ဘေးတိုက်တော့ မလိုက်နဲ့ 
===============
သာသနာတော်ကိုကာကွယ်ဖို့ ဆိုတာ
အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး သတ်မှတ်
ရတာပါ ပုံသေမရှိပါဘူး
သီဟိုဠ်မှာ ၁၂ နှစ်ကြာသူပုန်ဘေးဆိုက်ပြီးတော့
ဗုဒ္ဓတရားတော်တွေကို ပြန်လည်စုစည်းတဲ့အခါ
အခြားသောတရားတော်တွေကို စုစည်းလို့ ရပေမဲ့
မဟာနိဒ္ဒေသပါဠိတော်ကပျောက်နေတယ်
အဲဒီအချိန်က ရဟန်းတော်တွေဟာ တရားတော်
တွေကို နုတ်တတ်ရအောင် ဆောင်ထားရတယ်
တပါးစီတပါးစီ ခွဲခြားပြီးအာဂုံဆောင်ကြရတယ်
အဲဒီပျောက်နေတဲ့ မဟာနိဒ္ဒေသ ပါဠိတော်ကတော့ အကျင့်ပျက်ရဟန်း (ဒုဿီလ)
တပါးက အာဂုံဆောင်ထားတယ်ဆိုတာ သိကြရ
တယ် ဒါပေမဲ့ အကျင့်ပျက်ရဟန်းဆီမှာ ရဟန်း
ကောင်းတွေက တပည့်ခံပြီးသင်ယူလိုစိတ်မရှိကြဘူး
အာပတ်သင့်မှာကို ကြောက်နေကြတယ်
အဲဒီကိစ္စကို ရဟန်းသံဃာ့မထေရ်ကြီးများ
စည်းဝေးတိုင်ပင်ဆုံးဖြတ်ကြတဲ့အခါမှာတော့
အကျင့်ပျက်ရဟန်းဆီမှာတပည့်မခံရင်လည်း
ဘုရားဟောအကုန်ရမှာမဟုတ်ပဲ လိုနေလိမ့်မယ်
ဒါ့ကြောင့် သံင်္ဂါယနာတင်တဲ့အခါ မပြည့်စုံပဲ
ဖြစ်လိမ့်မယ် ဒါ့ကြောင့် နှင်းဆီလိုရင် ဆူးကြောက်
နေလို့ မဖြစ်ဘူးဆိုပြီးမဲခွဲဆုံးဖြတ်ခါ အကျင့်ပျက်
ရဟန်းဆီမှာ တပည့်ခံဖို့ ရဟန်းကောင်းတွေကို
စေလွတ်ပြီး တပည့်ခံကြရတယ် ဒါ့ကြောင့်လည်း
ဒီနေ့ ထိ သင်္ဂါယနာ တင်နိုင်ပြီး ဘုရားဟောတွေ
ကိုမပျောက်ပျက်အောင် ထိမ့်းသိမ်းစောင့်ရှောက်
နိုင်ခဲ့ကြရတယ်
ပြောချင်တာက
သာသနာတော်တည်မြဲဖို့ အတွက် အခြေအနေနဲ့ 
အချိန်အခါကိုကြည့်ပြီး ဆုံးဖြတ်ကြရတယ်ဆိုတာ
ကိုပြောချင်တာပါ
ဗုဒ္ဓဘာသာအင်အားဟာ အခြားဘာသာတွေနဲ့ 
ယှဉ်လိုက်ရင်အရမ်းနည်းပါးတယ် ကမ္ဘာကြီးမှာ
ဖြစ်ချင်တိုင်းဖြစ်နေတာဟာ အယူမှားသူများပြီး
အယူမှန်တဲ့သူ နည်းပါးနေတယ်
ဒါ့ကြောင့်ဗုဒ္ဓတရားတော်ကျယ်ပြန့် ဖို့ လိုတယ်
ကမ္ဘာသူကမ္ဘာသားတွေ ထိတွေ့ ဖို့ လိုတယ်
အဲဒီအတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ရဟန်းဖြစ်စေ လူဖြစ်စေ ခွဲခြားလို့ မရတော့ဘူး
လူ့ ဘောင်မှာနေတဲ့သူတွေ ထိတွေ့ ဖို့ အတွက်
လူ့ လောက စရိုက်တွေနဲ့ လည်း ရဟန်းတော်
တွေဟာ ထိတွေ့ ပတ်သတ်သင့်တာ ပတ်သတ်
ရမယ် အင်္ဂလိပ်စာသင်တာတွေ fb သုံးပြီး သာသနာတော်အတွက်လုပ်ဆောင်တာတွေ
ဘကခေါ်တဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကနေ ခလေးတွေကို မွေးထုတ်ပြီးသာသနာ့ဘောင်
သွတ်သွင်းတာတွေဟာ သာသနာတော်အတွက်
မဖြစ်မနေလိုအပ်တဲ့ လုပ်ဆောင်ချက်တွေပဲ
မိမိတယောက်စာ နိဗ္ဗါန်လိုချင်သူ ရဟန်းတော်
များအတွက်ကတော့ သင်္ကန်းသုံးထည် သပိတ်
တလုံးနဲ့ တောထဲမှာသွားပြီး ဝိနည်းအရ နေထိုင်
ကျင့်ကြံကြိုးကုပ်ပြီး တရားအားထုတ်သင့်တယ်
အဲဒီလိုမလုပ်နိုင်သေးပဲ သာသနာတော်အတွက်
မြို့ ရွာတွေမှာနေထိုင်တဲ့ ရဟန်းတော်များကတော့
ပရိယတ္တိသင်မယ် လောကီစာပေတွေသင်မယ်
ခေတ်မီနည်းပညာတွေသုံးမယ်
အဲဒီလိုလုပ်နေတဲ့ရဟန်းတော်တွေကို ဝိနည်း
ထောက်ပြပြီး ဝေဘန်နေစရာမလိုဘူး
ပစ္စည်းလေးပါးနဲ့ ထောက်ပံ့မှ ပိုပြီးအကျိုးရှိမယ်
အဲဒီလိုတွေ ပြုလုပ်တာဟာလည်း ခေတ်နဲ့ ညီအောင် သာသနာပြန့် ပွားအောင်လုပ်နေတာ
ပါပဲ
ဘာသာခြားအင်အားအဆမတန်များတယ်
သူတို့ တွေဟာ ပါဠိလိုမတတ်ဘူး သူတို့ ကို
အင်္ဂလိပ်လိုဟောရပြောရမယ် သူတို့ ဆီကို
ဖြန့် ဝေရာမှာထိရောက်တဲ့ fb သုံးရမယ်
လူတွေက သားမယားအတွက် အလုပ်လုပ်နေရပြီး
အချိန်ပိုမှ သာသနာပြုနိုင်တာ ရဟန်းတော်တွေက သာသနာတော်အတွက်အမြဲ
တမ်းအချိန်ရှိတယ် ဒါ့ကြောင့်သူတို့ သာသနာပြု
တာပိုထိရောက်တယ်
ဝေဖန်နေမဲ့အစား
ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပြီး
တက်ညီလက်ညီ သာသနာပြုကြပါစို့ 
လိုက်နိုင်ရင်လိုက်ပါ
မလိုက်နိုင်ရင် နေခဲ့ပါ
ဘေးတိုက်တော့မလိုက်ပါနဲ့ 
သွားနေတဲ့သူတွေ ပိုပြီးခရီးနှေးတတ်လို့ ပါ
ဦးမြင့်ခိုင်
share
No comments:
Post a Comment