Wednesday, November 4, 2015

၂၀၀၈ ဖွဲစည်းပုံကို လက်မခံဘူးပြင်မယ်... - မဲစားရင်းတွေ အရမ်းမှားနေတာ မရိုးသားဘူး.... - ကိုယ့်ကိုကိုယ်ကို ယုံကြည်ချက်မရှိတဲ့ သူတွေဟာ သူများကို တိုက်ခိုက်တယ်..

- ၂၀၀၈ ဖွဲစည်းပုံကို လက်မခံဘူးပြင်မယ်...
- မဲစားရင်းတွေ အရမ်းမှားနေတာ မရိုးသားဘူး....
- ကိုယ့်ကိုကိုယ်ကို ယုံကြည်ချက်မရှိတဲ့ သူတွေဟာ သူများကို တိုက်ခိုက်တယ်...
- ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလတွေကို မဲမပေးနဲ့......
- တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်.....
- မဲမသမာမှုတွေ ရှိနိုင်တယ်.....
- ရွေးကော်ကို မယုံဘူး.......
- အပြတ်အသတ်နိုင်မယ်လို့ ယုံကြည်တယ်.....
- အနှောင်အဖွဲ့အကင်း လွတ်လွတ်လပ်လပ့် ပြည်သူ့မျက်နှာကြည့်မယ့် ခေါင်းဆောင်ကိုသာ ရွေးချယ်ပါ....
- သမ္မတကို နောက်ကွယ်ကနေကိုင်တွယ် ထိန်းကျောင်းသွားမယ်.....

( ဘာတွေလဲ ဟာ ရှုပ်ယှက်ခက်နေရော....ခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လေးစားလိုက်နာတဲ့ ပါတီတွေ ၀င်ပြိုင်မယ့် အယုံအကြည်မရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပပြီး တရားမျှတမှုမရှိတဲ့ မဲမသမာမှုတွေရှိနိုင်တဲ့ ရွေးကောက်မှာ ၀င်ပြိုင်ပြီး အပြတ်အသတ်နိုင်မယ်လို့ယုံကြည်တယ် သမ္မတကိုလဲ ဇာက်ကြိုးဆွဲထားမယ်....(ဘာခံယူချက်နဲ့များ နိုင်ငံရေးလုပ် ထမင်းစား အသက်ရှင်နေသလဲ))

( ဘယ်ပါတီမှ မထောက်ခံ မကြိုက်တဲ့ ကျုပ်ရွေးချယ်ရလွယ်အောင် လေးစားချင်လွန်း ထောက်ခံချင်လွန်းလို့ တစိတ် ရှင်းပြပါလား ခံယူချက်က ဘာတုန်း - ဖေဖေ ကလေတော့ လာမလုပ်နဲ့နော် လာမယ့် ၂၀၁၇ ဆို အဲ့ဖေဖေ တမလွန်မှာ အိပ်စက်နားနေတာ နှစ်ပေါင်း ၇၀ ရှိပြီ-- သွားလေသူ ကို ဆွဲဆွဲ ထည့် ဒုက္ခ ပေးမနေနဲ့ ဖေဖေ မပါပဲ စကားပြောကြည့်ပါလား) ( တကယ် ပြည်ပ ဆန်ဆန် ဒီမိုကရေစီ လုပ်ချင်တယ်ဆိုရင် နိုင်ငံကို တကယ် ဦးဆောင်ချင်ရင် သူများမလုပ်ပေးနိုင်တာ အားနည်းတာတွေပဲ စင်ပေါ်တက် အတင်းတုပ်လို့မရဘူးလေ.... ကိုယ်ဘာလုပ်နိုင်တယ်.. ဘာလုပ်ပေးမယ်...အထက်ပါ လက်ညှိုးထိုးခဲ့တဲ့ ပြဿ နာတွေ ကို ဘယ်လို ဖြေရှင်းပေးမယ်တွေပါ ထည့်ပြောသင့်တယ်မဟုတ်ဘူးလား )

No comments: