Thursday, November 5, 2015

မန္တးလေး မှ ဖားကန့် သို့ မနေ့က ခရီးစဉ် =======================

မန္တးလေး မှ ဖားကန့် သို့ မနေ့က ခရီးစဉ်
=======================

တစ်ရက်ထဲ နဲ့
မန္တလေး မှ ဌာနေ နေ့ချင်းပေါက် ပြန်ရောက်ခဲ့ပါတယ် …

ဒါပေမဲ့ …
ခရီးစဉ်က  ဒီလို လေ …

၁၁ နာရီ ကျော် မှာ
မန္တလေး မှ မြစ်ကြီးနား သို့
လေယာဉ်ဖြင့် ငြိမ့်လို့ …

မြစ်ကြီးနား မှ နမ္မတီး ကားဖြင့်
ကတ္တရာလမ်း OK  မို့  …

နမ္မတီး  မှ လဝါး သို့
ခုန်ပေါက် ကားဆောင့် …

လဝါး မှ  မအူပင် သို့  လမ်းအကြားမှာ ရှိတဲ့
မိုးကောင်းချောင်း ကို ဖြတ်ဖို့
ကားကို စက်လှေပေါ်တင်၍ ဖြတ်ကူးရ …

ကားမိုင်း မှ မအူပင် ၆ မိုင်ဖြတ်လမ်း
ကျင်းချိုင့်များ အလွန်များ အရမ်းခုန်
ကားဆောင့် …

မအူပင် မှ နန့်ယား  အထိ
ကျောက်စီလမ်း
လမ်းကောင်း …

နန့်တိန်းရွာ ရောက်ခါနီး နှစ်မိုင် အလို
ပြဿနာ ဗွက်တန်း
ရွံ့ဗွက်တန်း အလွန်ဆိုး …
ကားတွေ ဆက်သွားမရတော့
ကားတွေတန်းစီရပ်စောင့်ရတော့တယ် …

အဆိုးဆုံး ရွံ့ဗွက်တန်းလည်းဖြစ်
စည်းကမ်းမရှိ ကားတွေကြောင့်  ဗွက်တန်းမှာ ကားကျပ်နေ အတက် အဆင်းကားများ သွားမရတော့  …
( မိုးကာလ တစ်လျှောက် လမ်းကြောပိတ် ခရီးသည်တွေ ဒုက္ခရောက် ကားပေါ်ထိုင် ညအိပ်ရတဲ့ နေရာ )

အဆိုပါ ဗွက်တမါး ကားကျပ်ရာ နေရာ မှ နန့်တိန်းရွာသို့ ခြေလျင်လျှောက်ရန် ဆုံးဖြတ်ကြပြီး …

အော်ဒါ ဌားလာကြတဲ့ ပါဂျဲရိုကားနှင့် ပစ္စည်းတွေ ထားခဲ့ပြီး
၂ မိုင်ခန့်အလို နန့်တိန်း သို့ …

လမသာ ညမှောင်မှောင် လမ်းလျှောလျှော
ရွံ့စီးစီး ဗွက်ရည်ထဲ မှာ …

လေဆာကျောက်ကြည့် ဓါတ်မီး
ကိုယ်စီကိုင်ရင်း မီးထွန်း ခြေလျင်လမ်းလျှောက် …
( မိမိတို့ နှင့် အတူ လမ်းမှာဆုံဖြစ်တဲ့ ဆန်းကြွယ်ဆရာတော် နဲ့ လုံးခင်းဆရာတော် နှစ်ပါးပါ လိုက်ပါခဲ့ကြပါတယ် )

ရွံ့စီး  ဗွက်ထဲမှာ
ခြေလျှော် ဗွက်နှစ်
ကတ္တီပါ ဖိနပ်စီးလာမိလို့ ဖိနပ်ပြတ်သွားတယ် …
( ဆန်းကြွယ် ဆရာတော် နှင့် မိမိရဲ့ ဖိနပ် လမ်းမှာပြတ်သွား ခဲ့ … )

ခြေချည်းသက်သက်ဖြင့် လမ်းလျှောက်
အလွန်လျှော ခြေထောက် ခဲသေးသေးလေးတွေစူးလို့ နာကျင်မှုဖြစ် …
( ပြောင်းလဲ တိုးတက် ကတ္တရာဖြစ်စေလို့ နှလုံးသွင်းရင်း ဒုက္ခဝေဒနာခံစားရှုမှတ် )

နန့်တိန်းရွာရောက်မှ ဖိနပ်ဝယ်စီး
ထမင်းဆီဆမ်း ကြက်မွှေကြော်စား ဖျော်ရည်သောက် အားဖြည့် …

ဆရာတော်တို့ကို ဖျော်ရည်ဆက်ကပ် လှူ…

နန့်တိန်း အုပ်ချုပ်ရေးမှူး က
မိမိတို့ကို လာနုတ်ဆက်တော့ ok ပေါ့ …

ဆရာတော်နှစ်ပါးနှင့် မိမိတို့ နှစ်ယောက်ကို ဖားကန့်ပို့ ပေးဖို့ အကူအညီတောင်းရာ
သူ့တို့ ပါဂျရိုကားနဲ့ ပို့ပေး၍ …

ည ၁၁ နာရီ ကျော် အိမ်ပြန်ရောက်
ခြေထောက်နာ ကြွက်တက်သလိုဖြစ် နာကိုက်နေ …

မောမော နဲ့ အိပ်  …

ခေါ  ခလူး  ခေါ ……

No comments: