ငါးတွေကို အလွန်အကျွံဖမ်းဆီးနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရိုက်ခဲ့ကြတာပါ။
ငါးတွေကို မျိုးသုဉ်းလောက်အောင်အထိ အလွန်အကျွံဖမ်းဆီးသတ်ဖြတ်နေမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဆယ်လီတွေဟာ သတ္တိကောင်းစွာပဲ အသက်မဲ့ ပင်လယ်ငါးကြီးတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။
ဓာတ်ပုံအရိုက်ခံကြတဲ့အထဲမှာ သရုပ်ဆောင်တွေ၊ အကသမားတွေနဲ့ လူရွှင်တော်တွေ ပါဝင်ကြပါတယ်။
၁။ သရုပ်ဆောင် အမ်မာသွမ်ဆန်ဟာ သူမရဲ့ခင်ပွန်း ဂရက်ဝိုက်စ်နဲ့အတူ ပေါ်တူဂီက ဓားအိမ်နက် (Black Scabbard) ငါးနဲ့အတူ ဓာတ်ပုံရိုက်ကူးပြီး သူတို့ရဲ့သဘောထားကို ပြသခဲ့ကြတယ်။
၂။ မင်းသမီး ချီပိုချောင်ကလည်း ခဲရောင် ကဘီလူးငါးကို မျက်နှာမှာ ကပ်ရင်း ပူဆွေးနေဟန်နဲ့ပါ။
၃။ သရုပ်ဆောင်နဲ့ အသံပညာရှင် မီရီယမ်မာဂိုလီစ်ကလည်း John Dory ငါးတစ်ကောင်နဲ့ ရိုက်ကူးခဲ့ပါတယ်။
၎။ အဲလက်စ်ဂျန်နင်းစ်ကိုလည်း ပန်းရောင် ငါးသိုင်းငါးတစ်ကောင်ကို ကိုင်လို့ အဝတ်ဗလာနဲ့ ရိုက်ကူးခဲ့တာပါ။
၅။ စကော့တလန် မင်းသား ဒေါက်ဂရေးစကော့တ်ကလည်း Pomfret ငါးတစ်ကောင်ကို ရင်မှာ ပွေ့ဖက်ထားခဲ့ပါတယ်။
၆။ သရုပ်ဆောင် မင်းသမီး ဂျိုဒီမေကလည်း ဓားရှည်နှုတ်သီးငါးကြီးကို ကိုယ်ပေါ်တင်ရင်း လဲလျောင်းနေပုံကို ရိုက်ကူးထားပါတယ်။
၇။ ဂျို့စ်မီလ်ဆန်ကတော့ Dog Fish ငါးကို ကိုင်ပြထားပါတယ်။
၈။ ဗြိတိန်မင်းသမီး ဖီလစ်စီတီဒီးန်ကလည်း ပင်လယ်ငါးကြီးတစ်ကောင်နဲ့။
၉။ မာ့ခ်ရိုင်းလန့်စ်ကတော့ Smooth Hound ငါးမန်းတစ်ကောင်ကို ပခုံးပေါ်တင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
Source & Photos : the Sun
No comments:
Post a Comment