မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, May 7, 2016
မိတ္ထီလာ၌ ဘာသာကူးပြောင်းခြင်း အခမ်းအနားကျင်းပ
မိတ္ထီလာ၌ ဘာသာကူးပြောင်းခြင်း အခမ်းအနားကျင်းပ
Saturday, May 7, 2016
ဘာသာကူးပြောင်း ခြင်းအခမ်းအနားကို မေ ၆ ရက် မွန်း တည့် ၁၂ နာရီက မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာမြို့နယ် ပြည်သာယာ ရပ်ကွက်ရှိ သာကီနွယ်ဓမ္မာရုံ၌ ကျင်း ပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်) ဥပဒေအကြံပေးရှေ့နေ ဦးဇော်နိုင်က ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေများကိုပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အမျိုးဘာ သာ သာသနာစောင့်ရှောက်ရေးအ ဖွဲ့ ဦးဆောင်ဆရာတော် အရှင်ဣန္ဒာ စက္ကာဘိဝံသက သြ၀ါဒစကားမြွက် ကြားကာ တိုင်းဒေသကြီး အမျိုးဘာ သာ သာသနာစောင့်ရှောက်ရေးအ ဖွဲ့ အတွင်းရေးမှူးချုပ် ဆရာတော်ထံ မှ ဘာသာကူးပြောင်းလာသူ များက သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
"ဦးဇင်းတို့က ဘာသာကူးပြောင်း လာတဲ့သူတွေ အဆင်ပြေအောင် စီ စဉ် ဆောင်ရွက်ပေးပါတယ်။ သူတို့ ကို အခုတော့ ဘုရားလည်ဆွဲလေး တွေပေး ထားတယ်။ နောက်ပိုင်းကျ ရင် ဘုရားဆင်းတုတော်တွေ၊ ဗုဒ္ဓ၀င် စာအုပ်တွေ၊ တရားတော်စာအုပ်တွေ ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဘာသာ ကူးပြောင်းတဲ့ နေရာမှာလည်း ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပ ဒေနဲ့အညီ ဆောင်ရွက်ပေးခဲ့ပါတယ်" ဟု မိတ္ထီလာမြို့နယ် အမျိုးသားရေး ဦးဆောင် တောင်သာလေးဆရာတော် ဥူးအဂ္ဂဓဇက မိန့်ကြားသည်။
ဘာသာကူးပြောင်းလာသူများ သည် ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ လေးဦး၊ ခရစ်ယာန်ဘာ သာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ ရှစ်ဦးနှင့် အစ္စလာမ်ဘာသာမှ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းသူ ၅၆ ဦးတို့ ဖြစ်ပြီး ၎င်းင်းတို့သည် မိတ္ထီလာမြို့နယ် ပြည်သာယာရပ်ကွက်နှင့် ကျေးရွာ အချို့တွင် နေထိုင်ကြသူများဖြစ်သည်။
ထို့နောက် ဘာသာကူးပြောင်း လာသူများသည် ဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ လျှောက် လွှာများပေါ်တွင် လက်ဗွေနှိပ်၍ လက်မှတ်ရေးထိုးကာ တောင်သာ လေးဆရာတော် ဥူးအဂ္ဂဓဇက နိဂုံး ချုပ်သြ၀ါဒမိန့်ကြားခဲ့ကြောင်း သိရ သည်။
YT
Decmocracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment