Monday, March 21, 2016

ဦးထင်ကျော် ပြောလိုက်တဲ့ စကားက .. နိုင်ငံဝန်ထမ်း တွေကို စော်ကားလိုက်သလိုပဲ ..

ဦးထင်ကျော် ပြောလိုက်တဲ့ စကားက ..
နိုင်ငံဝန်ထမ်း တွေကို စော်ကားလိုက်သလိုပဲ ..

ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ..
ဝန်ထမ်းတွေ အပေါ် ဘယ်လောက်ထိ ..
စိတ်ထိခိုက် စေမယ်ဆိုတာ ..
နိုင်ငံကို အုပ်ချုပ်မယ့် သူတစ်ဦးအနေနဲ့ ..
သတိထားသင့်တယ် ထင်တယ် ..

ဦးထင်ကျော် နားလည်ထားဖို့က ..
လက်ရှိ အစိုးရဝန်ထမ်းတွေ ပူပန်နေတယ်ဆိုတာ ..
ဦးထင်ကျော် ပြောသလို ..
အလုပ်လက်မဲ့ ဖြစ်မှာ စိုးလို့ ..
ဆိုတာ (လုံးဝ) မဟုတ်ကြပါဘူး ..
လက်ရှိ အစိုးရဝန်ထမ်းတွေဟာလဲ ..
ဒီအလုပ်တွေ မရှိတာနဲ့ ..
နေစရာ ၊ စားစရာ မရှိမယ့်သူတွေ ..
တစ်ယောက်မှ မပါဘူးဆိုတာလဲ ..
သဘောပေါက်စေချင်တယ် ..

သူတို့တွေ အခုပူပန်နေတယ်ဆိုတာ ..
ဌာနတွေ ပြောင်းရွှေ့ကြတဲ့အခါ ..
လက်ရှိသူတို့ အလုပ်အကိုင်နဲ့ ..
ကျွမ်းကျင်မှု ရှိ၊ မရှိ ..
သူတို့ ရပ်တည်နေထိုင်ရာ ဒေသတွေကနေ ..
အဝေးတစ်နေရာလား၊ အနီးတစ်နေရာလား ..
ဌာနအသစ်၊ ဖွဲ့စည်းပုံ အသစ်နဲ့ဆိုရင် ..
လုပ်ငန်းမှာ အခက်အခဲ ဖြစ်လာမလား ..
စတာတွေနဲ့ လုပ်ငန်း၊နေရာအသစ်မှာ ..
ကျွမ်းဝင်စေဖို့ အချိန်ယူရမှာတွေနဲ့ ..
အာ့လို အချိန်ယူကြတဲ့အချိန်ဟာလဲ ..
တစ်နှစ်လောက် ကြာခဲ့မယ်ဆိုရင် ..
ဝန်ထမ်းတွေအနေနဲ့ ပရိုမိုရှင်းရော ..
လက်ရှိရာထူးတွေပါ ပြောင်းလဲသွားစေနိုင်တာ ..
အစရှိ သဖြင့်ပါ ..

နိုင်ငံဝန်ထမ်းတာဝန် ယူပြီးလုပ်နေကြတာဗျာ ..
တာဝန်ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့က ..
အားလုံး အသင့်ရှိပြီးသားလူတွေချည်းပဲ ..
သို့ပေမယ့် .. အထက်ကလို ..
အနည်းငယ် စိုးရိမ်ပူပန်စိတ်ရှိကြတာကို ..
အလုပ်ပြုတ်မှာ ၊ အလုပ်မရှိမှာ စိုးလို့ ..
ထင်ပြီး စော်ကားသလို ပြောတာကတော့ ..
ခေါင်းဆောင် လုပ်မယ့်သူအနေနဲ့ ..
မပြောသင့်ဘူးထင်တာပါပဲ ..

Aye Chan Min

No comments: