Wednesday, September 2, 2015

UWSA “ ၀ ” အဖွဲ့မှ အစာရေစာဆင်းရဲမှုကြောင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင် ၂၀၀ ဦးအား ပြန်လည်ဖမ်းဆီး --------------------

UWSA “ ၀ ” အဖွဲ့မှ အစာရေစာဆင်းရဲမှုကြောင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင် ၂၀၀ ဦးအား ပြန်လည်ဖမ်းဆီး ------------------------------------------------------------------------------ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့နယ် အတွင်းသို့ UWSA “ ၀ ”အဖွဲ့မှ အစာရေစာ ဆင်းရဲမှုဒဏ် မခံနိုင်၍ ထွက်ပြေးလာကြသော တပ်ဖွဲ့ဝင် ၂၀၀ ဦးအား NDAA(မိုင်းလား)အဖွဲ့မှ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးပြီး UWSA “ ၀ ” အဖွဲ့ထံသို့ အတင်းအကြပ် ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါသည်။ “ ကျွန်တော်တို့အဖွဲ့တွေ ထွက်ပြေးလာတာ အများကြီးပါ၊ အဖွဲ့တွေခွဲပြီး ထွက်ပြေးလာကြတာပါ၊ စစ်သင်တန်းတွေ တက်ခိုင်းတယ်၊ အစားအသောက်လည်း အတော်လေးဆင်းရဲတယ်၊ မျှစ်ချိုးရတယ်၊ တောငှက်ပျောအူရှာရတယ်၊ ဒီလိုဆင်းရဲတဲ့ဒဏ်တွေကို ကျွန်တော်တို့မခံနိုင်ဘူး၊ ဇွန်လပိုင်းက အစိုးရနဲ့ စစ်ရေးတင်းမာမှု ဖြစ်တုန်းက လည်း၊ ထမင်း ၅ ရက်လောက် မစားရဘဲ အစိုးရစစ်ကြောင်းရှိရာကို ချီတက်ခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ ထွက်ပြေးလာကြတာ” ဟု ထွက်ပြေးလာသူ တစ်ဦးမှ ပြောပြပါသည်။ “ အခုထွက်ပြေးလာသူတွေကို NDAA(မိုင်းလား)အဖွဲ့ ကဖမ်းပြီး “ ၀ ” အဖွဲ့ဆီပြန်အပ်နေတယ်၊ ထွက်ပြေး လာသူတွေကလည်း ရှမ်းလူမျိုးအများစုပါ၊သူတို့အဖွဲ့ထဲကို ၅ နှစ် အမှုထမ်းရမယ်ဆိုပြီး အတင်းအဓမ္မဖမ်းဆီးသွားတဲ့ ကလေးတွေပါ၊ အခု ဒီကလေးတွေ ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်လေးတွေဖမ်းသွားကြတာ၊ အချို့ကလေးတွေဆို သူတို့အဖွဲ့မှာ တာဝန်ထမ်းဆောင်တာ ၁၀ နှစ် ၁၅ နှစ်ရှိနေပြီလေ၊ ဒီတော့ သူတို့ဘ၀အတွက် အာမခံချက်ဘာမှ မရှိဘူး၊ ဒါကြောင့် ထွက်ပြေးလာကြတာ” ဟု လွတ်မြောက်လာသူ လူငယ်တစ်ဦး၏ ဖခင်မှ ပြောကြားပါသည်။ UWSA “ ၀ ” အဖွဲ့သည် ဒေသခံရှမ်းလူမျိုးများအား အတင်းအဓမ္မဖမ်းဆီးကာ စစ်အင်အားတောင့်တင်းရေးအတွက် အသုံးချနေသော်လည်း “ ၀ ” တပ်ဖွဲ့အကြီးအကဲများ၏ မိသားစုများကိုမူ ထိုင်းနိုင်ငံတွင် နေထိုင်စေပြီး အစိုးရနှင့် စစ်ရေးတင်းမာပါက ဒေသခံရှမ်းများကိုသာ အသုံးချနေကြောင်း “ ၀ ” အဖွဲ့၏လုပ်ရပ်ကို ရှမ်းလူထုအနေဖြင့် ခေါင်းငုံ့ မခံဘဲ တွန်းလှန်သင့်ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးက ပြောပါသည်။ #ဆစ်ဟန် #Shan News

No comments: