Monday, October 5, 2015

ကြာကြာ ကလေးမလုပ်နဲ့

ကြာကြာ ကလေးမလုပ်နဲ
----

ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့သိပြီးတော့လုပ်မှ ဖြစ်တော့မယ့်ခေတ်ကို ရောက်နေတယ်နော်။ အင်မတန်တာဝန်ကြီးတဲ့ခေတ် ဖြစ်လာပြီ။

အရင်ခေတ်ကလူတွေဟာ ကလေးဘဝမှာ နှစ်တော်တော်ကြာကြာ
နေရတယ်၊ တချို့ အသက် (၂၀) လည်း ကလေးလိုနေတုန်းပဲ၊ (၃၀) လည်း ကလေးလိုနေတုန်းပဲ၊ (၄၀) တောင် ကလေးလိုပဲနေသေးတာ။

တချို့ဆို မိဘတွေ အသက်ထင်ရှား ရှိနေသေးသရွေ့ ကလေးလိုနေပြီး
တော့ မိဘတွေကွယ်လွန်ကုန်မှပဲ လူကြီးဖြစ်ခွင့် ရတော့တာ။

အခုခေတ်မှာတော့ teen - age လို့ခေါ်တဲ့ (၁၃)နှစ် (၁၄)နှစ် အရွယ်
လောက် ရောက်ပြီဆိုကတည်းက လူကြီးလိုစဉ်းစားဖို့ လိုအပ်ပြီ။ ဒါကို မိဘတွေလည်း သိဖို့လိုတယ်၊ လူငယ်တွေလည်း သိဖို့လိုတယ်။

အခုခေတ်က ကြာကြာ ကလေးလုပ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ "ကလေးလုပ်လို့" ဆိုတာက စားဝတ်နေရေးအတွက် မိဘကိုမှီခိုတာကိုပဲ ကလေးလို့ ဆိုလိုတာမဟုတ်ဘူးနော်။

အမှားအမှန်၊ အကောင်းအဆိုး သင့်တော်တယ်၊ မသင့်တော်ဘူး၊ ဘယ်ဟာတန်ဖိုးရှိတယ်၊ ဘယ်ဟာ တန်ဖိုးမရှိဘူး။ ဘယ်လိုနေရထိုင်
ရမယ် ဘယ်လိုပြောဆိုဆက်ဆံရမယ် အဲသလိုကိစ္စတွေတောင်မှ မိဘတွေကပြောတာကို အရင်တုန်းက ကလေးလိုပဲ လိုက်လုပ်လိုက်တာပဲ။

အခုခေတ်မှာတော့ မရပါဘူး။ ကိုယ့်ဟာကိုယ် ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာကို ကိုယ်ပိုင်အသိဥာဏ်နဲ့ သိပြီးတော့လုပ်မှ ဖြစ်တော့မယ့်ခေတ်ကို ရောက်နေတယ်နော်။

တချို့မိဘတွေ သူတို့သားသမီးလေးတွေကို ၁၄- ၁၅နှစ် အရွယ်လောက်
မှာ နိုင်ငံခြားကို ပို့လိုက်တယ်၊ တချို့လည်း ၁၈-၁၉ အရွယ်လောက်မှာ နိုင်ငံခြားကို ပို့လိုက်တယ်။ အဲဒီကလေးဟာ ဟိုနိုင်ငံရောက်တဲ့အခါ သူ့ကို ဘယ်သူကထိန်းမှာလဲ။

ဘယ်ဟာကောင်းတယ် ဆိုးတယ်၊ ဘယ်ဟာမှားတယ် မှန်တယ်၊ ဘယ်ဟာသင့်တော်တယ် မသင့်တော်ဘူး၊ ဘယ်ဟာတန်ဖိုးထား
ထိုက်တယ် ဘယ်ဟာတန်ဖိုးမထားထိုက်ဘူး၊ ဘယ်လိုလူမျိုးနဲ့ပေါင်း
သင့်တယ် ဘယ်လိုလူမျိုးနဲ့မပေါင်းသင့်ဘူး ဆိုတာကို သူ့ဟာသူမဆုံးဖြတ်နိုင်ရင် ဘာဖြစ်သွားမလဲ။

အဲဒီတော့ ဥာဏ်ကြီးကြီးနဲ့ သေချာစဉ်းစားစေချင်တယ်။ အရေးမကြီးပါဘူး၊ ဒီအရွယ်မှာ ဒါတွေမလိုပါဘူးလို့ ပေါ့ပေါ့လေးသဘောထားရင် တစ်ချိန်မှာ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ဆွေးနွေးဖို့
လိုတယ်၊ စဉ်းစားဖို့လိုတယ်။

ဘယ်ခေတ်ဘယ်အခါမှာဖြစ်ဖြစ် ရင့်ကျက်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ဆိုတာမှာ ဖြတ်သန်းသွားရတဲ့ ခရီးက မလွယ်ပါဘူး။
ဒါကြောင့်ကြာကြာ ကလေးမလုပ်ဘဲ...လူကြီးလိုတွေး..တာဝန်ယူစိတ်
လေးတွေနဲ့ဘ၀ကိုအကောင်းဆုးံဖန်တီးကြနိုင်ကြရမယ်...။

(ဆရာတော်ဦးဇောတိက)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: