စီးပွားရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေမည့် Work Version ကို Full Edition အဖြစ် ဖြန့်ချိရန် Facebook စီစဉ်
Facebook ကုမ္ပဏီသည် ဇန်နဝါရီလ အတွင်းက စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဖြန့်ချိ ထားသော Facebook Work Version ကို Beta Edition အဖြစ်မှ Full Edition အဖြစ် ပြောင်းလဲဖြန့်ချိရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
Facebook Work Edition သည် စီးပွားရေး လုပ်ငန်းများတွင် သတင်း အချက်အလက် စီးဆင်းမှုနှင့် စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန် အထောက်အကူ ဖြစ်စေမည့် လုပ်ဆောင်ချက်များ ထည့်သွင်းထားပြီး စမ်းသပ် ဖြန့်ချိခဲ့ရာတွင် ထိပ်တန်း စီးပွားရေး လုပ်ငန်းများမှ လက်ခံ သုံးစွဲ ခဲ့ကြသည်။ ကုမ္ပဏီ ဝန်ထမ်းများကို Profile အပေါ် မူတည်၍ အသုံးပြုခွင့် ရသည့် လုပ်ဆောင်ချက်များ ကန့်သတ်ထားပြီး ကုမ္ပဏီနှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို Private Data အဖြစ် သိမ်းဆည်းပေးထားခြင်းကြောင့် လုံခြုံစိတ်ချရမှု အဆင့်မြင့်မားကြောင်း ဟန်နီကန် ကဲ့သို့ ကမ္ဘာကျော် ဘီယာကုမ္ပဏီမှ ထောက်ခံချက် ပေးထားသည်။ လက်ရှိတွင် ကမ္ဘာ အရပ်ရပ်၌ သုံးစွဲသူ ၁ ဒသမ ၄ ဘီလီယံကျော် ရှိနေပြီး နေ့စဉ်ပုံမှန် သုံးစွဲသူ ၉၄၈ သန်းကျော် ရှိနေခြင်းကြောင့် Facebook သည် စီးပွားရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေမည့် Work Version ကို ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ Facebook ၏ ပြိုင်ဘက် ကုမ္ပဏီများမှ ကုမ္ပဏီ၏ မူလ ရည်ရွယ်ချက်ဖြစ်သော လူမှုကွန်ရက် လမ်းကြောင်းမှ သွေဖည်ကာ စီးပွားရေးဆန်သည့် ဦးတည်ချက်သို့ ပြောင်းလဲခဲ့ခြင်းကြောင့် ပိုင်ဆိုင် ထားသော ဈေးကွက်ဝေစုများကို စွန့်လွှတ်ရဖွယ် ရှိကြောင်း ဝေဖန်ခဲ့ကြသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment