သတင်းစာ၊ ဂျာနယ်များတွင် အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းဖော်ပြခြင်း မပြုရန်မေတ္တာရပ်ခံခြင်း
နိုင်ငံအတွင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်များတွင် ယခင်က အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းခြင်းကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသော်လည်း ယနေ့ အချိန်တွင် သတင်းစာ၊ ဂျာနယ်အချို့၌ အရက်၊ ဘီယာကြော်ငြာများကို ကျယ်ကျယ် ပြန့်ပြန့် ထင်ရှားစွာ ထည့်သွင်းဖော်ပြလာကြပါသည်။
အဆိုပါ အရက်၊ ဘီယာကြော်ငြာများသည် လူငယ်များ ကိုအရက်သေစာသောက်စား စေရန် တိုက်တွန်းလှုံ့ဆော်ရာ ရောက်ပြီး အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သောကြောင့် ပြန်ကြား ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူးက အရက်၊ ဘီယာကြော်ငြာ များထည့်သွင်းဖော်ပြခဲ့ကြသော Tomorrow သတင်းဂျာနယ်၊ ပြည်မြန်မာ ဂျာနယ်၊ လူထုပုံရိပ်ဂျာနယ်၊ Popular News Journal၊ Myanmar Post Journal၊ Myanmar Post Global Journal၊ ဧရာဝတီ(The Irrawaddy) ဂျာနယ်၊ News Watch Journal၊ First Weekly News Journal၊ The First Music News Journal၊ ပန်းသတင်းဂျာနယ်၊ အလင်းတန်းဂျာနယ်၊ Shape Journal၊ Sunday Journal၊ Oasis Journal၊ Auto World နည်းပညာဂျာနယ်၊ Sport Times အားကစားဂျာနယ်၊ Premier Eleven အားကစားဂျာနယ်၊ World Football အားကစားဂျာနယ် ၊ 90:00 Minutes အားကစားဂျာနယ် ၊အင်အား အားကစားဂျာနယ်၊ Health Care ကျန်းမာရေးဂျာနယ် နှင့် Myanmar Times Daily သတင်းစာ တို့၏ထုတ်ဝေသူ၊ တာဝန်ခံ အယ်ဒီတာတို့ကို ရန်ကုန်မြို့၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲတွင်ယနေ့နံနက် (၉:၀၀) နာရီအချိန်ခေါ်ယူတွေ့ဆုံ၍ သတင်းစာ၊ ဂျာနယ်များတွင် အရက်၊ ဘီယာ ကြော်ငြာများ ထည့်သွင်းဖော်ပြခြင်းမပြုရန် အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment