Wednesday, November 4, 2015

NLD ၊ ဒေါ်စု နှင့် အရူးဥပမာ

NLD  ၊ ဒေါ်စု နှင့် အရူးဥပမာ

NLD အားပေးသူအချို့က NLD မှန်ကန်ကြောင်းသက်သေပြနိုင်ဖို့ လက်ရှိအစိုးရဘာလုပ်လဲဆိုတာနဲ့ မေးကြတယ်။

ဒီနေရာမှာ အမှတ်ပေးစရာက လက်ရှိအစိုးရဘာလုပ်တယ်ဆိုတာပဲ ရှိတယ်။ NLD က အစိုးရမဟုတ်တော့ ပေးစရာမရှိသေးဘူးပေါ့။

ကိုယ်တွေက NLD ကို ချဉ်းကပ်ရာမှာ အစိုးရနှင့် အနေအထားမတူလို့ အစိုးရနှင့်နှိုင်းယှဉ်လို့ မရဘူး။ အစိုးရက အာဏာလက်ကိုင်ထားလို့ ကောင်းအောင်လုပ်ပြလို့ရတဲ့ကိစ္စတွေမှာ NLD မတတ်နိုင်ဘူး။ ဥပမာ - စစ်တပ်က လူအင်အားနှင့် ရေဘေးကူနေချိန် NLD မကူနိုင်ဘူးပေါ့။ ဒီအနေအထား။ NLD တွေ ပြောတဲ့ "အမေစုက ဘာအာဏာရှိလို့လဲ" ဆိုတဲ့စကားပဲဆိုပါတော့။ တစ်ခါ အစိုးရက မကောင်းတာလုပ်ရတဲ့နေရာတွေမှာကျတော့လည်း NLD အဖို့ မရှိဖူး။ ဥပမာ - အစိုးရက အဓိကရုဏ်းတွေနှိမ်နင်းရလို့ သံဃာနဲ့ clash ဖြစ်ပြီး လက်လွန်တာတွေရှိတယ်။ NLD ကတော့ ဒါမျိုးကိစ္စ မကိုင်တွယ်ရတော့ မရှိဘူးပေါ့။

ဆိုတော့ NLD နှင့် အစိုးရက အနေအထားမတူလို့ နှိုင်းယှဉ်လို့မရဘူး။ NLD ရဲ့ အရည်အသွေး၊ အရည်အချင်းကို အစိုးရနှင့် နှိုင်းယှဉ်ပြီး လေ့လာအကဲဖြတ်လို့ မရဘူး။

NLD ကို အရည်အသွေး၊ အရည်အချင်း ဆန်းစစ်ချင်ရင် နည်း ၁ ခုသာ ရှိပါတယ်။ ဒီနည်းကလည်း နိုင်ငံတကာမှာ အသုံးပြုနေတဲ့ နည်းလမ်းပါပဲ။ လက်ရှိအစိုးရနေရာမှာ ကိုယ်ဝင်လာရင် ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းပါ။

အနိုင်ရပြီး လက်ရှိအစိုးရနေရာမှာ ရောက်လာရင်

၁) အရင်အစိုးရက အမှားတွေကို ဘယ်လိုပြုပြင်မလဲ?
၂) ပြည်သူတွေအတွက် ဘယ်လိုပြောင်းလဲရေး၊ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းတွေ ရေးဆွဲထားသလဲ?
၃) ဘယ်လိုကတိတွေ ပေးနိုင်မလဲ?
၎) ပြည်သူတွေ တောင်းဆိုတဲ့ ဘယ်အချက်တွေ လိုက်လျောနိုင်မလဲ?
၅) တိုင်းပြည် crisis ဖြစ်နေတဲ့ ပြဿနာရပ်များ ဥပမာ - မြစ်ဆုံ၊ boat people လက်ခံ/မခံ နှင့် white card ကိစ္စ၊ လက်ပံတောင်း ကိစ္စ ဘယ်လိုဖြေရှင်းမလဲ?

မေးခွန်းတွေမှာ တုံ့ပြန်ချက်တွေကို အခြေခံပြီး NLD ဘာလဲ ဘယ်လဲ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ US မှာ ဆိုရင်တော့ ရုပ်သံလွှင့်ဌာနကြီးတွေက ထုတ်လွှင့်လို့ debate တွေတောင်လုပ်ကြပါတယ်။ မြန်မာပြည်ကတော့ မြန်မာပြည်မို့လို့ debate တော့ မလုပ်နိုင်ဘူး ဆိုပေမယ့် ပါတီက ရှေ့ဆက်သွားမယ့် လမ်းကြောင်း၊ မူဝါဒ၊ လမ်းစဉ်တွေကိုတော့ ချပြနိုင်ရမှာပါ။ ဒီနေရာမှာ "အမေစုက ဘာအာဏာရှိလို့လဲ" ဆိုတဲ့စကားနဲ့ ဖြေရှင်းလို့တော့ မရတော့ပါဘူး။ ဗြိတိန်မှာဆိုရင် ကွန်ဆာ့ဗေးတစ်ပါတီ အာဏာရနေရင် ရွေးကောက်ပွဲမှာ လေဘာ ပါတီက ဒီလိုမေးခွန်းတွေကို ဖြေရှင်းမယ့်အချက်တွေ ချပြပြီး မဲဆွယ်ရတာပါပဲ။ လေဘာအာဏာရနေရင်လည်း ကွန်ဆာ့ဗေးတစ်က ဒီလိုပဲတဖန် ချပြရပြန်တာပါပဲ။ ထို့အတူ အမေရိကန်က ဒီမိုကရက် နှင့် ရီပါ့ပလေကန် လည်း ထိုနည်း၎င်းပါပဲ။

ထူးခြားတာကတော့ မြန်မာပြည်က NLD ပဲ။ အထက်က ၅ ချက်ထဲက တစ်ခုမှ မရှိဘူး။ (NLD ကပေးတဲ့ ကတိဆိုတာကလည်း သဘောတရားတစ်ခုကို ညွှန်းထားတာသာဖြစ်ပြီး ပြည်သူများအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားနှင့် ပတ်သက်ဆက်စပ်မှုမရှိ)။ မေးလိုက်ရင် - NLD တက်လာရင် အားလုံးပြောင်းလဲမယ်။ တိုးတက်မယ် ဆိုတာချည်း။ ဘယ်လိုပြောင်းလဲမယ်ဆိုတဲ့ အထက်က ၅ ချက် မေးလိုက်ရင် မဖြေနိုင်ဘူး ဆိုတာနဲ့ပဲ အဆုံးသတ်သွားကြတယ်။ ဘာမှလည်း ရေရေရာရာမရှိ။

NLD တွေရဲ့ ပြောင်းလဲမယ်ဆိုတဲ့ ကြွေးကြော်သံက အရူးဆွဲတဲ့ နွားမကြီး မြက်စားနေတဲ့ ပန်းချီလို ဖြစ်နေပြီ။ အရူးက ဘာမှမရှိတဲ့နေရာကို လက်ညှိုးထိုးပြပြီး သူ့ပန်းချီကားလို့ ဆိုတယ်။ နွားက ဘယ်မှာတုန်းဆိုတော့ သေသွားပြီတဲ့။ မြက်တွေကရောဆိုတော့ နွားစားလို့ မရှိတော့ဘူး ဆိုပဲ။ NLD လည်း တိုးတက်မယ် ပြောင်းလဲမယ်သာ ပြောနေတာ တကယ်ကျတော့ နွားမကြီးမြက်စားသလိုပဲ မရှိတာကို အရှိလုပ်၊ မပြောင်းလဲနိုင်တာ ပြောင်းလဲမှုလုပ်ပြီး တကယ်တမ်းက ဘာမှ ကို ရှေ့မတိုးပဲ စိတ်ကူးယဉ်တာပဲရှိနေတယ်။

No comments: