Wednesday, November 4, 2015

NLD တက်လာရင် ဘာဖြစ်မယ်၊ ဘယ်လိုဖြစ်မယ် ဆိုတာကို ပြောကြတာတွေလည်း တွေ့ပါတယ်။

NLD တက်လာရင် ဘာဖြစ်မယ်၊ ဘယ်လိုဖြစ်မယ် ဆိုတာကို ပြောကြတာတွေလည်း တွေ့ပါတယ်။

ထို့အတူ လက်ရှိအစိုးရ နှင့် စစ်အစိုးရညံ့ဖျင်းတယ်လို့ ထောက်ပြ၊ ထိုးနှက်ကြတာတွေလည်း တွေ့ပါတယ်။

စနစ်အနေအထားကတော့ ပါလီမန်ဒီမိုကရေစီစနစ်ကို သွားပြီဖြစ်တာကြောင့် ဘယ်အစိုးရတက်တက် ပြောင်းလဲစရာမလိုတော့ပါဘူး။

ကျွန်တော်နားလည်တာကတော့ နိုင်ငံရေးအနေအထားအနေနှင့် democratic transaction ကို ပြောင်းလဲပြီး ဖြစ်ပါတယ်။

ပြောင်းလဲဖို့လိုနေတာက structural reforms ပါ။

NLD ကတော့ ပြောင်းလဲချိန်တန်ပြီလို့ ဆိုပါတယ်။

ဆိုတော့ NLD ဆိုလိုတဲ့ time to change ဆိုတာ လက်ရှိအစိုးရလက်ထက်မှာ socioeconomic development တွေ နိမ့်ကျတယ်။ မြှင့်တင်ရမယ်လို့ နားလည်ပါတယ်။

နောက်ဆုံးတော့ structural reforms ကို ပဲ ပြန်ရောက်လာပါတယ်။

ဦးသိန်းစိန်လက်ထက်မှာလည်း structural reforms တွေ လုပ်တာပဲ။ infrastructure တွေ တည်ဆောက်တာပဲ။ GDP တွေလည်း မြင့်ခဲ့တယ်။ သို့သော် socioeconomic development တိုးတက်မလာဘူးလို့ ဝေဖန်ကြတယ်။ figure တွေနှင့် ဖော်ပြကြတယ်။

ဟုတ်ကဲ့ပါ။ အပြောင်းအလဲဆိုတာ လူတိုင်းလိုချင်ကြပါတယ်။ NLD တက်ရင် ပြောင်းလဲမယ် (ဝါ) socioeconomic development တွေ ရှိလာမယ်ဆိုလို့ ဝမ်းသာပါတယ်။

တစ်ဆက်တည်းမှာပဲ NLD က ပြောပါတယ်။ ဒေါ်စုကိုယ်တိုင် ကတိပေးပါတယ်။ မပြောင်းလဲရင် အစိုးရနှုတ်ထွက်ပေးပါမယ် လို့ပေါ့လေ။

ဒီတော့ ပြောင်းလဲတယ် မပြောင်းလဲဘူး ဘယ်လိုတိုင်းတာမလဲ?

ဟုတ်ကဲ့ပါ။ မြန်မာပြည်အဖို့ socioeconomic development ကို တိုင်းတာတဲ့ နည်းလမ်းအကောင်းဆုံးကတော့ LDC ကနေ developing country အဖြစ်သို့ educate ဖြစ်/မဖြစ်ပါပဲ။ တစ်နည်းအားဖြင့် criterion for LDC status ကို ပြည့်မီ/မမီပါပဲ။

မြန်မာပြည်သည် ၁၉၈၇ ခုနှစ် LDC အဖြစ် သတ်မှတ်ခံရချိန်ကစပြီး LDC က ရုန်းမထွက်နိုင်သေးပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အခြေအနေကောင်းခဲ့ပေမယ့်လည်း ရုန်းထွက်ဖို့ စံနှုန်းမပြည့်မီခဲ့ပါဘူး။

နောက် ၁၀ နှစ် အတွင်းမှာတော့ LDC ၄၈ နိုင်ငံထဲက တစ်ဝက်ခန့်က သေချာပေါက် စံနှုန်းမီမှာပါ။ မြန်မာလည်း ပါပြီးသားပါ။ မြန်မာကိုတော့ ဒီအရှိန်နှုန်းအတိုင်းသွားရင် လာမည့် ၂၀၁၇ မှာ လွတ်မယ်လို့ ဟောကိန်းထုတ်ထားကြပါတယ်။

ပြောချင်တာက ဦးသိန်းစိန်အစိုးရဆက်သွားရင် မြန်မာက LDC ကနေ ရုန်းထွက်နိုင်လိမ့်မယ်။ NLD ဆက်သွားရင် လွတ်ပါ့မလား?

အကယ်၍ NLD အစိုးရတက်လာလို့ ၂၀၁၇ မှာ LDC က မလွတ်ရင် NLD အစိုးရ မပြောင်းလဲနိုင်လို့ပါ။ socioeconomic development မရှိလို့ပါ။ ဒါက အဖြေရှင်းပါတယ်။

ဒီတော့ NLD အနေနှင့် ၂၀၁၇ မှာ မြန်မာနိုင်ငံ LDC က ရုန်းထွက်နိုင်ရင် အရင်အစိုးရနှင့် အရည်အချင်းတူ/ထက်သာ တယ်လို့ သတ်မှတ်ပါမယ်။

အကယ်၍ ရုန်းမထွက်နိုင်ဘူးဆိုရင်တော့ ဦးသိန်းစိန်အစိုးရလောက်တောင် မစွံဘူးလို့ ကိုယ်ဘာသာကိုယ်သဘောပေါက်ပြီး အစိုးရအဖွဲ့က နှုတ်ထွက်စေချင်ပါတယ်။

ပြောလို့သာပြောရတာ NLD  အစိုးရဖွဲ့နိုင်ဖို့ကသိပ်မလွယ်ကူးဘူး။

No comments: