Wednesday, May 18, 2016

မန်မာအစိုးရပိုင်လုပ်ငန်းများကို အမေရိကန်အရေးယူပိတ်ဆို့ မှုများမှဖယ်ရှား၊အေရှားဝေါလ်နှင့် ပတ်သက်နေသော ကုမ္ပဏီခြောက်ခုကိုပိတ်ဆို့ မှုစာရင်းသွင်း"

" မြန်မာအစိုးရပိုင်လုပ်ငန်းများကို အမေရိကန်အရေးယူပိတ်ဆို့ မှုများမှဖယ်ရှား၊အေရှားဝေါလ်နှင့် ပတ်သက်နေသော ကုမ္ပဏီခြောက်ခုကိုပိတ်ဆို့ မှုစာရင်းသွင်း"

ဝါရှင်တန်ဒီစီ- မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့ မှုများနှင့်ပတ်သက်ပြီး ပြင်ဆင်ချက်ကိုအမေရိကန်အစိုးရ ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးက မေလ ၁ရရက်နေ့ နံနက်၁၀ နာရီတွင်ထုတ်ပြန်ကြေ ညာ လိုက်သည်။ အဆိုပါပြင်ဆင်ချက်အရ မြန်မာအစိုးရပိုင် ဘဏ်များအပါအဝင် လုပ်ငန်းအတော်များများကို အရေးယူပိတ်ဆို့ မှုမှဖယ်ရှားပေးလိုက်သည်။

အရေးယူမှုများဖယ်ရှားပေးသောမြန်မာအစိုးရပိုင် လုပ်ငန်းများမှာ မြန်မာ့ သစ်လုပ်ငန်း၊ပုလဲလုပ်ငန်း၊ကျောက်မျက်ရတနာလုပ်ငန်း အမှတ် ၁သတ္တုတွင်း။ အမှတ် ၂ သတ္တုတွင်း။ အမှတ် ၃သတ္တတွင်းနှင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ ဖြစ်ပါသည်။ အရေးယူပိတ်ဆို့ မှုက ဖယ်ရှားခံရသည့် ဘဏ်သုံးခုမှာ မြန်မာ့ စီးပွားရေးဘဏ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးဘဏ်တို့ ဖြစ်ပါသည်။

သို့ သော် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် စတီဗင်လောခေါ် ဦးထွန်းမြင့် နိုင်နှင့် သူ၏အေရှားဝေါလ်ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း သို့ မဟုတ်အဆိုပါပမာဏ့ ထက်ပိုပိုင်ဆိုင်သောကုမ္ပဏီခြောက်ခုကိုမူ အရေးယူပိတ်ဆို့ မှုစာရင်းသို့ ထပ်သွင်းလိုက်သည်။ စတီဗင်လောနှင့်အေရှားဝေါလ်ကုမ္ပဏီသည် ၂၀၀၈ခုနှစ်ထဲက ယခင်မြန်မာစစ်အစိုး ရနှင့်ပတ်သက်မှုကြောင်အမေရိကန်အစိုးရ၏ ပိတ်ဆို့ အရေးယူခံခဲ့ရသည်။
အေရှဝေါလ်ကုမ္ပဏီက ငါးဆယ်ရာခိုင်နှုန်းနှင့် သည်ထက်မ ကပိုင်ဆိုင်သည်ဟု အတည်ပြုခံရသောကုမ္ပဏီများမှာAsia Mega Link ကုမ္ပဏီ။ Asia Mega Link Services ကုမ္ပဏီ၊Pioneer Aerodrome Services ကုမ္ပဏီGreen Asia Services လုပ်ငန်းနှင့် Global World Insuranceကုမ္ပဏီနှင့်ရွှေနဝါကုမ္ပဏီများဖြစ်သည်။
ထိုကုမ္ပဏီများသည် အမေရိကန်ပြည်ထောင်စုနှင့်ဆက်စပ်နေသောစီးပွားရေးလုပ်ငန်းများငွေအသွင်းအထုတ်များလုပ်ခွင့်မရှိဘဲပိတ်ပင်ခံရမည်ဖြစ်သည်။
သည်လိုဆောင်ရွက်ခြင်းသည် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကိုရည်ရွယ်ခြင်းမဟုတ်ပါ။ အမေရိကန်ကုမ္ပဏီများမြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာတွင်ရှင်းလင်းသေချာစွာဆောင်ရွက်အောင်လုပ်ရခြင်းဖြစ်သည်ဟုနိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး၏ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ယခုဆောင်ရွက်ချက်အားလုံးကို မေလ၁၈ရက်နေ့ ကစပြီး အကျူံးဝင်မည်ဟုသိရသည်။
"ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံကရွေးကောက်ပွဲ ကျင်းပပြီးဒီမိုကရေစီနဲ့ေ၇ွးချယ်ထားတဲ့ အစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးပြီးသမိုင်းမှတ်တိုင်တ စ်ခုထူနိုင်ခဲ့တယ်။ ကျွန်တော်တို့ ရဲ့ သည်ကနေ့ လုပ်ဆောင်မှုက တချို့ လူတွေကို သူတို့ ရဲ့လုပ်ပိုင်ကိုင်ပုံတွေ ပြောင်းလဲလာအောင်ဖိ အားပေးပြီး မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတိုးတက်မှူတွေ အတွက်အရှိန်ပြင်းပြင်းအားပေးလိုက်တာပါ"ဟု အမေရိကန်အကြမ်း ဖက်မှုနှင့်ဘဏ္ဍာရေး ဆိုင်ရာ ကျွမ်းကျင်ထောက်လှမ်းမှူ ဌာနက ယာယီအတွင်းဝန် အက်ဒမ် ဂျေ ဆူဘင်ကပြောကြားသည်။

ယခုလိုဆောင်ရွက်ခြင်းသည်ပိတ်ဆို့ အရေးယူမခံရသူများနှင့်ပိုပြီးကုန်သွယ်လာရေးကို အားပေးကူညီပြီး မြန်မာပြည်သူများနှင့် အစိုးရကိုအနာဂတ်မှာတန်းတူညီတူသာယာ
ဝပြောလာစေမည်ဟုလည်း သူကဆိုသည်။
ထို့ အပြင် မြန်မာနှင့်အမေရိကန်အကြား ကုန်သွယ်ရေးများကို ပိမြိုချောမွေ့ စေရန်အတွက် အင်းဝဘဏ်မြ၀တိဘဏ်အပေါ်ထားရှိသော
အရေးယူပိတ်ဆို့ မှုအချို့ ကိုလည်းအပြောင်း အလဲလုပ်ခဲ့သည်။

ထားထားမြင့်


No comments: