Wednesday, September 2, 2015

တရုတ်နှင့် ကုလား မိဘများ၏ သား/သမီးများလည်း နိုင်ငံ့ခေါင်းဆောင် ဖြစ်သင့်ဟု NLD ပြော =====

တရုတ်နှင့် ကုလား မိဘများ၏ သား/သမီးများလည်း နိုင်ငံ့ခေါင်းဆောင် ဖြစ်သင့်ဟု NLD ပြော ==================================== တရုတ်၊ ကုလား နှင့် တခြားနိုင်ငံခြားသားမိဘများ၏ သား/သမီးများလည်းအား နိုင်ငံခေါင်းဆောင် လွှတ်တော်အမတ်များ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။ "နိုင်ငံကိုဦးဆောင်မယ့် လွှတ်တော်အမတ် ဆိုပေမယ့် မိဘတွေ နိုင်ငံသားမဖြစ်လည်း ကိစ္စမရှိပါဘူး။ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်" လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် နိုင်ငံသားခံယူထားသူ တရုတ်နှင့် ကုလားမိဘများရဲ့ သားသမီးများလည်း ကျန်မြန်မာများနဲ့ တန်းတူအခွင့်အရေး ရသင့်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။ source : http://www.myanmarexpress.net/2015/09/nld_2.html

No comments: