Sunday, October 18, 2015

ဆွမ်ပရာဘွမ်ဒေသ တိုက်ပွဲအတွင်း KIA ထိန်းချုပ်မှုအောက်ရှိ စစ်ရှောင်ဒုက္ခသည် အများစုမှာ ထွက်ပြေးလွတ်မြောက်လာပြီး KIA ၏ ဆွေမျိုးများသာ ကျန်ရစ်သည်ဟုဆို

ဆွမ်ပရာဘွမ်ဒေသ တိုက်ပွဲအတွင်း KIA ထိန်းချုပ်မှုအောက်ရှိ စစ်ရှောင်ဒုက္ခသည် အများစုမှာ ထွက်ပြေးလွတ်မြောက်လာပြီး KIA ၏ ဆွေမျိုးများသာ ကျန်ရစ်သည်ဟုဆို
=========================================
17, October, 2015 By Voice Of Kachin

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသတွင် ဇူလိုင်လအတွင်းက အစိုးရတပ်မတော်နှင့် KIA သောင်းကျန်းသူတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မလိယန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူများကို KIA မှ စစ်ရှောင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသောကြောင့် မလိယန်ကျေးရွာ ဒေသခံ များနှင့် KIA နှင့် ဆွေမျိုးမနီးစပ်သောဒေသခံပြည်သူများမှာ ထွက်ပြေးလာကြပြီး နိုင်ငံတကာ သတင်းမီဒီယာပေါ်သို့ ရောက်ရှိခဲ့ခြင်းကြောင့် KIA ရင်း(၇)မှ ဖမ်းဆီးခေါ်ဆောင် ထားသော စစ်ရှောင်များကို ပြန်လွှတ်ပေးခဲ့ရပြီး KIA ဆွေမျိုးနီးစပ်သူများကိုသာ အကြပ်ကိုင်၍ စစ်ရှောင်ဒုက္ခသည်အဖြစ် အလှူခံရန် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလာပြီး ဆွမ်ရာဘွမ်တွင် လုပ်ကိုင်စားသောက်နေသော ဒေသခံတစ်ဦးက “စစ်လဲ ဖြစ်ရော တွေ့တဲ့လူ အကုန်ဆွဲခေါ်သွားတယ်.. ဟိုဘက်လဲရောက်ရော နေစရာမရှိ စားစရာမရှိ.. အကုန်လုံးက(စစ်ရှောင်ဒုက္ခသည်များ) ကိုယ့်ရွာကို ပြန်ချင်ကြတယ်.. ရွာမှာပဲ နေချင်ကြတယ်.. ဟိုဘက်ရောက်သွားပြီဆိုတာနဲ့ ပြန်လမ်းမရှိတော့ဘူးဆိုတာလဲ အားလုံးသိတယ်..

အဲ့ဒါကြောင့် အကုန်လုံး နီးပါးထွက်ပြေးလာကြတာ… ကျန်တာဆိုလို့ သူတို့အမျိုးတွေပဲ ကျန်တယ်.. အဲ့ဒါလဲ ထွက်ပြေးရင် KIA ထဲမှာရှိတဲ့ မင်းတို့အမျိုးတွေကို သတ်ပစ်မယ်လို့ ပြောလို့ ကျန်ခဲ့တာ..၊ အခု သူတို့အမျိုးတွေ ဒုက္ခရောက်နေလို့ လိုက်ပြီး အလှူခံနေတယ်ကြားတယ်… ကိုယ့်အမျိုးကို ဒုက္ခရောက်အောင် သူတို့တွေပဲ လုပ်နေကြတာပဲ ” ဟု ဦးအိုက်ထွန်းမှ ပြောကြားထားပါသည်။

Photos from Kachin Land's post



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: