ပြောင်းလဲလာဖို့ကို ပြည်သူတွေအားလုံး လိုလားတယ် လက်ခံတယ် တောင့်တတယ် အကြီးမားဆုံးမျှော်လင့်ချက်တွေနဲ့ မျှော်လင့်နေကြတယ်..ပြောင်းလည်းပြောင်းလဲသင့်နေပြီ..ဒါကို ဒေါ်စုကလွဲပြီး ဘယ်သူမှမလုပ်ဆောင်နိုင်ဘူး..ဒါပေမယ့်လို့ ပြည်သူတွေအားလုံးက ဒေါ်စုကို လေးစားအားကျ တန်ဖိုးထားချစ်ကြပေမယ့် ပြည်သူတွေက မျက်စိမှိတ် ပုံအောပြီး ၁၀၀% မယုံကြည်ရဲကြတာလဲ.?ပြည်သူတွေရဲ့ စိတ်ထဲမှာ ဘာကြောင့် စိုးတထိတ်ထိတ်နဲ့ မချင့်မရဲဖြစ်နေကြတာလဲ? အဲ့ဒါရှင်းပါတယ်..ဘာကြောင့်သူ့ကို လေးစားအားကျပြီး ၁၀၀% မယုံကြည်ရဲကြတာလဲဆိုတာ အဲ့ဒါ သူ့ပါတီကြောင့်ပဲ..ဒေါ်စုကို ယုံကြည်ပေမယ့် သူ့ပါတီထဲက လူတွေကြောင့် ၁၀၀% မယုံကြည်ကြခြင်းဖြစ်ပါတယ်..သူ့ပါတီထဲက လူတွေဟာ ယခု အစိုးရတောင်မဖြစ်သေးဘူး အာဏာတောင်မရသေးဘူး အခုကစပြီး စားခွက်လုနေကြပြီ..တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးနေကြပြီး ရန်ဖြစ်ကြနဲ့ ကိုယ့်တဘို့တည်းသမားတွေက ခပ်များများ အာဏာပြချင်နေကြတယ်..ဒါကို ဒေါ်စုအရင်ဆုံးလုပ်ဆောင်ရမှာ..နိုင်ငံကို မအုပ်ချုပ်ခင် သူ့ပါတီကို နိုင်အောင်အရင်ဆုံးအုပ်ချုပ်ရမှာ..ပါတီထဲကလူကို သန့်အောင်ရှင်းထုတ်ရမှာ...ဒါမှ ပြည်သူတွေအားလုံး ၁၀၀% သူ့ကို ယုံကြည်မှုရှိမှာ..တစ်ခြားမပြောနဲ့ ဒီမိုးညှင်းမြို့မှာတောင် နေ့တိုင်းလိုလို ပါတီထဲမှာ ပါတီလူအချင်းချင်း ထိမ်းမနိုင်သိမ်းမနိုင် ဟန်တောင်မဆောင်နိုင်ပဲ နောင်ခြိမ် ချနေကြတာ တစ်မြို့လုံးအသိပဲ..ဘယ်လိုလို့ ယုံကြည်နိုင်မလဲ..
No comments:
Post a Comment