Monday, October 5, 2015

NLD ပါတီ အနိုင်ရလာခဲ့ရင် ... ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သွားမယ်လို့  ... အောက်တိုဘာလ ၃ရက်နေ့  ... မိုးကောင်းမြို့ မှာ ပြုလုပ်တဲ့  မဲဆွယ်ပွဲ မှာ ... ဒေါ်အောင်ဆန်းစုကြည်က ... တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ပါတယ် ...

NLD ပါတီ အနိုင်ရလာခဲ့ရင် ...
ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သွားမယ်လို့  ...
အောက်တိုဘာလ ၃ရက်နေ့  ...
မိုးကောင်းမြို့ မှာ ပြုလုပ်တဲ့  မဲဆွယ်ပွဲ မှာ ...
ဒေါ်အောင်ဆန်းစုကြည်က ...
တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ပါတယ် ...
ပုဒ်မ ၅၉ (စ) ရဲ့  အဓိပ္ပာယ်ဖွင့်ဆိုချက် အပြည့်အစုံကတော့ ...
နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများသည် -
မိမိကိုယ်တိုင်သော်လည်းကောင်း
မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း
မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း
ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ
သို့ မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ
သို့ မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ
ထိုသူများသည်
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း
တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း
ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့်ရှိသူများ မဖြစ်ရစေရ - လို့ ဖြစ်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြောဆိုချက်အပြည့်အစုံကို ..
မူရင်း RFA လင့် -
http://www.rfa.org/burmese/news/dassk-moekaung-speech-10032015123355.html မှာ ...
အသံဖိုင် နဲ့ တကွ နားဆင်နိုင်ပါတယ် ...


No comments: