ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး၊ ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်နှင့် အဖွဲ့တို့ ဗန်းမော်ခရိုင်၊ မံစီမြို့သို့ စည်းရုံးရေး ကွင်းဆင်းဆောင်ရွက်
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ (၃)ရက်နေ့ နေ့လည် (၀၁း၀၀) နာရီတွင် ပြည်ထောင်စု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး၊ ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်နှင့် အဖွဲ့တို့ ဗန်းမော်ခရိုင်၊ မံစီမြို့သို့ ရောက်ရှိခဲ့သည်။ မံစီမြို့နယ် အတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များမှ နမ့်မဖွဲကျေးရွာ ဘုရားကုန်းမှ ဆိုင်ကယ် အစီး (၂၀၀) ကျော်ဖြင့် သွားရောက် ကြိုဆိုခဲ့ကြကြောင်း၊ မံစီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ကချင်ရိုးရာဘင်ခရာ အဖွဲ့၊ အိုးစည် ဗုံမောင်းများဖြင့် စည်ကားသိုက်မြိုက်မြိုင်ဆိုင်စွာဖြင့် ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်နှင့် အဖွဲ့ဖြစ်သော ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ သတ္တူနှင့် သစ်တောရေးရာ ဝန်ကြီး ဦးအောင်နိုင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုးသိန်း၊ ဗန်းမော် ခရိုင်အတွင်းရေးမှူး ဦးသန်းဇော်လေး၊ ဗန်းမော်မြို့နယ်ပါတီ အတွင်းရေးမှူး နှင့် ပါတီကော်မတီများ၊ စည်း/မှူးများနှင့် ပါတီဝင် တို့အား ကြိုဆိုခဲ့ကြ ကြောင်း ၊ နေ့လည် (၀၁း၃၀) နာရီတွင် မံစီပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ အခမ်းအနား သို့ တက်ရောက်လာသော မဲဆန္ဒရှင် ပြည်သူများအင်အား (၇၀၀) ဦးခန့်တို့အား စည်းရုံးရေး အမှာစကားများ ပြောကြားခဲ့ကာ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအား ရှင်းလင်းချပြဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပါတီ အတွင်းရေးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသော ကချင် တိုင်းရင်းသား မြို့မိ/ မြို့ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊ ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော် မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment