မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, September 2, 2015
ရွှေလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ရွှေလုပ်ငန်းရှင်များထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ အတင်း အကြပ်ကောက်ခံ
ရွှေလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ရွှေလုပ်ငန်းရှင်များထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ အတင်း အကြပ်ကောက်ခံ
2.9.2015
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စကားဝါရွှေမှော်သို့ သြဂုတ်လ ၂၇ ရက်နေ့တွင် KIA အဖွဲ့မှ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ရွှေလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ယင်းရွှေမှော် လုပ်သားများထံမှ သိရှိရသည်။
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါရွှေမှော်အတွင်းရှိ ရွှေတူးဖော်လုပ်ကိုင်နေသူများနှင့် ရွှေလုပ်ငန်းရှင် များအား KIA အဖွဲ့မှ သြဂုတ်လ ၂၇ ရက်နေ့တွင် (၁၀) မိုင်ကုန်းစခန်းသို့ ဆင့်ခေါ်ခဲ့ပြီး ရွှေမှော်လုပ်သား တစ်ဦးလျှင်ဆက်ကြေးငွေ ၁ သိန်း၊ ရွှေလုပ်ငန်းရှင်တစ်ဦးလျှင် ၃ သိန်း ပေးဆောင်ရန်နှင့် KIA အဖွဲ့အတွင်းသို့ ၀င်ရောက်ရန် စည်းရုံးခိုင်းခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ ရွှေလုပ်ငန်းရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါ သည်။
“ဒီရွှေမှော်မှာ လုပ်ကိုင်နေတာကြာပြီ၊ အခုလိုစခန်းကိုဆင့်ခေါ်ပြီး ဆက်ကြေးတောင်းတာမရှိဘူး၊ ရွှေလုပ်ငန်းရှင် တွေကို KIA အဖွဲ့ကနေ တောင်းတဲ့ငွေက များလွန်းတယ်၊ အခုအချိန်က မိုးတွင်းလည်းဖြစ်တယ်၊ တိုက်ပွဲတွေ ကလည်းဖြစ်နေတော့ လုပ်ငန်းတွေ အဆင်မပြေဖြစ်နေလို့ နောက်လမှယူပါလို့ ပြောပြခဲ့ပေမယ့် မရပါဘူး၊ တစ်ပတ်အတွင်း လာပေးရမယ်တဲ့၊ မပေးရင် ဖမ်းဆီးအရေးယူမယ်’’ ဟု ပြောကြားခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြပါသည်။
ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက် ရှိခြင်းကြောင့် ရွှေတူးဖော်သော လုပ်ငန်းရှင်များအနေဖြင့် အများအပြားပြန်လည် လုပ်ကိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီအချို့သာ ပြန်လည်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောပြပါသည်။
(ဇော်နောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment