ဆောင်းသီးနှံစိုက်ပျိုးသူ ၄ ဦးအား ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ KIA မှ ဖမ်းဆီးခေါ်ဆောင်
8-10-2015
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်နေသူ ၄ ဦး အား အောက်တိုဘာ ၁ ရက်နေ့တွင် KIA အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ် ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ရှင်ဗွေယန်မြို့နယ်၊ တခက်ကျေးရွာတွင် နေထိုင်သော ဦးချောန်းမိုင် (၃၅)နှစ်၊ ဦးဒေးယုံ (၂၅)နှစ်၊ မောင်ထအောင်(၂၃)နှစ်နှင့် ဦးဇန်ဝါး(၂၈)နှစ်တို့ (၄)ဦးသည် တခက်ချောင်းနှင့် တနိုင်းချောင်းဆုံအနီး တစ်ဝိုက်၌ ဆောင်းသီးနှံစိုက်ခင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ စက်လှေ ၂ စီးဖြင့် စက်စဲချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တခက် ရွာသားတစ်ဦးမှ ပြောပါသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် KIA အဖွဲ့အနေဖြင့် အင်အားစုဆောင်းခြင်းဖြစ်နိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းကို မလုပ်နိုင်သဖြင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်သောက ရောက်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောပါသည်။
“ KIA အဖွဲ့တွေ ယာခင်းထဲ မကြာခဏရောက်လာပြီး အလုပ်လုပ်နေတဲ့ ရွာသားတွေကို ဘိန်းစိုက်တယ်လို့ အကြောင်းပြပြီး အတင်းဖမ်းသွားတာ ဒီတစ်ကြိမ်တည်းမကတော့ဘူး ၊ KIA အနေနဲ့ အခုလို ဒေသခံတွေကို ဘိန်းစိုက်တယ်လို့ စွပ်စွဲပြီး အတင်းအကြပ် ဖမ်းနေမှုကို လက်မခံနိုင်တော့ဘူး ၊ KIA ခေါင်းဆောင်ပိုင်းတွေကို ဖြေရှင်းပေးဖို့ တိုင်ကြားပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာ မရှိပါဘူး ၊ ဒီဒေသမှာ နေထိုင်တဲ့ ပြည်သူတွေဟာ အကာအကွယ်မဲ့ဘ၀ကို ရောက်နေပါတယ် ” ဟု ဒေသခံကျောင်းဆရာတစ်ဦးက ပြောကြားသွားပါသည်။
မင်းနောင်(တနိုင်း)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment