တိုင်ဖုန်း Koppu ကြောင့် ဖိလစ်ပိုင်မှာ ရေကြီး
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ အင်အားပြင်းတဲ့ Koppu တိုင်ဖုန်း မုန်တိုင်း ၀င်ရောက်နေတဲ့အတွက် ရွာပေါင်းမြောက်များစွာမှာ ရေကြီးရေလျှံမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းကတည်းက တဖြေးဖြေး ၀င်ရောက်နေတဲ့ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၆ ၀၀၀ ကျော် အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။
ကယ်ဆယ်ရေးတပ်ဖွဲ့တွေက အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေတဲ့သူတွေကို ကယ်တင်ဖို့ တပ်ဖြန့်ထားပေးမယ့် ပိုမို ဝေးလံတဲ့ဒေသတွေမှာ ကူညီနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
မုန်တိုင်းဟာ အားအနည်းငယ်ပျော့သွားပေမယ့် လာမယ့်ဗုဒ္ဓဟူးနေ့အထိ ဆက်လက်ရှိနေပြီး မုန်တိုင်းကြောင့် မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေအုံးမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းရှိ Casiguran မြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက စတင်ဝင်ရောက်တဲ့ Koppu တိုင်ဖုန်းမုန်တိုင်းဟာ တနာရီ ၁၂၄ မိုင်နှုန်းနဲ့ လေပြင်းတိုက်မှုကြောင့် ဒေသအတော်များများမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။
မြို့တော်မနီလာမှာ သစ်ပင်လဲကျခဲ့တဲ့အတွက် ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မနီလာမြို့ အနောက်မြောက်ပိုင်းရှိ Subic မြို့မှာတော့ အုပ်တံတိုင်းတစ်ခုပြိုကျခဲ့တာကြောင့် အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ အစိုးရသတင်းတွေက ဖော်ပြပါတယ်။
တနင်းလာနေ့ မနက်ပိုင်းမှာတော့ နိုင်ငံမြောက်ပိုင်း Santiago မြို့မှာ လေတိုက်ခတ်မှုနှုန်းဟာ တနာရီ မိုင် ၉၃ မိုင်
အထိ လျော့သွားခဲ့တယ်လို့ အစိုးရမိုးလေ၀သဌာနက ပြောကြားပါတယ်။
BBC Burmese
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment