Wednesday, November 4, 2015

ရွေးကောက်ပွဲနေ့တွင် အရက်၊ ဘီယာရောင်းသည့်ဆိုင်များ ၂၄ နာရီ ပိတ်ရမည် ==========

ရွေးကောက်ပွဲနေ့တွင် အရက်၊ ဘီယာရောင်းသည့်ဆိုင်များ ၂၄ နာရီ
ပိတ်ရမည်
===================================================
နိုဝင်ဘာ၈ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့် ပြည်သူများ အေးချမ်းစွာမဲပေး နိုင်ရန် ယစ်မျိုးလိုင်စင်ရှိသည့် အရက်၊ ဘီယာဆိုင်များ ရွေးကောက်ပွဲကျင်းပချိန်နှင့် ပြီးဆုံးချိန် ၂၄နာရီအတွင်း ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၈ရက် နံနက် ၆နာ ရီမှ နိုဝင်ဘာ ၉ရက် နံနက် ၆နာရီ အထိ မန္တလေးခရိုင်အတွင်း ယစ် မျိုးလိုင်စင်ရရှိထားသည့် အရက်၊ ဘီယာဆိုင်များ၊ စင်တင်တေးဂီ တနှင့် ကေတီဗီဆိုင်များ ပိတ်သိမ်း ထားရမည်ဟု မန္တလေးခရိုင်အ ထွေထွေအုပ်ချုပ်ရေးမှူးဦးဝင်း ဇော်နိုင်ကပြောသည်။
‘‘ဆန္ဒမဲပေးတဲ့အချိန်မှာ သောက်စားမူးယစ်ပြီး လာရောက် သောင်းကျန်းတာမျိုးတွေရှိလာ နိုင်တဲ့အတွက် ယစ်မျိုးလိုင်စင်ရှိ တဲ့ ဆိုင်တွေအားလုံးပိတ်သိမ်းရ မှာဖြစ်တယ်။ အရက်၊ ဘီယာကို လုံးဝရောင်းချလို့မရပါဘူး။ ဖွင့် လှစ်ရောင်းချတာ စစ်ဆေးတွေ့ရှိ ရင် ဥပဒေနဲ့အညီ အရေးယူသွား မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
မန္တလေးခရိုင်အတွင်း ယစ် မျိုးရောင်းချခွင့်လိုင်စင် ၂၇၀၀ ကျော် ချထားပေးခဲ့ပြီး ရွေးကောက်ပွဲကျင်းပနေချိန်တွင် မလို လားအပ်သော ပြဿနာတစ်စုံ တစ်ရာမဖြစ်ပွားစေရေးအတွက် ယစ်မျိုးအက်ဥပဒေပုဒ်မ ၂၃အရ အရက်၊ဘီယာ၊ စင်တင်တေးဂီတ နှင့် ကေတီဗီများပိတ်သိမ်းပေးရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး မှူးရုံးများသို့ အကြောင်းကြားထားကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
‘‘ပိတ်သိမ်းဖို့ အကြောင်း ကြားထားတာမျိုးတော့မရှိသေး ဘူး။ အုပ်ချုပ်ရေးအဖွဲ့ကနေ အ ကြောင်းကြားလာတာမျိုးဆိုရင် တော့ သတ်မှတ်ချက်အတိုင်းဖွင့် လှစ်ရောင်းချသွားမှာဖြစ်တယ်။ ပုံမှန်ဆိုရင် ည ၁၀နာရီခွဲမှာ ဆိုင် ကိုပိတ်သိမ်းပါတယ်’’ဟု အောင် မြေသာစံမြို့နယ်ရှိ Beer Garden စားသောက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲလုံခြုံရေးအတွက် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် သတိအ နေအထားဖြင့် အချိန်ပြည့်တာဝန် ထမ်းဆောင်ရန် လုံခြုံရေးကို အ၀ါ ရောင်အဆင့် သတ်မှတ်ထား
ကြောင်း သတင်းရရှိသည်။
7Day



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: