High-strength materials တွေနဲ့ အထူးပြုလုပ်တည်ဆောက်ထားတဲ့ Passenger
cell ဟာလည်း ယာဉ်မတော်တဆဖြစ်ပွားချိန်မှာ လိုက်ပါစီးနင်းလာကြတဲ့
ခရီးသည်များကို ဘေးကင်းမှုအမြင့်ဆုံးရှိအောင် စွမ်းဆောင်ပေးမှာပါ။
Dynamic Stability Control
BMW X6 ရဲ့ Dynamic Stability Control (DSC) ဟာဆိုရင် ဆိုးရွားကြမ်းတမ်းတဲ့လမ်းတွေမှာ မောင်းနှင်ရတဲ့ အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးမှာပါ။ DSC ဟာ BMW ကားများ အားလုံးရဲ့ အဓိကကျတဲ့ chassis control system ဖြစ်ပါတယ်။ သူဟာ မောင်းနှင်ချိန်မှာကားကို တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးတဲ့အပြင်၊ အချိုးအကွေ့တွေများစွာနဲ့ ကားမောင်းနှင်နေရမယ်ဆိုရင်တောင် စီယာတိုင်ကို အပိုအလိုမရှိအောင် ထိန်းညှိလုပ်ဆောင်ပေးမှာပါ။
BMW Adaptive Headlights
BMW Adaptive Headligts ဟာ ညဘက် အကွေ့အကောက်များတဲ့နေရာမျိုးတွင် မောင်းနှင်နေတဲ့အချိန်မှာ ရှေ့မြင်ကွင်းနဲ့ လမ်းကြောင်းကို ပိုပြီးတော့မြင်သာအောင် ထွန်းလင်းပြသပေးမှာပါ။
Adaptive Headligts မှာပါတဲ့ Sensors တွေဟာဆိုရင်လည်း လမ်းအချိုးအကွေ့နဲ့ ကားရဲ့အမြန်နှုန်းပေါ်မှုတည်တွက်ချက်ပြီး ကားရှေ့မီးတွေကို ကားကွေ့တဲ့ဘက်ပေါ်မူတည်ပြီး ဘယ်၊ ညာ နှစ်ဖက်ကို ချိန်ညှိပြသပေးပါတယ်။
ဒါ့အပြင် ကားအရှိန်မြင့်လာတာနဲ့အမျှ ကားရှေ့မီးရဲ့ အလင်းရောင်အကွာအဝေးကို အဝေးသို့မြင်နိုင်စွမ်းရှိအောင် ပိုမိုမြှင့်တင်ပေးသလို အရှိန်လျော့နည်းလာတာနဲ့အမျှ ကားရှေ့မီးအလင်းဟာလည်း နိမ့်ကျပေးသွားမှာပါ။
ကားရှေ့မီးတွေဟာ တစ်နာရီကို ကီလိုမီတာ (၇၀) အမြန်နှုန်းရောက်တာနဲ့ အလိုလျောက် လုပ်ဆောင်လာမှာဖြစ်တဲ့အတွက် Adaptive Headlights စနစ်က ထောင့်ချိုးကွေ့တွေ၊ ကားပါကင်ထိုးတဲ့အချိန်မျိုးတွေမှာ အတော်လေးကိုအသုံးဝင်ပါတယ်။
Tyre pressure monitor
Tyre pressure control system (RDC) ဟာဆိုရင် ကားတာယာတွေရဲ့ ဖိအားကို sensors တွေနဲ့ မလွတ်တမ်းစောင့်ကြည့်ထားပြီး ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ရန်အတွက် ကားရဲ့ Tyre pressure အခြေအနေကို Control Display မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုစနစ်ကို ၂၀၁၄ ခုနှစ်၊ မတ်လကနေစပြီးတော့ BMW ကားတိုင်းမှာ စတင်ထည့်သွင်းခဲ့တာပါ။
Passenger cell
High-strength materials တွေနဲ့ အထူးပြုလုပ်တည်ဆောက်ထားတဲ့ Passenger cell ဟာလည်း ယာဉ်မတော်တဆဖြစ်ပွားချိန်မှာ လိုက်ပါစီးနင်းလာကြတဲ့ ခရီးသည်များကို ဘေးကင်းမှုအမြင့်ဆုံးရှိအောင် စွမ်းဆောင်ပေးမှာပါ။
Hill Descent Control
Hill Descent Control (HDC) လို့ခေါ်တဲ့ ယာဉ်မောင်းအထောက်အကူစနစ်ကို ခလုတ်လေးနှိပ်လိုက်ရုံနဲ့ ကုန်းဆင်းကုန်းတက်မောင်းနှင်ချိန်မှာ ဘရိတ်ကို ထိန်းကြောင်းပေးတဲ့အတွက် မောင်းနှင်သူဟာ စတီယာတိုင်ကိုသာ အာရုံစူးစိုက်ပြီး ကားကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းကြောင်းသွားနိုင်မှာပါ။ ဒါကြောင့် မြင့်မားတဲ့ တောင်ကုန်း (သို့) ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ်မှာ သက်တောင့်သက်သာစွာ ဘေးကင်းလုံခြုံစွာ မောင်းနှင်လို့ရမှာပါ။
ဒီစနစ်ဟာ ပုံစံအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ရုတ်တရက်ကြုံတွေ့စေနိုင်တဲ့ မြေမျက်နှာပြင်မျိုးတွေနဲ့ နှင်း(သို့) မြက်ခင်းတွေလိုမျိုး ချော်တတ်တဲ့ မျက်နှာပြင်ရှိ ကုန်းအဆင်းတွေမှာဆို အထောက်အကူဖြစ်စေပါတယ်။ ဒီစနစ်ကို ပိတ်လိုက်ရင်တော့ ကား braking စနစ်ဟာ သင့်ရဲ့ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ပြန်လည်ရောက်ရှိလာမှာပါ။
Active Protection
Active Protection ဟာ BMW ConnectedDrive ရဲ့ လိုက်ပါစီးနင်းသူတွေကို ကာကွယ်ပေးတဲ့စနစ်တစ်ခုပါ။
သင် ခါးပတ် ပတ်ထားပြီးပြီဆိုရင် ခါးပတ်က သင့်ကို ကားအရှိန်ပေါ်မှာမူတည်ပြီး အလိုအလျောက် အလျှော့အတင်း လုပ်ပေးသွားမှာပါ။ လမ်းပေါ်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ Passenger ရဲ့ ဘေးကင်းလုံခြုံမှုအတွက် Seat belt ကို အလိုအလျောက်ဆွဲတင်းပြီး လိုအပ်လျှင် ထိုင်ခုံနောက်မှီကိုပါ တည့်မတ်ပေးသွားမှာဖြစ်ပါတယ်။
မိမိရဲ့ကားကို Approach Control Warning (သို့) Approach Control Warning with Light Braking Function တပ်ဆင်ထားလိုက်မယ်ဆိုရင် တခြားရွေ့လျားနေတဲ့အရာတွေနဲ့ ဝင်တိုက်နိုင်တဲ့ အခြေအနေမျိုးကို ကြိုတင်အသိပေးပါလိမ့်မယ်။ ဒါ့အပြင် မတော်တဆမှုဖြစ်ပွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ကားကို နောက်ဆက်တွဲကိစ္စရပ်များ မဖြစ်အောင် ယာဉ်မောင်းကိုယ်စား ထိန်းချုပ်ကာ ရပ်တန့်ပေးမှာဖြစ်ပါတယ်။
Attentiveness Assistant ဟာဆိုရင်လည်း သင့်ရဲ့ Steering လှုပ်ရှားမှုအခြေအနေကို လေ့လောစောင့်ကြည့်နေပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာ ချက်ခြင်း တုန့်ပြန်မှု ပြုလုပ်ပေးသလို Control Dislplay ပေါ်မှာ ခေတ္တအနားယူဖို့ လိုနေပြီဆိုတာကို ပြသပေးမှာပါ။

No comments:
Post a Comment