NLD အာဏာရရင် သံဃာတွေအပေါ်ထားရှိအပ်သော ဂါရဝတရားများ ပျောက်ကွယ်တော့မည်လော
NLD အာဏာရလာရင် သာသနာကွယ်မယ် ဆိုတဲ့အမြင်နဲ့ပတ်သက်လို့ ဘာသာရေးအကြောင်းပြပြီး နိုင်ငံရေးမဲဆွယ်တယ်ပြောမှာစိုးလို့ ဒီအမြင်အပေါ် သုံးသပ်ချက်မပြုလိုပါဘူး။ ဒါပေမယ့် NLD အာဏာရလာရင် လူတွေက သံဃာတွေအပေါ်ထားအပ်တဲ့ ဂါရဝတရားပြုမှု အစဉ်အလာကတော့ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာတော့ ပြောကြားချင်ပါတယ်။
စာရေးသူတို့ ငယ်ငယ်က ဘုန်းကြီးကို နာမည်အတိုင်းခေါ်ရင် အပြစ်ကြီးတယ်အထိ ခံယူပြီး မခေါ်ရဲပါဘူး။ ဥပမာ - ဦးပညာဝရ ဆိုပါစို့။ ဘုန်းကြီးရှေ့မှာ မဟုတ်ဘဲ နောက်ကွယ်မှာ ဘုန်းကြီးနာမည်ပြောရင်တောင် ဆရာတော်ဦးပညာဝရ (သို့မဟုတ်) ဘုန်းဘုန်းဦးပညာဝရ လို့ ခေါ်လေ့ရှိခဲ့ပါတယ်။
ခုတော့ ဒီအလေ့အထက ပျောက်သလောက်ဖြစ်နေပါပြီ။ ခုတော့ NLD backer တွေဆိုရင် ဝီရသူ၊ ပညာဝရ စသည်ဖြင့် ဦး၊ အရှင် တောင်မတပ်ဘဲ ခေါ်နေကြပြီ။ ဒီလိုခေါ်တာကလည်း သူတို့အဖို့ မဆန်းတော့သလိုတောင် ဖြစ်နေကြပြီ။ ခေါ်ခွင့်ရှိတယ်လို့လည်း ယူဆနေကြပုံရရဲ့။
တဖြည်းဖြည်းနဲ့ သံဃာတွေအပေါ် ဂါရဝေါ စ၊ နိဝါတော စ က ပါးသထက် ပါးလာတယ်။ အစပြုတာကတော့ NLD တွေပဲ။ အရင်က ဘုန်းကြီးကို "ဂတုံး" လို့ ခေါ်တာသည် ကြီးမားသောစော်ကားမှုတစ်ခုလို့ ယူဆကြလို့ မည်သူမျှ ပြောလေ့မရှိဘူး။ ခုတော့ NLD တွေကြား ဘုန်းကြီးကို ဂတုံးလို့ ပျက်ရယ်ပြုတာ အတော်လေးတွင်ကျယ်နေပြီ။ NLD အာဏာရလာမယ်ဆိုရင် ဒီလိုပျက်ရယ်ပြုမှုတွေက လူထုကြားပျံ့နှံလိမ့်မယ်လို့ တွေးပူစရာရှိတယ်။
အရင်က ဘုန်းကြီးကိုဆဲတယ်ဆိုတာ ဘုရားကိုဆဲသလိုပဲလို့ ယူဆခဲ့ကြတယ်။ မှတ်မှတ်ရရ NLD က အမတ်မင်းသူ ဘုန်းကြီးကို နွားနှင့်နှိုင်းပြီးနောက်ပိုင်း ဘုန်းကြီးတွေကို ဖေ့စဘုတ်မှာ ဆဲလာကြတယ်။ ဘာသာခြားတွေပဲဖြစ်မယ်လို့ တွေးထင်ခဲ့ပေမယ့် မထင်ရက်စွာ မြန်မာတွေလည်း ပါနေတယ်။ ထုံးစံအတိုင်း NLD ပါတီဝင် (သို့မဟုတ်) ထောက်ခံသူများပါပဲ။ ဘာလို့ဒီလိုပြောနိုင်လဲဆို သူတို့ရဲ့ ပရိုဖိုင်း၊ ပို့စ်တွေကို သေချာကြည့်ရှုပြီးပြောတာမို့ပါ။ မျိုးစောင့်ဥပဒေဂုဏ်ပြုပွဲအပြီးမှာ "ငါ… သီတဂူ ငါ…ဝီရသူ……………" ဆဲထားတာတွေ့လို့ "ဒီကုလားတော့ မိုက်ရိုင်းလိုက်တာ" အောက်မေ့မိခဲ့ပေမယ့် သေချာကြည့်လိုက်တော့ မြန်မာ-NLD တစ်ယောက်ရဲ့ အကောင့်ဖြစ်နေပါတယ်။ ဘယ်လိုပဲအမြင်မတူသည်ဖြစ်စေ ဘုန်းကြီးတွေကိုတော့ ဆဲဖို့မသင့်ပါဘူး။ ခုရက်ပိုင်းမှာဆိုရင် ဘုန်းကြီးတွေကိုဆဲတာ ပိုပြီးတော့တောင် များလာတယ်လို့ ထင်မိတယ်။
ခုနောက်ဆုံးတွေ့ရတာက ဘုန်းကြီးတွေကို စိန်ခေါ်နေတဲ့ ရေးသားမှုတွေပါ။ ဆဲတာတင်မကတော့ဘဲ တစ်ချို့များဆို "ဝီရသူ မင်းလူထွက်ခဲ့ ငါနဲ့ချမယ်" စသဖြင့် ဖေ့စဘုတ်ပေါ်မှာ ရေးသားလာကြတာပါ တွေ့ပါတယ်။
သုံးသပ်ရရင်တော့ သံဃာတွေအပေါ် ဂါရဝတရားက အကျဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ အချို့သော သံဃာများအပေါ်ဂါရဝပြုမှုအလေ့အထတွေက ပျောက်ကွယ်လုဖြစ်နေပါပြီ။ ရင်းမြစ်က NLD တွေက စတာဖြစ်ပြီး ပတ်သက်ဆက်နွယ်ရာများမှတစ်ဆင့် ထုံးစံတစ်ခုသဖွယ် တည်ရှိလာပါတယ်။ ဆိုးဝါးသည်ထက် ဆိုးဝါးလာတဲ့ အနေအထားမှာ NLD ပါတီအာဏာရလာရင် သံဃာအပေါ်ထားအပ်တဲ့ယဉ်ကျေးမှုဂါရဝတွေသည် ပျောက်ကွယ်သွားမှာကိုတောင် စိုးရိမ်ရတယ်လို့ မှတ်ချက်ပြုရပါတယ်။
SMH
Hantharwady News
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment