အဲဒီကောင်လေးက အဒဲလ်ရဲ့ ပုံတူဖယောင်းရုပ်တုနဲ့ ဆယ်ဖီတွဲရိုက်ခဲ့ဖူးပါတယ်။
မက်သရူးဟက်ချင်ဆန်က အရမ်းကို ကံကောင်းတဲ့သူလေးပါ။
ပရိသတ် နှစ်သောင်းတစ်ထောင်ရဲ့ရှေ့မှာ သူ အလွန်နှစ်သက်တဲ့ အဆိုတော် အဒဲလ်က ဆယ်ဖီအတူရိုက်ဖို့ စတိတ်စင်ပေါ် ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီဆယ်ဖီပုံလေးက လန်ဒန်က မဒမ်တူးဆော့ဒ်မှာရှိတဲ့ အဒဲလ်ရဲ့ ဖယောင်းရုပ်တုနဲ့ သူရိုက်ခဲ့တဲ့ ဆယ်လ်ဖီပုံနဲ့ အတော်လေး ဆင်တူပါတယ်။
"အဒဲလ်ရဲ့ပွဲကို မသွားမီ မဒမ်တူးဆော့ဒ်မှာ ရိုက်ခဲ့တဲ့ပုံလေးကို သွားတွေ့တော့ ပရင့်ထုတ်ပြီး ရှိုးပွဲကို ယူသွားမိတယ်။ သူ ကျွန်တော့်ဘေးက လျှောက်လမ်းကနေ ဖြတ်သွားတော့ သူ့ကို ဓာတ်ပုံလေး ကမ်းပေးလိုက်တယ်။ သူက ယူကြည့်ပြီး 'လုပ်မကြည့်ချင်ဘူးလား။ စင်ပေါ်တက်ခဲ့လေ။ ဆယ်ဖီရိုက်ကြမယ်' လို့ ပြောတယ်။ ကျွန်တော်လုံးဝမျှော်လင့်မထားတဲ့အရာပါ" လို့ ယော့ခ်တက္ကသိုလ်ကျောင်းသားလေး မက်သရူးက စိတ်လှုပ်ရှားစွာ ပြောခဲ့ပါတယ်။
"ကျွန်တော်က အဒဲလ်ရဲ့ အမာခံပရိသတ်ပါ။ သူ့ရှိုးပွဲကို ကြည့်ဖို့အတွက် ကျွန်တော် မန်ချက်စတာကို သွားခဲ့တယ်။ အဒဲလ်နဲ့ စင်ပေါ်မှာ အတူရှိနေရမယ်လို့ စိတ်တောင် မကူးမိခဲ့ဖူး။ ကျွန်တော် အဒဲလ်နဲ့ တွေ့ခွင့်ရခဲ့တယ်။ ကျွန်တော် ဒီလောက် ကံကောင်းတာ မယုံနိုင်ဘူး" လို့ သူက ဆိုပါတယ်။
Source & Photos : the Sun
No comments:
Post a Comment