Monday, March 21, 2016

အမြဲတမ်း ပြုံးနေသင့်တဲ့ အကြောင်းပြချက် (၇) ခု

ပြုံးခြင်းက ရမယ့် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
play

မတ်လ ၂၀ ရက်နေ့ဟာ နိုင်ငံတကာပျော်ရွှင်စရာများနေ့ ဖြစ်ပါတယ်။ လူသားတွေအတွက် ပိုမို ပျော်ရွှင်စရာတွေ ရလာဖို့ ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နေ့ဖြစ်ပါတယ်။ ပျော်ပျော်နေနိုင်ဖို့အတွက် စိတ်ချမ်းသာဖို့လည်း လိုပါတယ်။
အရင်ဆုံး သင့်မျက်နှာက အပြုံးနဲ့ အရင်စတင်ရမှာပါ။ အမြဲလိုလို ပြုံးရွှင်တဲ့ မျက်နှာဖြစ်လာတဲ့အခါ သင်ရလာမယ့် အကျိုးကျေးဇူး (၇) ခုရှိပါတယ်။
၁။ ဆွဲဆောင်မှု ပိုရှိလာမယ်
play

များများပြုံးလေ ဆွဲဆောင်မှု ပိုရှိလေပါပဲ။ ပြုံးပြခြင်းဟာ ဆန့်ကျင်ဘက်လိင်တွေကိုသာမက အားလုံးက သင့်ကို ပိုပြီးချစ်ခင်စေပါတယ်။
၂။ ဖိအားလျော့စေတယ်
ဟန်ဆောင် အပြုံးမဟုတ်ဘဲ နှစ်နှစ်ကာကာ ပြုံးပြဖို့သာ သင့်ဘက်က ကြိုးစားပါ။ သင့်အတွက် တစ်စုံတစ်ရာ ဖိစီးမှု ဖြစ်နေရင် အပြုံးက ချေဖျက်ပေးနိုင်ပါတယ်။
၃။ နေလို့ ပိုကောင်းစေတယ်
play

မယုံရင် ဒီစာဖတ်နေတုန်း အားရပါးရ ပြုံးလိုက်ပါ။ တစ်ယောက်ယောက်ကို ဖြစ်ဖြစ်ပေါ့။ သင်နေလို့ ပိုကောင်းသွားပါလိမ့်မယ်။ ဆေးပညာ သဘောတရားအရ ပြုံးခြင်းဟာ ဦးနှောက်ကို အညောင်းအညာ ဖြေပေးခြင်း ဖြစ်လို့ပါ။
၎။ ချစ်ခင်သူ ပိုများစေတယ်
ပြုံးပြတာကို မကြိုက်တဲ့ သူရယ်လို့တော့ မရှိလောက်ပါဘူး။ ဖုန်းပြောနေတဲ့အခါမှာတောင် သင့်ဘက်က ပြုံးပြုံးလေ ပြောနေရင် လေသံလည်း ပြောင်းသွားမှာ ဖြစ်ပါတယ်။ သင့်ကို ချစ်ခင်သူများတဲ့သူ ဖြစ်စေဖို့ ပြုံးပြခြင်းဟာ အကောင်းဆုံး လက်နက်ပါပဲ။
၅။ အသက်ပိုရှည်တယ်
play

ပြုံးပြခြင်းဖြင့် သင့်ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဇီဝဖြစ်စဉ်ကို ပြန်လည်ပြီး အသစ်ဖြစ်သွားစေပါတယ်။ ဆေးပညာသုတေသီတွေကတော့ အမြဲလိုလို ပြုံးပြတတ်တဲ့သူဟာ ပျှမ်းမျှ ၇ နှစ်လောက် အသက်ပိုရှည်ပါသတဲ့။
၆။ ရာထူးမြန်မြန်တက်စေတယ်
အထက်မှာပြောခဲ့တဲ့အတိုင်း ပြုံးပြတာကို အားလုံးကြိုက်တဲ့အတွက် သင့်ရဲ့ အထက်လူကြီးလည်း ကြိုက်မှာပါ။ အမြဲတမ်းပြုံးနေတဲ့သင့်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူလို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ ရာထူးတက်ဖို့ လက်နက်တစ်ခုပါပဲ။ ကိုယ်တိုင်လည်း ကြိုးစားပြပါ။
၇။ သွေးဖိအား လျော့ကျစေတယ်
play

ပြုံးလိုက်ခြင်းအားဖြင့် ချက်ခြင်း အကျိုးသက်ရောက်မှု ရလာတဲ့အရာ နောက်တစ်ခုက သွေးဖိအား လျော့ကျစေတာပါပဲ။ အချိန်ရတဲ့အခါ အိမ်မှာသွေးဖိအား တိုင်းစက်နဲ့ စမ်းသပ်ကြည့်ပါ။ စိတ်ကို တည်ငြိမ်အောင်လုပ်၊ စာအုပ်တစ်အုပ်လောက် ဖတ်ပြီး အခွင့်အရေးရတာနဲ့ အားရပါးရ ပြုံးပြလိုက်ပါ။ ခြားနားသွားပါလိမ့်မယ်။
Source & Photos : Life

No comments: