အသက် ၁၇ နှစ်မှ ၂၇ နှစ်အတွင်းရှိ အပျိုစင် အမျိုးသမီး ၅ ဦးက မင်းသားဟယ်ရီကို ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
နီပေါနိုင်ငံမှာ ၅ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီကို အပျိုစင် ၅ ဦးဖြင့် ကြိုဆိုခဲ့ကြပါတယ်။ အသက် ၁၇ နှစ်မှ ၂၇ နှစ်အတွင်းရှိ အပျိုစင် အမျိုးသမီး ၅ ဦးက မင်းသားဟယ်ရီကို ပန်းစည်းများ ပေးအပ်ကြိုဆိုခဲ့ပြီး နောက်ဆုံး အမျိုးသမီးက ပန်းကုံးစွပ်ကြိုဆိုခဲ့ပါတယ်။
နီပေါ ရိုးရာဝတ်စုံကိုယ်စီ ဝတ်ဆင်ထားတဲ့ အပျိုစင် ၅ ဦးဖြင့် ၎င်းကို ဂုဏ်ပြုကြိုဆိုမှုအပေါ် မင်းသားဟယ်ရီက အံ့အားသင့်နေခဲ့ဟန် ရှိပါတယ်။ အပျိုစင် အမျိုးသမီး ၅ ဦးကို နီပေါမှာ ပန်ချာကန်ရာလို့ ခေါ်ဆိုကြပါတယ်။
မင်းသားဟယ်ရီဟာ ၎င်းရဲ့ ၅ ရက်ကြာ နီပေါခရီးစဉ်အတွင်း ငလျင်ဒဏ် ဆိုးရွားစွာ ခံခဲ့ရတဲ့ နေရာတွေကို သွားရောက်မှာဖြစ်ပြီး ငလျင်ဒဏ်ခံ နီပေါပြည်သူတွေရဲ့ ဘဝကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်ထားပါတယ်။
၂၀၁၅ ခုနှစ် ဧပြီလအတွင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ကြီးကြောင့် နီပေါမှာ ရှေးဟောင်း အဆောက်အအုံများ ပျက်စီးခဲ့ရပြီး လူပေါင်း ၉,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
Source & Photo: Daily Mail
No comments:
Post a Comment