လေထုမငြိမ်သက်မှုကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့ နောက်သုံးရက်အတွင်း မိုးကြီးမည်
ရန်ကုန်၊ အောက်တိုဘာ ၆
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေထုမငြိမ်သက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ နောက်သုံးရက်အတွင်း မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါလေထုမငြိမ်မသက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မနှင့်အထက် ရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် တစ်လက်မခွဲနှင့်အထက် မိုးရွာသွန်းနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ပေါ်ရန် အလားအလာမြင့်တက်နေပြီး ယင်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံဆန်သောရာသီဥတု(Monsoonish Weather) ဖြစ်ပေါ်နေရာ ဒေသအချို့တွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် အထက်လေထုအတွင်း လေဝဲတစ်ခုဆက်လက်ဖြစ်ပေါ်နေပြီး လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်ခြေရှိ မရှိကို စောင့်ကြည့်လျက်ရှိကြောင်း၊ ယင်းလေဝဲအရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ရုတ်တရက်မိုးလေ၀သအခြေအနေဆိုးရွားစေနိုင်သည့် အပူပျံတက်တိမ်တိုက်ကြီးတစ်ခုဖြစ်ပေါ်နေရာ အောက်တိုဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ကျန်ဒေသအချို့တွင်လည်း မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဦးချစ်ကျော်က သုံးသပ်ပြောဆိုသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment