Tuesday, March 22, 2016

သင်္ကြန်တွင်း လူကုန်ကူးမှုကို သေချာစောင့်ကြည့်မယ်

မန္တလေးခရိုင်တွင်းက မြို့နယ် ခုနှစ်မြို့နယ်ဟာ မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု အများဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။
play

သင်္ကြန်ကာလမှာ မန္တလေးမြို့တွင်း  လူကုန်ကူးမှုတွေ မဖြစ်စေဖို့ သေချာစောင့်ကြည့် သွားမယ်လို့ သိရပါတယ်။မန္တလေး မြို့ဟာ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုအများဆုံး မြို့နယ်တွေမှာ ပါဝင်နေပြီး နယ်စပ်လမ်းကြောင်းနဲ့ ဆက်စပ်နေတဲ့ မြို့ဖြစ်ပါတယ်။
မန္တလေးသင်္ကြန်နွဲဖို့အတွက် အနယ်နယ်အရပ်ရပ်က လာတဲ့ လူတွေကို သွေးဆောင် ဖျားယောင်ပြီး လူကုန်ကူးတာတွေ ဖြစ်မလာစေဖို့ မြို့နယ်အလိုက် စောင့်ကြည်မှာ ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့က ပြောကြားထားကြောင်း 7Day Daily က ပြောကြားထားပါတယ်။
မန္တလေး သင်္ကြန်သွားမယ် ဆိုပြီး လိမ်လည်ခေါ်တာမျိုးတွေ၊ ရေကစားပြီးတော့ ခေါ်သွားတာမျိုးတွေလည်း မဖြစ်အောင် အခုလို စောင့်ကြည်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မန္တလေးခရိုင်တွင်းက မြို့နယ် ခုနှစ်မြို့နယ်ဟာ မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု အများဆုံးဖြစ်ပြီး လူကုန်ကူးသူများ ဖြတ်သန်းသွားလာရာ လမ်းဆုံ ဖြစ်နေတယ်လို့ သိရပါတယ်။
Source: 7Day Daily

No comments: