ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် All Nippon လေကြောင်းလိုင်းရဲ့
ပြည်တွင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီး ခရီးသည်များပြားစွာ
လေဆိပ်တွေမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှ All Nippon လေကြောင်းလိုင်းရဲ့ ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် ခရီးသည် သောင်းနဲ့ချီပြီး လေဆိပ်တွေမှာ သောင်တင်နေခဲ့ကြောင်း သိရပါတယ်။ ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် All Nippon လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီး ခရီးသည်များပြားစွာ လေဆိပ်တွေမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် လေယာဉ်လက်မှတ် ကြိုတင်မှာကြားမှု၊ လေယာဉ်လက်မှတ် ရောင်းချမှုနဲ့ ခရီးသည်များ လေယာဉ်ပေါ် တက်ရောက်တဲ့ အစီအစဉ်တွေမှာ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ All Nippon လေကြာင်းလိုင်း ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ လေဆိပ် ၄၉ ခုမှာ အနည်းဆုံး ခရီးသည် ၁၆,၁၀၀ သောင်တင်နေခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP
No comments:
Post a Comment