"NLD ပါတီသည် အောက်ခြေလွှတ် သွေးနထင်ရောက်နေပြီး သမ္မတဦးသိန်းစိန်သည်သာ အကောင်းဆုံးရွှေးချယ်မှု ဖြစ်" ဟု ဦးဝီရသူ ပြောကြား
----- ----- ----- -----
မဘသ ဘုန်းတော်ကြီး ဦးဝီရသူက နိုဝင်ဘာ ၈ ရွေးကောက်ပွဲ အတွက် သမ္မတ ဦးသိန်းစိန်၏ အာဏာရ ကြံ့ခိုင်ရေးပါတီကို အတိအလင်း ထောက်ခံပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ဘ၀င်မြင့် အောက်ခြေလွှတ် သွေးနထင် ရောက်နေပြီး ရွေးကောက်ပွဲ အနိုင်မရနိုင်ဟု ရိုက်တာသတင်းဌာနနှင့် တနင်္ဂနွေနေ့ က ရန်ကုန် သုဝဏကွင်းတွင် မဘသ အဖွဲ့ဝင် ထောင်နှင့်ချီ တက်ရောက်သော မျိုးစောင့်ဥပဒေ အခမ်းအနား မတိုင်မီ ပြုလုပ်သည့် မေးဖြေကဏ္ဍ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအတွင်းရှိ လူနည်းစု ဘာသာဝင်များကို ပစ်မှတ်ထားသည်ဟု စွပ်စွဲ ခံနေရသော မျိုးစောင့်ဥပဒေ ၄ မျိုးအား ပြဋ္ဌာန်းရန် မဘသ က တွန်းအားပေးခဲ့ သဖြင့် ပေါ်ပေါက်နေသည့် တင်းမာမှုများမှာ ဦးဝီရသူ၏ စကားကြောင့် ပိုမိုမြင့်တက်လာဖွယ် ရှိသည်။
ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မဘသအဖွဲ့မှာ မျိုးစောင့် ဥပဒေများ ကို ဝေဖန် ခဲ့သည့် NLD အား ဆန့်ကျင်သည့် အင်အားစု တစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ဦးဝီရသူက NLD ကို ဖိအားပေး ဝေဖန်ခြင်းကို ကြံ့ခိုင်ရေး ပါတီ အား ထောက်ခံမှုအဖြစ် အဓိပ္ပာယ်ကောက်ယူနိုင်သည် ဟု လေ့လာ သူများက ဆိုသည်။
ဦးဝီရသူက “ဘုန်းကြီးတို့ နိုင်ငံနဲ့ လူမျိုး အတွက် အကောင်းဆုံး ရွေးချယ် ရမယ်ဆိုရင်တော့ အဲဒါက သမ္မတကြီး ဦးသိန်းစိန် ရဲ့ အစိုးရပါပဲ။ သူတို့က တံခါးဖွင့်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အတွက် အဆင့်ဆင့် ဆောင်ရွက်နိုင် ပါတယ်” ဟု ပြောကြားခဲ့သည်။
မဘသ သည် ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးခြင်းမရှိ ဟု ဦးဝီရသူက
ငြင်းဆိုခဲ့သော်လည်း မျိုးစောင့်ဥပဒေများကို ထောက်ခံခြင်းအတွက်
ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
ဦးဝီရသူက “တကယ်လို့ NLD က အစိုးရဖြစ်လာပြီး ဒီဥပဒေတွေကို ပြင်ဆင် မယ်ဆိုရင် မဘသနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။
The Ladies News Journal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment