Monday, October 5, 2015

သံဃာတော်များ နိုင်ငံရေးနယ်မကျွံရန် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ မိန့်ကြား

သံဃာတော်များ နိုင်ငံရေးနယ်မကျွံရန် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ မိန့်ကြား

ရန်ကုန်၊ အောက်တိုဘာ ၎

သံဃာတော်များအနေဖြင့် ဘာသာ၊ သာသနာရေးအပြင် နိုင်ငံရေးတွင် ပါဝင်နေသည်ဆိုသော လူမှုအသိုင်းအဝိုင်း ပြောဆိုနေမှုများအပေါ် သံဃာတော်များအနေဖြင့် နိုင်ငံရေးနယ်မကျွံရေး ထိန်းသိမ်းကြရန် သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿ ရက တိုက်တွန်းမိန့်ကြားသည်။

အောက်တိုဘာလ ၄ရက်က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမတွင် အမျိုးဘာသာ သာသ နာ စောင့်ရှောက်ရေး(မ.ဘ.သ) အဖွဲ့ဗဟိုဦးဆောင်ပြုလုပ်သည့် မျိုးစောင့်ဥပဒေလေး ရပ် အတည်ပြုပြ ဋ္ဌာန်းနိုင် သည့် ဂုဏ်ပြုကြိုဆိုပွဲတွင် ယင်းသို့ မိန့်ကြားခြင်းဖြစ်သည်။

“အားလုံး ဥလနမျစနနိ မဖြစ်အောင် ထိန်းသိမ်းတော်မူကြပါ ဆရာတော်၊ သံဃာတော်များဘုရား။ ကိုယ့် နယ် မြေမှာကိုယ် အားလုံး အင်အား ရှိပါတယ်။ နယ်မြေမကျူးကျော်ဖို့ အရေးကြီးတယ်” ဟု သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ က မိန့်ကြားသည်။

ထို့ပြင် သံဃာတော်များအနေဖြင့် သာသနာတိုးတက်ပြန့်ပွားရေးဆောင်ရွက်ရာတွင်လည်း ပရိယတ်၊ ပဋိပတ်ကို တိုးပွားအောင်ဆောင်ရွက် သည့်အပြင် လူမှုဝန်းကျင် တရားမမျှတမှုကို ဆောင်ရွက်ပေးခြင်း၊ လူမှုကူညီရေး လုပ်ငန်းများ နှင့် တွဲဖက်လုပ်ကိုင်သင့်ကြောင်း ဒေါက်တာ အရှင်ဉာဏိဿ ရက မိန့် ကြားသည်။

ထိုသို့ မိန့်ကြားမှုနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက “ဒီလိုမိန့်ကြားတာ သဘောကျ ပါတယ်။ သာသနာရေးနဲ့ပတ်သက်ပြီး ဆရာတော်တွေကို လေးလေးစားစား ကြည်ညိုမှုရှိစေ ချင်တာ၊ နိုင်ငံရေး မှာ ပါဝင်လာပြီဆိုရင်တော့ ဝေဖန်မှုတွေရှိလာမှာပဲ။ ဘာသာ ရေးနဲ့ နိုင်ငံရေး နဂိုကတည်းက ခွဲထားပြီးသားပါ” ဟု မှတ်ချက်ပြု ပြောကြားသည်။

ထို့ပြင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက သံဃာတော်များအနေနှင့် ချစ်ခြင်း၊ မုန်းခြင်း အစွန်း နှစ်ပါးကို ရှောင်ရှားကာ တရုတ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံ ဝန်ကြီးချုပ်ဦးနုလက်ထက်သဘော တူညီထားသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဗန်ဒေါင်းမူကြီး ငါးချက်အတိုင်းကျင့်သုံးရန် တိုက်တွန်းမိန့်ကြားသည်။

စက်တင်ဘာလဆန်းပိုင်းက ရန်ကုန်တိုင်း မဘသအဖွဲ့က ဦးဆောင်ပြုလုပ်သည့် ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား တွင် မ.ဘ.သအဖွဲ့ ဗဟိုအလုပ် အမှုဆောင် ဆရာတော်များက မျိုးစောင့်ဥပဒေလေးရပ်ကို ကန့်ကွက် ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖျက်သိမ်းနိုင်ခြေရှိသည့် ကိုယ် စားလှယ်လောင်းများကို မဲမပေးရန် တိုက် တွန်းမိန့်ကြားမှုများ ရှိ ထားသည်။

ထိုသို့ သီတဂူဆရာတော် မိန့်ကြားမှုနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ နာယက ဦးအေးသာအောင်က “ ဒီလိုမိန့်ကြား တာကောင်းပါတယ်။ သံဃာ တော်တွေအနေနဲ့လည်း မဲဆွယ်စည်းရုံးရေးကာလမှာ ဘယ်ကိုယ် စားလှယ်လောင်း မျိုးမဲပေးပါ၊ မဲမပေးပါနဲ့ ပြောတာမဖြစ်သင့်ပါဘူး။ သံဃာ တော်တွေကလည်း သံဃာတော် တွေအလုပ် လုပ်သင့် ပါတယ်” ဟု မှတ်ချက်ပြုပြောကြားသည်။

မ.ဘ.သအဖွဲ့အနေနှင့် မန္တလေးခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ အမျိုးသား လွှတ်တော်ကိုယ် စား လှယ် လောင်းများနှင့်တွေ့ဆုံမေးမြန်းထားသည့် အချက်များကို ပြန်လည်ဖော်ပြ ကာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မ.ဘ.သ အဖွဲ့ ဦးဆောင်ဆရာ တော် ဦးဝီရသူက မိန့်ကြားထားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: