချီပျက်စီး
--- --- ---
ရမည်းသင်းမြို့နယ်အတွင်း လေပြင်းတိုက်ပြီး မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိ သည့်အနက် ၊ အုပ်စု(၅၀) ကျေးရွာပေါင်း ၁၀၇ ရွာခန့် လေပြင်းတိုက်ခတ်မှုဒဏ် ခံခဲ့ရပြီး သုံးဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“စဖြစ်ဖြစ်ချင်းတုန်းကတော့ ၃၀ ရက်နေ့ညနေ ၅ နာရီလောက်မှာဖြစ်တာ။ လေတွေလည်း တိုက်၊ မိုးတွေကလည်းရွာပေါ့။ အခုနောက်ပိုင်း သတင်းရတာကတော့ ၃ ဦးသေတယ်။ ၁၁ ဦး ဒဏ်ရာရတယ်ပေါ့၊ ဆေးရုံမှာလည်း အမိုးတွေလန် ဆေးရုံဝင်းထဲက အပင်တွေ အကုန်လဲကုန်တော့ တော်တော်လေး ပျက်စီးဆုံးရှုံးကုန်တယ်” ဟု ရမည်းသင်းဒေသခံ ဦးမြင့်နိုင်က The Ladies သို့ပြောသည်။
ရမည်းသင်းမြို့နယ် အတွင်းသို့. ၃၀-၄-၂၀၁၅ ရက်နေ့ညနေ ၅ နာရီအချိန်တွင် လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်း ၈ ကျောင်း ပြိုကျကာ အမိုးလန် ၁၇၈၄၊ သွပ်ကွာ ၄၂၄ နှင့် ပြိုကျအိမ်ခြေ ၃၁၁ လုံး ၊အမိုးလန်အိမ်ခြေ ၂၁၃၆ )လုံး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၁၀,၈၂၂ ဦးလေ ဘေးသင့်ခဲ့ကြောင်း၊ ဘုရားစေတီ ပြိုကျပျက်စီး ၅ ဆူ၊ ထီးတော်မြေခ ၁၂ ဆူ၊ ထီးတော်စောင်း ၁၆ ဆူတို့ လေဘေးသင့်ခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ ကလေးဆောင်နှင့် ၀န်းထမ်းအိမ်ရာများ ၊ အခြားဌာနဆိုင်ရာ အဆောက်အဦများ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရမည်းသင်းဒေသခံများထံမှ သိရသည်။
ရမည်းသင်းဆေးရုံ၌ တက်ရောက်နေသော လေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုခဲ့ပြီး လေဘေးသင့်ခဲ့သည့် ကျေးရွာများသို့လည်း သွားရောက် ကြည့်ရှုခဲ့ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောကြားခဲ့သည်။
ဧပြီ ၃၀ နှင့် မေလ ၁ ရက်နေ့တို့က မန္တလေး ၊ မကွေး ၊ စစ်ကိုင်း ၊ ပဲခူး စသည့် တိုင်းဒေသကြီးများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, May 2, 2016
ရမည်းသင်းလေပြင်းကြောင့် လူ ၃ ဦးသေဆုံးကာ နေအိမ်ရာနှင့်ချီပျက်စီး --- --- ---
Subscribe to:
Post Comments (Atom)
No comments:
Post a Comment