Thursday, September 17, 2015

ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးထိခိုက် ဒဏ်ရာရရှိ

ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးထိခိုက် ဒဏ်ရာရရှိ

နေပြည်တော် ၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ၊ အလယ်တောရပ်ကွက်နေ ဦးဝင်းဗိုလ် ၅၀ နှစ်(ဘ) ဦးကျော်လှနှင့် ဦးအောင်ဆန်း ၄၂ နှစ်(ဘ) ဦးစိမ်းမောင်၊ စိမ်းမြောက်ရပ်ကွက်နေ ဦးသောင်းမြင့် ၄၁ နှစ်(ဘ) ဦးကျော်လှတို့သည် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲချိန်ခန့်က နမ္မချီမှော်တွင် ရေမဆေးကျောက်များ ရှာဖွေရန် သွားရောက်စဉ် ဒေသအခေါ် ၀ါလာဆားကျင်းမှော်အနီးသို့ အရောက်၌ ဦးဝင်းဗိုလ်က ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံး အားနင်းမိပေါက်ကွဲခဲ့သည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးဝင်းဗိုလ်သည် နေရာ၌ပင်သေဆုံးခဲ့ပြီး အတူလိုက်ပါလာသည့် ဦးသောင်းမြင့် သည် ညာလက်ဖျံ၊ လက်မောင်း၊ ညာဘက်ညှပ်ရိုးနှင့် ပခုံးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ မိုးညှင်းမြို့ နယ်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့် ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: