Thursday, March 24, 2016

တိုက်ရိုက်လွှင့်ဖို့ အခက်တွေ့နေတဲ့ အကယ်ဒမီပေးပွဲ

အကယ်ဒမီပေးပွဲကျင်းပဖို့ ၁၂ရက်သာ လိုတော့ပေမယ့်လည်း တိုက်ရိုက်ထုတ်လွှင့်ဖို့ အခုချိန်ထိ အခက်တွေ့နေတယ်လို့ သိရပါတယ်။
play

အကယ်မဒီပေးပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်ရန် သတင်းချန်နယ်အားလုံးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သော်လည်း မြန်မာ့အသံက ထုတ်လွှင့်ပေးဖို့အတွက် လက်ရှိအချိန်ထိ မသေချာသေးဘူးလို့ သိရပါတယ်။
play
လက်ရှိမြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်က ပွဲတိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် အခုချိန်ထိ အဖြေမပေးနိုင်သေးဘူးလို့ ဥက္ကဌဦးလူမင်းက ပြောပါတယ်။
play

" မြန်မာ့အသံက ထုတ်လွှင့်ပေးဖို့ကိစ္စကို လက်ရှိ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်က အခုချိန်ထိ အဖြေမပေးနိုင်သေးဘူး။ အဲ့ဒီတော့ ဆောင်ရွက်ဖို့ ညွှန်ကြားချက် မရရှိသေးတဲ့အတွက် အားလုံးက မလုပ်ရဲတဲ့ အခြေအနေမှာ ရှိနေတယ်"လို့ သူက ဆိုပါတယ်။
play

ဧပြီ (၃) ရက်နေ့တွင် ကျင်းပမယ့် အကယ်မဒီပေးပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ရန် ဖိတ်ကြားသော်လည်း မတက်ရောက်နိုင်တော့ဘဲ NLD နာယက ဦးတင်ဦးက တက်ရောက်ဖွင့်လှစ်ပေးစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source : Popular News

No comments: