KIA မှ ရှမ်းနီတိုင်းရင်းသားများ အား လူသစ်ဖမ်းဆီမူ့ ကြောင့်SNA(ရှမ်းနီတပ်မတော်) နှင့် KIO တို့ အခြေနေ တင်းမာ
**************************************************************************************
ကချင်ပြည်နယ် ဖားကန့် မြို့ နယ်ထဲမှာ KIA
တပ်ဖွဲ့ ဝင်တွေနဲ့် SNA(ရှမ်းနီတပ်မတော်) တပ်ဖွဲ့ 
ဝင်တွေ အခြေနေတင်းမာ နေပါတယ်...။
အဓိက အကြောင်းအရင်းကတော့ ဧပြီလ (၂၉)ရက်
နေ့ က စကော့ကျေးရွာ ထဲက ရှမ်းနီတိုင်းရင်းသား
(၇) ယောက်ကို မူးယစ်ဆေးဝါးသုံးစွဲ တယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားလို့ 
SNA က မကျေနပ်ဘူးလို့ သိရပါတယ်..။
KIA အနေနဲ့ လူသစ်စု ဖို့  အကြောင်းပြချက် မရှိတဲ့
အခါ လူသစ်မရနိုင်တော့တဲ့ အခြေနေတွေမှာ
မူးယစ်ဆေးဝါးသုံးလို့ ဖမ်းတယ်ဆိုပြီး လူသစ်အဖြစ်
ခေါ်သွားလေ့ ရှိပါတယ်။.. SNA ဘက်မှ ဖမ်းဆီးခံ
ရှမ်းနီတိုင်းရင်းသားများအား ပြန်လွတ်လာဖို့ နဲ့ 
လက်နက်ကိုင်ပြီး ရှမ်းနီတိုင်းရင်းသားများအပေါ်
အနိုင်ကျင့် မဲ့ မည်သည့် တပ်ဖွဲ့ ကိုမဆို ရင်
ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်...
KIA/KIO ရဲ့ 
ဒီလိုဥပဒေမဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်တွင်း
ငြိမ်းချမ်းရေး ကို ထိခိုက်စေမယ့်အပြင် ဒေသတွင်းရှိ
လူမျိုးစုများ အကြားပါ ပိုမိုပြသနာ ကြီးထွားလာစေနိုင်ပါတယ်။
.
ရှမ်းနီတပ်ဖွဲ့  SNA ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လ
တွင်စတင်ဖွဲ့ စည်းခဲ့ ပြီး တပ်ဖွဲ့ ဝင်အများစုမှာ
ABSDF တပ်ဖွဲ့ မှခွဲထွက်လာသော ရှမ်းနီတိုင်းရင်းသားများဖြစ်ပြီး
တပ်ဖွဲ့ ၏ ကြွေးကျော်သံမှာ
.
"" ရှမ်းပြည်နယ် မှာ ကချင် တပ် ရှိနေသမျှ
ကချင်ပြည်နယ်မှာလည်း ရှမ်းတပ် ရှိရမယ်""
.
လို့ ကြွေးကြော်ထားတာဖြစ်ပါတယ်။
လက်ရှိ ရှမ်းနီတပ်ဖွဲ့ များမှာ
ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ ဧရာဝတီမြစ် တကျောနှင့် ဖားကန့်မြို့နယ်၊ ခန္တီး မြို့ နယ်ဘက်တွေမှာ အဓိက
လှုပ်ရှားနေပါတယ်။ ရှမ်းနီတပ်ဖွဲ့ များ ကျယ်ပြန့် စွာ
လှုပ်ရှားလာမူ့ ကြောင့် ဧပြီလ (၅) ရက်နေ့ မိုင်ဂျာယန်
မြို့ မှာ
KIA/KIO ထိပ်သီးခေါင်းဆောင်များ စစ်ရေးဆိုင်ရာ
အခြေနေ သုံးသပ်ဆွေးနွေးပွဲများ အရေးပေါ်ဆောင်ရွက် ခဲ့ရတယ်
လို့ သိရပါတယ်။
(ဓါတ်ပုံ- SNA တပ်ဖွဲ့ ဝင်များ)
.
ဟစ်တလာ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
KIA မှ ရှမ်းနီတိုင်းရင်းသားများ အား လူသစ်ဖမ်းဆီမူ့ ကြောင့်SNA(ရှမ်းနီတပ်မတော်) နှင့် KIO တို့ အခြေနေ တင်းမာ ******************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment