Sunday, November 1, 2015

လမ်းပေါ်တက်ချင်သူများ သိထားစေဖို့ရာ

လမ်းပေါ်တက်ချင်သူများ သိထားစေဖို့ရာ
============================
ရွေးကောက်ပွဲမှာ NLD အနိုင်မရလို့ပွဲဆူလာမယ်ဆိုရင်ဖြင့် -

အစိုးရ
=======
ပြည်ဆူလာရင် အစိုးရဆိုတာကတော့ ပုဒ်မ-၁၄၄ ကို လက်ကိုင်ထားလာမှာပါ- အရေးကြီးဌာနဆိုင်ရာ ဆ/ဦ တွေကို အဓိက လုံခြုံရေးယူထားပြီး
လူစုလူဝေးအင်အားများတဲ့နေရာတွေ
သိပိတ်စစ်ကြောင်းတွေ
သပိတ်ဟောပြောပွဲတွေကို ဖြိုခွင်းဖို့အတွက် စစ်တပ် ရဲ စွမ်းအားရှင် စသည်ဖြင့် အဖွဲ့အစည်းစုံကို ထုတ်သုံးပြီး
ဆူပူမှုကို အင်အားသုံး
မရရအောင်ဖြိုခွဲပြီး
တရားဥပဒေ စိုးမိုးရေးကို
ပြန်လည် အသက်သွင်းနိုင်ဖို့ စီမံပါလိမ့်မယ်။

ပြည်သူ
======
၁၄၄ ထုတ်ပြန်ခြင်းရဲ့ အကျိုးသက်ရောက်မှုက ပြည်သူတွေးအားလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေမှာပါ -
ခရိုနီနဲ့ ငွေရှင်ကြေးရှင်တွေအတွက် ထိခိုက်မှုနဲလှပေမယ့်
လခစား ဝန်ထမ်းတွေ
ခေါင်းရွက် ဗျက်ထိုး နဲ့
လက်လုပ်လက်စား
နေ့စားသမားတွေ အတွက်တော့
အဆိုးဆုံး ထိခိုက်မှုတွေ ရှိလာမှာပါ ---
စားဝတ်နေရေး အဆင်မပြေချိန်မှာ
တစ်ဖက်က အစိုးရရဲ့ အထောက်ပံ့ကြောင့် ရပ်ကွက်လုံခြုံရေး
တရားဥပဒေစိုးမိုးရေးတွေမှာ ပါဝင်လာသူတွေရှိသလို
နိုင်ငံရေးသမားတွေရဲ့ အထောက်အပံ့နဲ့
သပိတ် ထဲမှာပါဝင်လှုပ်ရှားသူတွေ ဆိုပြီး
ပြည်သူ ၂ မျိုး ကွဲပြားလာမယ့်အပြင်
အိမ်တံခါးပိတ်ပြီး ရှိတာလေးတွေထိုင်စား ဘယ်ဘက်ကိုမှ ပါဝင်မှုမရှိတဲ့
ပြည်သူတွေလည်း ရှိလာမှာပါ ။

နိုင်ငံရေးသမား(နိုင်ငံရေးလုပ်စားသူများ)
===========================
သပိတ်ဆိုတဲ့လူစုလူဝေးနဲ့ သပိတ်ခေါင်းဆောင် ဆိုသူတွေ လမ်းပေါ်အော်ဟစ်ဆူပူနေချိန်
နိုင်ငံခြား အထောက်အပံ့တွေ အလှူခံမယ့် နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေက
BBC လို RFA လို သတင်းတွေကို
TVရှေ့မှာ စည်းစိမ်ခံကြည့်ပြီး
ထိုင်ရာက မထပဲ သပိတ်ခေါင်းဆောင်တွေကို ညွှန်ကြားချက်တွေ
တစ်ခုပြီးတစ်ခုပေးနေမှာပါ ----
သပိတ်အရှိန်မြင့်လေလေ နိုင်ငံခြားအထောက်အပံ့ များများရလေမို့
ဇာတ်မနာနာအောင် ဖန်တီးဖို့
ကြိုးစား အားထုတ်ကြမှာပါ ။

မီဒီယာ
=======
မီဒီယာဆိုသူတွေက သပိတ်အရှိန် မြင့်တက်လာအောင်
ပြည်တွင်း/ပြည်ပ သွေးထိုးလှုံ့ဆော်မှုတွေ အမျိုးမျိုးရေးသားပြီး
ငွေကိုရသလောက် ကဲ့ယူ/သဲ့ယူ ကြမှာပါ ----
သတင်းထောက်ဆိုသူများ ပေးပို့လာတဲ့ပုံတွေ ဗွီဒီယိုမှတ်တမ်းတွေကိုအသုံးပြုပြီး
အစိုးရအပေါ် အဆိုးမြင်သထက်မြင်စေဖို့ လိုသလို ဖြတ်ညှပ်ကပ်ပြီး
ခေါင်းကြီးပိုင်းတွေမှာ
တစ်ဖက်ပိတ် အရေးအသားတွေ ရေးသားကြမှာပါ ။

စစ်တပ်/ ရဲ
=========
တစ်သွေး တစ်သံ တစ်မိန့် အောက်မှာ တာဝန်ကျေပြွန်စွာထမ်းဆောင်ဖို့အတွက် အထက်အကြီးအကဲများရဲ့ ညွှန်ကြားချက်အတိုင်း မိမိလုံခြုံရေးတာဝန်ယူထားရာနေရာ/ လူစုလူဝေးဖြိုခွင်းရန်တာဝန်တွေကို ထမ်းဆောင်ရချိန်မှာ
မိမိပြည်သူ/ပြည်သားတွေ ဖြစ်သော်ငြာလည်း အကြိမ်ကြိမ်မေတ္တာရပ်ခံ သတိပေးထားပြီးနောက်
မလိုက်နာသူ ကျောင်းသား ဘုန်းကြီး ပြည်သူ ဖြင့် ခွဲခြားရန်မရှိတော့ပဲ
အမိန့်အတိုင်းဖြိုခွင်းရင်း
လူကြမ်းကြီးဘဝကို ရောက်ရပါလိမ့်မယ် ---

ကျောင်းသား
==========
တိုင်းပြည်မငြိမ်သက်တော့ ကျောင်းတွေ ပိတ်ပါလိမ့်မယ် - ကျောင်းပိတ်ချိန် (ဆူပူမှုကာလမှာ) မိဘကူ ကိုယ့်အိမ်ကိုယ် အေးဆေးနေတဲ့သူတွေရှိသလို
နိုင်ငံရေးသမားတွေရဲ့မြှောင်ပင့်မှုကို အဟုတ်ထင်ပြီး နှဖူးတွေစည်း လက်တွေစည်း အလံတွေကိုင် ဟိုအော် ဒီအော်နဲ့ လမ်းပေါ် တက်လာတဲ့သူတွေက ပိုများလာပါလိမ့်မယ်
လူငယ်ခြေတက်ဖြစ်နေချိန်မှာ ပြောသမျှစကားနားရောင်ပြီး မိသားစုကိုတောင်မှ မငဲ့ညှာတော့ပဲ နိုင်ငံရေးသမားတွေရဲ့ ကျောင်းသားသည်းခြေကြိုက် မြှောက်ထိုးပင့်ကော် စကားတွေပဲနားထောင်ပြီး ဘဝပျက်သူပျက် အသက်ဆုံးရှုံးသူဆုံးရှုံး ထောင်ထဲထည့်မလောက် ငကန်းပေါက်စ လေးတွေရဲ့ ဇတ်သိမ်းကတော့ နောက်ဆုံးမှာ ဝရမ်းပြေးဖြစ်ရခြင်းဆိုတာနဲ့ နိဂုံးချုပ်ပါလိမ့်မယ်။

ဘုန်းကြီးး
=======
အချို့သော သံဃာတွေအနေနဲ့ သင်္ကန်းအားကိုး
ကျောင်းသားနဲ့တွဲပြီး လမ်းပေါ်ရောက်လာပါလိမ့်မယ် ။ နိုင်ငံရေးလုပ်စားတဲ့ နိုင်ငံရေးသမားများရဲ့ ပါးစပ်ဖျားက စကားလေးတွေကို ကြိုက်ပြီး နေပူရဲရဲမှာ ချွေးသံရွှဲရွှဲနဲ့ ဘုရားသားတော် အစစ်တွေမှဟုတ်ပါလေစ လို့ မှတ်ယူရလောက်အောင် ကြည်ညိုဖွယ်အဆင်းပျောက်ပြီး ရဲရဲတောက် အော်ဟစ်ကြပါလိမ့်မယ် ။
သင်္ကန်းအားကိုးနဲ့ ငါတို့ကိုတော့
မပစ်လောက်/မရိုက်နှက်လောက်ပါဘူးရယ်လို့ မှတ်ယူထားတာတွေဟာ
လက်တွေ့ဖြစ်မလာချိန်မှာတော့ အင်းစိန်ရောက်လို့ လူဝတ်လဲကာ တိုက်နန်းစံဘဝနဲ့ အဆုံးသတ်ပါလိမ့်မယ်။

လက်နက်ကိုင်သောင်းကျန်းသူ
======================
အစိုးရနဲ့စစ်တပ်ဟာ ပြည်တွင်းသပိတ်နဲ့ အလုပ်များနေချိန်မှာ တောကြောင်တွေ လက်ခမောင်းခတ်ပါလိမ့်မယ်။ ဆက်ကြေးကောက် လူသစ်စု နီးစပ်ရာတပ်ရင်းတပ်ဖွဲ့နောက်ချန်အင်းအားတွေကို
ဝင်တိုက်ပြီး
စစ်ရေး စီးပွားရေး အရ
ရနိုင်သမျှ အမြတ်ထုတ်ပါလိမ့်မယ် ။

အဲ့တော့

"ဘယ်နိုင်ငံရေးသမားမှ လမ်းပေါ်မှာမသေဘူး" ဆိုတဲ့ စကားအတိုင်းသာဆိုရင်

လမ်းပေါ်မှာ သေတဲ့လူတွေ ဘဝပျက်တဲ့သူတွေက
ဘယ်သူတွေလည်းဆိုတာရှင်းပါတယ် ။

ကျွန်တော်တို့ ပြည်သူ
ကျွန်တော်တို့ သံဃာ
ကျွန်တော်တို့ ကျောင်းသား တွေပါပဲ --/

ကျွန်တော်တို့ နိုင်ငံကို ချစ်ရင်
ကျွန်တော်တို သံဃာကို ကြည်ညိုရင်
ကျွန်တော်တို့ ပြည်သူကို ချစ်ရင်
ကျွန်တော်တို့ ကျောင်းသားတွေကို ချစ်ရင်
လမ်းပေါ်ထွက် ဆူပူအောင်လုပ်ဖို့တော့ နားရောင်မလွယ်နဲ့

တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
ပြောင်းလဲမှုကို
အမြန်တစ်ကာအမြန်ဆုံး လိုချင်တပ်မက်နေတဲ့
ပြည်သူတွေကို
စနစ်တကျ လှည့်စားမယ့်
နိုင်ငံရေး စားဖားကြီးတွေစောင့်နေတယ်-/

Yar Kyaw

No comments: