Thursday, May 19, 2016

"ရေပူဆရာတော် အမှုမှ လွတ်မြောက်ပြီ "


ရေပူဆရာတော်ကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် တရားလို မိုးကုတ်မြို့နယ်ကျောက်မျက်ဌာန ဒုဦးစီးဦးမောင်မောင်ရှိန်းက အမှုကို ပိတ်သိမ်းလိုက်သဖြင့် ရေပူဆရာတော်ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
ဆရာတော်ကို သံဃာတော်များနှင့် ဆရာတော်၏ဒကာဒကာမများ လာရောက်ကြိုဆိုခဲ့ကြပြီး မြို့နယ်သံဃနာယကဆရာတော်များက ဆရာတော်ကိုသင်္ကန်းပြန်လည်စီးပေးနေသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် ဆရာတော်၏ သစ်အမှုကိုလည်း ပြင်ဦးလွင်မြို့နယ်တရားရုံးက ဒဏ်ငွေ နှစ်သောင်း(သို့မဟုတ်) ထောင်ဒဏ် ၃လ ကျခံစေရန် အမိန့်ချခဲ့ပြီး ဆရာတော်၏ဒကာ၊ဒကာမများက ဒဏ်ငွေနှစ်သောင်း
ပေးဆောင်ခဲ့သည်။
ဓာတ်ပေါင်းစုစေတီတည်ရန် စေတီဟောင်းများ ဖြိုဖျက်ခြင်းများအတွက် သစ်တောဥပဒေပုဒ်မ ၄၂(ခ)၊ မြန်မာနိုင်ငံကျောက်မျက်ဥပဒေပုဒ် ၄၁(က)(ခ)၊ သာသနာညိုးနွမ်းစေမှုပုဒ်မ ၂၉၅(က)တို့ဖြင့် မိုးကုတ်မြို့တွင် သီတင်းသုံး
တော်မူသော ရေပူဆရာတော်ကို ၂၀၁၅ ဇွန်လ ၉ ရက်တွင် လူဝတ်လဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

No comments: