Wednesday, September 2, 2015

လိုင်ဇာမှာ HIV/AIDS ရောဂါကြောင့် သေဆုံးသူများ =================================

လိုင်ဇာမှာ HIV/AIDS ရောဂါကြောင့် သေဆုံးသူများ ========================================= 1, September, 2015 By Kachin People လိုင်ဇာဒေသရှိ ဂျောရမ်၊ ၀မ်ချောင်၊ ဖလိုရှောင် စစ်ဘေးရှောင်စခန်းများရှိ စခန်း(၃)ခုပေါင်း လူဦးရေ တစ်သောင်းခွဲ၊ နှစ်သောင်းကျော်လောက်ရှိတဲ့အနက် ယခင်က HIV ကူးစက်ခံရသူ အယောက် (၅၀၀) ကျော်ရှိတယ်လို့ မေတ္တာဖောင်ဒေးရှင်း၏စီမံချက်ညှိနှိုင်းရေးမှူးက ပြောကြား ထားပါတယ်။ ယခု ၎င်းစခန်းတွေမှာ အဲ့ဒီရောဂါနဲ့ပဲ သေဆုံးနေတာ ၅၀ ကျော်သွားပြီလို့ သိရှိရပါတယ်။ နောက်ထပ်ကူးစက်ခံရသူတွေနှင့် ထပ်ပေါင်းရောက်ရှိလာသူတွေကြောင့် လူ(၇၀၀)နီးပါး ကူးစက် ခံရပြီး သီးခြားအဆောင်တွေနဲ့ ထားထားတယ်လို့ သိရပါတယ်။ အခုလို ခွဲခြားဆက်ဆံတာကြောင့် လူနာတွေမှာ စိတ်ရောဂါတွေပါ ပူတွဲခံစားနေရတယ်လို့ ဆိုပါတယ်။ မနှစ်ကတော့ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရောဂါကူးစက်နိုင်တဲ့ ဟောပြောမှုတွေ လုပ်ဆောင် နေပေမယ့်လည်း လိမ်ပိုင်းဆိုင်ရာတွေနဲ့ လူကုန်ကူးမှုတွေကြောင့် ရောဂါပြန့်ပွားလျှက်ရှိတယ်လို့ သိရှိရပါတယ်။

No comments: