Sunday, October 18, 2015

အိပ်မက်ပိုက်ကွန်ဖမ်းသူဖက်ရှင်

အိပ်မက်ပိုက်ကွန်ဖမ်းသူဖက်ရှင်

လူမျိုးတိုင်း လူမျိုးတိုင်းမှာ သူတို့ရဲ့ ယဉ်ကျေးမှုအသီးသီးက ဆင်းသက်လာတဲ့ အလှတန်ဆာ ဖက်ရှင်ပစ္စည်းလေးတွေ ရှိပါတယ်။ ဒီပစ္စည်းလေးတွေမှာ နောက်ခံ သမိုင်းကြောင်းလေးတွေ ရှိနေတတ်တယ်။ ဒီတစ်ပတ်မှာ Native American တွေ ဆင်ယင်လေ့ရှိတဲ့ Dream Catcher ဆိုတဲ့ ပစ္စည်း လေးအကြောင်း မိတ်ဆက်ပေးချင် ပါတယ်။

အသုံးပြုပုံများ

Dream Catcher ဆိုတာ အ၀ိုင်းပုံစံ ပင့်ကူအိမ်လေးမှာ ငှက်မွေးလေးတွေ၊ ပုတီးလေးတွေနဲ့ တွဲသီထားတဲ့ နားဆွဲလို အဆင်တန် ဆာတစ်ခုဖြစ်ပါတယ်။ ဖုန်းတွေမှာ လည်း ဖန်စီပစ္စည်းအဖြစ် အသုံးပြု ကြသလို နားဆွဲအဖြစ်နဲ့လည်း အသုံးပြုကြပါတယ်။ ခန္ဓာကိုယ်မှာ တက်တူးအနေနဲ့လည်း ထိုးကြပါ သေးတယ်။ အခုဆို အိုင်ဖုန်းအတွက်တောင် ထုတ်နေကြပါပြီ။ အိပ်ခန်းထဲမှာလည်း ချိတ်ဆွဲထားနိုင်ကြပါတယ်။

ရာဇ၀င်

ဒီဆွဲဝိုင်းလေးကို စတင်ပြီး တီထွင်ခဲ့တဲ့သူတွေကတော့ အနီရှင်နာ ဘီလူမျိုးတွေလို့ ယူဆဖွယ်ရာ ရှိပါတယ်။ အနီရှင်နာဘီလူမျိုးတွေဟာ အမေရိကန်နဲ့ ကနေဒါတောင်ပိုင်း နယ်စပ်ကြားမှာ နေခဲ့ကြတဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ သူတို့ကို အမေရိကန်မှာ ချီပီဝါလို့ အသိများကြပြီး ကနေဒါမှာတော့ အိုဂျီဘွေးလို့ ခေါ် ဝေါ်ကြပါတယ်။

အီုဂျီဘွေးရာဇ၀င်အရ ...

တစ်ခါက အဘွားအိုကြီး တစ်ယောက်ဟာ သူ့အိပ်တဲ့အိပ်ရာ ထက်က ပင့်ကူတစ်ကောင်ကို နေ့ စဉ် ကြည့်နေခဲ့တယ်။ တစ်နေ့တော့ သူ့မြေးလေးက ပင့်ကူကို တွေ့သွား ပြီး သတ်ဖို့ လုပ်တယ်။ အဘွားအိုက မသတ်နဲ့လို့ တားတော့ မြေးငယ် လေးက အံ့အားသင့်သွားတယ်။ အဲဒီမှာ ပင့်ကူလေးက အဘွားအိုကို ကျေးဇူးတင်သွားပြီး ပင့်ကူအိမ်တစ်ခု လုပ်ပေးခဲ့တယ်။ ညဘက်အိပ်တဲ့ အခါ အိပ်မက်ဆိုးတွေ မမက်အောင် ဒီပင့်ကူအိမ်က တားဆီးကာကွယ် ပေးလိမ့်မယ်ဆိုပြီး လက်ဆောင် အနေနဲ့ ပင့်ကူအိမ်လေးကို လုပ်ပေး ခဲ့တယ်။

အနီရှင်နာဘီ ရာဇ၀င်အရ ...

ပင့်ကူမိန်းမတစ်ယောက်ဟာ ကမ္ဘာလှည့်ပြီး မွေးကင်းစကလေး တွေဆီကို သွားတယ်။ ကလေးတွေ ညဘက်အိပ်ရာဝင်တဲ့အခါမှာ အိပ်မက်ဆိုးတွေ မမက်အောင် ကာကွယ်ပေးဖို့ မွေးကင်းစကလေးတွေရဲ့ ပုခက်ပေါ်မှာ မှော်ပင့်ကူအိမ်လေးကို လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာညောင်းလာတော့ လူမျိုးစုတွေဟာ ဟိုတစ်ကွဲ ဒီတစ်ကွဲနဲ့ နေရာ အနှံ့ ပျံ့နှံ့သွားတော့ မွေးကင်းစ ကလေးတွေဆီ အချိန်မီရောက်ဖို့ ခက်ခဲလာတယ်။ ဒါနဲ့ပဲ Dream Catcher လေးကို တီထွင်ခဲ့တယ်။ စပြီး တီထွင်ခဲ့တဲ့အချိန်မှာ သဘာဝပစ္စည်းတွေနဲ့ပဲ တီထွင်ခဲ့တာဆိုတော့ သိပ်မကြာဘူး။ ပျက်စီးသွားခဲ့တယ်။ ဒီတော့ ကလေးတွေရဲ့ ခေါင်းရင်းထက်မှာ ပြန်ပြီး အသစ်ပြန်လဲပေး ရင်းနဲ့ Dream Catcher ဟာ နေရာ အနှံ့ပျံ့နှံ့လာခဲ့တော့တယ်။

ငှက်မွေးသင်္ကေတ

Dream Catcher မှာရှိတဲ့ ငှက်မွေးလေးတွေဟာ သူ့အဓိပ္ပာယ် နဲ့သူ ရှိပါတယ်။ ငှက်မွေးလေးတွေ ဟာ အသက်ရှူဖို့နဲ့လေကို ကိုယ်စား ပြုပါတယ်။ လေဟာ ရှင်သန်ခြင်း အတွက် မရှိမဖြစ်အရေးကြီးတဲ့ဟာ ဖြစ်ပါတယ်။ ငှက်မွေးလေးတွေဟာ အိပ်မက်ကောင်းတွေကို ဆွဲယူပြီး ကလေးတွေရဲ့ အိပ်မက်ထဲကို လျှော့ ချ ထည့်သွင်းပေးတဲ့လှေကားသဘော ဖြစ်ပါတယ်။
ငှက်မွေးက သာမန်အားဖြင့် နှစ်မျိုး ရှိပါတယ်။ ဇီးကွက်မွေးနဲ့လင်းယုန်မွေး ဖြစ်ပါတယ်။ ဇီးကွက်မွေး က မိန်းကလေးတွေအတွက် ဖြစ်ပြီး ညဏ်ပညာကြီးရင့်ခြင်းကို ပေးစွမ်း စေပါတယ်။ လင်းယုန်မွေးကတော့ သတ္တိကို ပေးစွမ်းစေပါတယ်။

အ၀ိုင်းသင်္ကေတ

သစ်သားဝိုင်းလေးကတော့ ဘ၀ကို ကိုယ်စားပြုပါတယ်။ ဘ၀ရဲ့ ရှင်သန်မှုကို စက်ဝိုင်းနဲ့ တင်စား ထားတဲ့သဘော ဖြစ်ပါတယ်။
ပင့်ကူအိမ်သင်္ကေတ
ပင့်ကူအိမ်လေးကတော့ မကောင်းတဲ့အိပ်မက်တွေ မ၀င်လာအောင် ဖမ်းဆွဲယူငင်ပြီး ကောင်းတဲ့ အိပ်မက်တွေပဲ ၀င်လာအောင်လုပ် ပေးတဲ့သဘော ဖြစ်ပါတယ်။

ပုတီးစေ့သင်္ကေတ

ပုတီးစေ့တစ်လုံးတည်းပဲ ပါ လေ့ရှိပေမယ့် ပုတီးစေ့အများကြီးနဲ့ လည်း တန်ဆာဆင်ထားလေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ကောင်းတဲ့အိပ်မက်တွေကို ထည့်သွင်းထား စေတဲ့ သဘောဖြစ်ပါတယ်။

မြားခေါင်းသင်္ကေတ

ကြံ့ခိုင်ခြင်းနဲ့ကာကွယ်ခြင်းကို ကိုယ်စားပြုပါတယ်။
Dream Catcher လေးမှာ အရောင်ပေါ်မူတည်ပြီး အဓိပ္ပာယ် သတ်မှတ်ချက်တွေလည်း ရှိပါသေး တယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: