တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသော ရာထူးအဆင့်များအား သုံးနှုန်းခြင်း မရှိစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ညွှန်ကြားချက်အား သတင်းသမားများ ကန့်ကွက်လွှာတင်ရန် စီစဉ်
************************************************************
ကေယူ ၊ ရန်ကုန်၊ အောက်တိုဘာ ၉
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သတ်မှတ်ထားသည့် ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသော ရာထူးအဆင့် များကို သုံးနှုန်းခေါ်ဝေါ်ခြင်းမရှိစေရန် ထိန်း သိမ်းကြပ်မတ်ပေးရေးအတွက် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညွှန်ကြားချက်အ ပေါ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေ သခံ သတင်းသမားများစုပေါင်းကာ ကန့်ကွက် လွှာပေးပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။
အောက်တိုဘာ ၈ ရက် ရက်စွဲ ဖြင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးဌာနမှူး (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန)မှ ဧရာဝတီတိုင်းဒေသကြီး မြန်မာ နိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးဇော်တင့်ထံ ပေးပို့သည့်စာတွင် 'ဧရာဝ တီတိုင်းဒေသကြီး အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များ သတ်မှတ်ထားသော ရာ ထူးအဆင့်များ (ဥပမာ ဗိုလ်ချုပ်ကြီးရွက် ဆစ်၊ ဗိုလ်ချုပ်ဂွမ်မော်) စသည်ဖြင့် သုံးနှုန်း ခေါ်ဝေါ်ခြင်း မရှိစေရေး ထိန်းသိမ်းကြပ် မတ်ပေးရေးအတွက် တိုင်းဒေသကြီးအစိုး ရအဖွဲ့က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ အထက် ရည်ညွှန်းပါ စာဖြင့် ညွှန်ကြားလာမှုနှင့် စပ် လျဉ်းပြီး သိရှိလိုက်နာ ဆောင်ရွက်နိုင်ပါရန်' ဟု ဖော်ပြပါရှိသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော် လက်မှတ်ရေးထိုးသော တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာနသို့ ပေးပို့သည့် ညွှန်ကြား ချက်တွင်လည်း '¤င်းတို့သတ်မှတ်ထားသော ရာထူးအဆင့်များအား ဖော်ပြခြင်းမပြုဘဲ အဖွဲ့တာဝန်ခံ(သို့မဟုတ်) ခေါင်းဆောင်ဟု သာ သုံးနှုန်းရန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ညွှန်ကြားထားကြောင်း'ဟု ဖော် ပြထားသည်။
''ပြည်ထောင်စုအဆင့် ကာကွယ် ရေးဦးစီးချုပ်ကနေ အဆင့်ဆင့် ညွှန်ကြားခဲ့ တာပါ။ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရှေ့က ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်စတဲ့ ရာထူးတွေအစား ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်လိုမျိုး ပြောင်းလဲခေါ်ဝေါ် ဖို့ ညွှန်ကြားတာပါ။ တိုင်းဒေသကြီး အစိုးရ ဆီကနေ ညွှန်ကြားတာပါ။ ကျွန်တော်တို့ ဝိုင်းပြီး ကန့်ကွက်ဖို့လုပ်နေပါတယ်။ အထူး သဖြင့် သတင်းမီဒီယာတွေအပေါ် ထိန်းသိမ်း ကြပ်မတ်ပေးရေးအတွက်ဆိုတဲ့ အသုံးအနှုန်း ကို လက်မခံနိုင်ပါဘူး''ဟု ဧရာဝတီတိုင်း ဒေသကြီး ဒေသခံသတင်းထောက် ကိုဆ လိုင်းသန့်စင်က ပြောပါသည်။
ယခုအခါ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ပုံနှိပ်နှင့် ရုပ်သံသတင်းသမား ပေါင်း ၂ဝကျော်တို့သည် ညွှန်ကြားချက် ပေး ပို့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ကန့်ကွက်လွှာပြန်ပို့ရန် ပြင်ဆင်နေကြသည်။
ကိုဆလိုင်းသန့်စင်က ''ဒီမှာက တိုင်းရင်းသားခေါင်းဆောင်တွေလဲ မရှိပါ ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်မှတ်မထိုး တဲ့သူနဲ့ ထိုးတဲ့သူတွေအကြားမှာ တစ်ခုခု ဝေဝေဝါးဝါး ဖြစ်သွားအောင် လုပ်တယ်လို့ ပဲမြင်ပါတယ်။ တိုင်းဒေသကြီး အစိုးရက တော့ အထက်ကညွှန်ကြားလို့ လုပ်ရတဲ့ သဘောပဲထင်ပါတယ်''ဟု ပြောပါသည်။
#YangonMediaGroup #FlowerNewsJournal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment